Part-17🌻

990 52 0
                                    


ကိစ္စတြွေဖစ်ပြီး တစ်ပတ်ကြာသည်အထိ ကိုကိုက သူ့ကိုရှက်လို့ကောင်းတုန်း၊ တစ်ခြားအချိန်တွေဆို မသိသာပေမယ့် ညအိပ်ရာဝင်ခါနီးတိုင်း ခါတိုင်းလိုဖက်ပြီး နမ်းတာတောင် ရင်ခွင်ထဲမှာမျက်နှာကြီးနီရဲပြီး တောင့်တောင့်လေးဖြစ်ဖြစ်သွားတတ်တာ။တစ်ကယ်ပါ သူ့ကိုကိုက အရိုင်းတုံးလေ။

လက်ထပ်ပွဲကလည်း သိပ်မလိုတော့တာမို့ ရိပေါ်မှာစိတ်လှုပ်ရှားနေရပြီ။ ပွဲက အရမ်းကြီးအကြီးအကျယ်မဟုတ်တာမို့ ခင်မင်တဲ့သူအနည်းအကျည်းသာဖိတ်ဖို့ စဉ်းစားထားတယ်။
ဒါကြောင့်မို့လည်း ရိပေါ်ရဲ့ Fan club ကအခုထိမသိသေးတာ။

ရိပေါ်အတွက်ကတော့ ဖြစ်လာမယ့်ကိစ္စတွေကို ကြိုတွေးပြီး ပူမနေတတ်ဘူး။ တစ်လောကလုံးကဝေဖန်ပြီး အပြစ်ပြောနေရင်တောင် ရိပေါ်သူ့ကိုဘဲ ရွေးချယ်မှာ။ သူ့ကိုရွေးချယ်ရလို့ ကိုယ့်အတွက် ဆုံးရှုံးမှု့တွေ ရှိလာခဲ့ရင်တောင် ဘယ်တော့မှ နောင်တရမှာမဟုတ်ဘူး။

ရိပေါ်ကိုယ့်ကိုယ်ကို ယုံတယ်။ ကိုယ့်ကိုယ်ကိုဆိုတာထက် ကိုကိုအပေါ်ထားတဲ့သူ့ရဲ့အချစ်ကိုယုံတာ။ မကြာခင်ပိုင်ဆိုင်ရမယ့် လူသားမှန်းသိပေမယ့် အခုရက်ပိုင်းမှာ အရမ်းကြီးဝေးနေသလိုခံစားနေရတယ်။

မင်္ဂလာဆောင်ခါနီး ရိပေါ်ဘာအမှားအယွင်းမှမဖြစ်အောင်နေတယ်၊ တစ်စိတ်ကိုတစ်အိတ်လုပ်ပြောတတ်တဲ့လူတွေက သိပ်​ကြောက်ဖို့ကောင်းတာမို့။ ရိပေါ်အခုလက်ရှိမန်နေဂျာမှာ မိသားစုကိစ္စကြောင့်ခွင့်ယူထားရတာမို့ လင်းမိန့်က အခုသူ့ရဲ့ ယာယီမန်နေဂျာဖြစ်နေတယ်။

လင်းမိန့်ဘက်က ဘာစိတ်မှမရှိပေမယ့် ပွဲတွေမှာဆို တစ်ချို့တွေက မသိမသာတစ်မျိုး၊ သိသိသာသာတစ်မျိုး ဓာတ်ပုံတွေရိုက်ပြီး ထင်ကြေးပေးနေကြပြန်သည်။ ကိုကိုက သူ့ကိုယုံတာသိပေမယ့် ဘာမဟုတ်တဲ့ ကိစ္စလေး
ကြောင့် စိတ်အနှောင့်အယှက်မဖြစ်စေချင်ဘူး။

နောက်ပြီး လင်းမိန့်ကလည်း သာမာန်အသိုင်းအဝိုင်းက မိန်းကလေးမဟုတ်တော့ အလကားသတင်းလေးတစ်ပုဒ်အတွက်နဲ့ နာမည်ပျက်မှာမျိုး မဖြစ်စေချင်ဘူး။

Infinity...(Complete)Where stories live. Discover now