Part-13🌻

880 52 0
                                    

အလုပ်ပိတ်ရက်ဖြစ်သော်လည်း ရှောင်ကျန့်မှာ
မနားရ၊ ပြောပါတယ် လီလီတို့ ကုမ္ပဏီက အရမ်းဖိအားများပါတယ်လို့၊ အခုလည်းကြည့် သူများမပေးချင်တဲ့ ဟိုက်ဝေးလမ်းဘေးက မြေကွက်ကို အတင်းဖယ်ခိုင်းပြီး အဆင့်မြင့်အိမ်ယာမြေဆောက်ချင်တယ်တဲ့လေ။

အဲ့ဒါကြောင့်ဘဲ တစ်ဖက်ကရောင်းသူနဲ့ဈေးညှိဖို့ လီလီနှင့်သူ ကော်ဖီဆိုင်ကိုရောက်နေခဲ့ပြီ၊ အချိန်တော်တော်ကြာ ညှိယူလိုက်ရတဲ့ စကားပွဲမှာ အချိန်ကုန်ရကျိုးနပ်အောင်တော့ ပြေလည်ခဲ့ပါတယ်။

ရောင်းသူထွက်သွားပြီး အချိန်တော်တော်ကြာသည်ထိ သူတို့နှစ်ယောက်၏ ဆွေးနွေးပွဲက,မပြီးသေး၊ ဒီဇိုင်းပိုင်းကို ရှောင်ကျန့်အပေါ်အကုန်အပ်ထားပြီး ချေးများနေသော သူမကြောင့် ရှောင်ကျန့် အသက်ပင်ထွက်ချင်လာသည်။

အပျိုကြီးပီသစွာ ဇီဇာကြောင်လွန်းသော သူမကို ရှောင်ကျန့်သာ အလံဖြူပြပြီး ကော်ဖီအမြန်သောက်ကာ ဆိုင်ထဲမြှပန်ထွက်လာခဲ့သည်၊
လီလီကတော့ သူ့ကိုမစောင့်ဘဲထွက်သွားလို့ဆိုပြီး အပြေးလိုက်လာလေရဲ့။

အပြေးကောင်းခြင်း၏ အကျိုးဆက်ကတော့ ခြေထောက်ခေါက်ပြီး လဲကျပြန်တော့သည်၊ တော်သေးတာပေါ့ သူအမြန်ထိန်းလိုက်လို့၊ မဟုတ်ရင် ဒီအပျိုကြီး အရှက်ကွဲပြီ၊ ရှောင်ကျန့်လဲ သူမကိုတွဲပြီး ကားဆီသို့သာ လာခဲ့လိုက်တယ်။

ဆေးခန်းပို့ပေးပြီး အိမ်ပြန်လာတော့ အချိန်က ညနေပင်ရောက်နေလေပြီ၊ ချစ်ရသူအတွက် ညစာချက်ပေးဖို့ ကုန်တိုက်မှ ပစ္စည်းတစ်ချို့ဝယ်ကာ အိမ်သို့အပြေးပြန်လာခဲ့လိုက်တယ်၊ စိတ်ကောက်မနေဖို့ ဆုတောင်းရင်းနဲ့။

ရှောင်ကျန့်အိမ်ပြန်ရောက်တော့ ရိပေါ်လည်းမရှိတာကြောင့် ရေချိုးပြီးတာနဲ့ ညစာအမှီချက်ပြီး အိမ်ဉီးနတ်လေးပြန်အလာကို စောင့်နေလိုက်တယ်။

~~~~~~~~~~~~

နေ့လည်ကတွေ့လိုက်တဲ့ ကိုကိုနဲ့ ကောင်မလေးတစ်ယောက်ရဲ့ပုံစံကို ရိပေါ်အခုထိမျက်လုံးထဲကမထွက်နိုင်သေး၊ စိတ်ရှုပ်နေရတဲ့ကြားထဲ လက်ထောက်မန်နေဂျာဆိုတဲ့သူကြောင့် ပိုပြီးစိတ်ရှုပ်ရပြန်တယ်၊ တစ်ကယ်ပါ ရိပေါ်တစ်စိမ်းမိန်းကလေးတွေနဲ့ မပတ်သက်ချင်ပါ၊ အန္တရာယ်များတယ်လို့ ခံစားရလို့။

Infinity...(Complete)Where stories live. Discover now