Part-6(Uni)

36.1K 2.3K 107
                                    


"ခေတ် ငါမနက်စာပြင်ထားတယ်...
တခါတည်းစားသွား..."

"မစားတော့ဘူး...
အစည်းအဝေးရှိလို့သွားတော့မယ်..."

ခေတ်က အင်္ကျီကိုသေချာပြင်ဝတ်ကာ ပြောလာသည်။ ဆံပင်ကိုလည်းဖီးလိမ်းထားသည်မှာ မင်းသားရှုံးလောက်သည်။ ဆံပင်ကိုသေသေသပ်သပ်လှန်တင်ထားတာကြောင့် ခေတ်ကအရင်ကထက်ပိုပြီးရှင်းသန့်နေသည်။

ကိုယ့်ယောက်ျားကိုကြည့်ပြီး ခန့်မှာကြည့်မဝဖြစ်နေရသည်။

"ကော်ဖီကိုလည်းမင်းအကြိုက်ခါးခါးလေးဖျော်ထားတယ် ပေါင်မုန့်ကြက်ဥကြော်လည်းကြော်ထားတယ်...
ငါစိတ်ကျေနပ်အောင်စားသွားပါလား..."

"ငါနောက်ကျနေပြီ ခန့်...
ပြီးတော့ မင်းရဲ့ပေါင်မုန့်ကြော်ကတူးခါးနေတာငါဘယ်လိုစားရမှာလဲ?..."

"အခုမခါးတော့ဘူး ငါသေချာကြော်ထားတာ...
ပြီးတော့ ငါနေနေတို့ဆီကသေချာသင်ထားတာပါ.."

"အချိန်မရှိတော့ဘူး ခန့်...
ငါသွားတော့မယ်..."

ခေတ်က လက်ဆွဲအိတ်ကိုယူပြီး အခန်းထဲကထွက်သည်။ ခန့်လည်းခေတ်အနောက်ကနေလိုက်လာသည်။

"ခေတ် ကော်ဖီဖြစ်ဖြစ်သောက်သွားကွာ..."

"အချိန်မရဘူး..."

"အဲ့တာဆို ငါ့ကိုလည်းခေါ်သွား...
ငါ့ဆိုင်က မင်းတို့companyနဲ့နီးနီးလေးပဲဟာ.."

"အချိန်မရဘူး ခန့်...
ငါအစည်းအဝေးနောက်ကျနေပြီ..."

ခန့်ကိုမခေါ်ဘဲ ခေတ်ကအိမ်ထဲကထွက်ဖို့ပြင်သည်။

"ရတယ် မင်းအရေးကြီးရင်လည်းသွားတော့...
ငါနှိုင်းကိုပဲဝင်ကြိုခိုင်းလိုက်မယ်..."

ခန့်ပြောလိုက်သည်နှင့် မျက်မှောင်ကုတ်ပြီးလှည့်ကြည့်လာသည့်ခေတ်...

"အချိန်၅မိနစ်ပေးမယ်...
မြန်မြန်ထွက်လာခဲ့..."

"၅မိနစ်နဲ့ဘယ်လိုလုပ်ပြီးမှာလဲ...."

"ထပ်မကြားချင်ဘူး မြန်မြန်လာခဲ့..."

"ပြီးရော ပြီးရော..."

ခန့် အဝတ်အစားလဲပြီးသားဖြစ်တာမို့ ဖုန်းနဲ့ပိုက်ဆံအိတ်ကိုအမြန်ယူရန် အပေါ်ကိုအမြန်တက်လိုက်သည်။ ပြီးသည်နှင့် အမြန်ဆင်းလာလိုက်ပြီး မနက်စာမစားရသေးသည့်လင်တော်မောင်အတွက် လုပ်ထားသည့် ပေါင်မုန့်ကြက်ဥကြော်ကိုဘူးတစ်ဘူးထဲထည့်လိုက်ပြီးမှသာ ထွက်လာလိုက်သည်။

Bittersweet Love (ခ်ိဳခ်ိဳခါးခါးအခ်စ္) (Completed)Where stories live. Discover now