Part-18

11.4K 440 31
                                    


      အာကာ မေ့လဲသွားတဲ့နှိုင်းကိုချီပြီး နှိုင်းအခန်းဟုထင်ရသည့်အခန်းတစ်ခန်းထဲဝင်ကာ နှိုင်းကိုကုတင်ပေါ်ချပေးလိုက်သည်။ အသက်ရှူမရှူသိချင်တာကြောင့် နှိုင်းရဲ့ရင်ဘက်နား နားကပ်ကာနှလုံးခုန်သံကိုနားထောင်ကြည့်လိုက်သည်။ အိမ်နေရင်းပုဆိုးတစ်ထည်နဲ့တီရှပ်အဖြူကိုဝတ်ထားသည့်အနှိုင်းမဲ့က သပ်ရပ်ပြီး ခန့်လွန်းသည်။

နှလုံးခုန်သံကိုကြားရပေမယ့်လည်း အာကာတယောက်နှိုင်းရင်ဘက်မှာကပ်ထားတဲ့မျက်နှာကိုမခွာသေးဘဲ ရှင်းသန့်တဲ့နှိုင်းရဲ့မျက်နှာကိုသေချာကြည့်နေမိသည်။

ကြည့်နေရင်း ခေါင်းထဲဝင်လာသည်က သူအနှိုင်းမဲ့ကိုဒီလိုကြီးထားလို့ဖြစ်ပါ့မလား...
ဆရာဝန်ခေါ်လိုက်ရင်ကောင်းမလား...
ဆရာဝန်ခေါ်လိုက်ရင် နှိုင်းကစိတ်ဆိုးမလား...

နှိုင်းအခန်းထဲခေါက်တုံ့ခေါက်ပြန်လျှောက်ကာ အာကာတစ်ယောက်အလုပ်ရှုပ်နေသည်။

စားပွဲပေါ်တင်ထားတဲ့နှိုင်းဖုန်းဆီအကြည့်ရောက်တော့ ဖုန်းကိုဖွင့်ကြည့်ချင်တဲ့စိတ်ကတဖွားဖွားဖြစ်လာတာကြောင့် အာကာ နှိုင်းဖုန်းကိုကောက်ယူလိုက်သည်။ ဖွင့်ကြည့်လိုက်တော့ နှိုင်းကဘာမှမခံထားတာကြောင့် အလွယ်တကူဖွင့်လို့ရသွားသည်။

နှိုင်းကရိုးရိုးရှင်းရှင်းကြိုက်တာလား...

နှိုင်းကိုကြည့်လိုက်တော့လည်း အိပ်ပျော်နေတာလား မေ့နေတာလားဆိုတာမသဲကွဲ...

contantsထဲဝင်ကြည့်တော့ 'Khant´ဆိုပြီးမှတ်ထားတာတွေ့ရတာကြောင့် အာကာအရဲစွန့်ပြီးခေါ်လိုက်သည်။

စိတ်ထဲမှလည်း...

'ငါမင်းအတွက်ကြိုးစားပေးနေတာနော် ခေတ်...
ငါ့အလှည့်ကျမကူညီလို့ကတော့ နာမယ်မှတ်...´ ဆိုပြီး ခေတ်ကိုကြိမ်းနေသည်။

"Hello!..."

ဖုန်းခေါ်ပြီးမကြာဘူး ကိုင်လာတာကြောင့် အာကာအပျော်ကြီးပျော်သွားသည်။

"Hello! နှိုင်း မအိပ်သေးဘူးလား..."

"ဟုတ်..."

"ညဥ့်နက်နေပြီကို ဘာဖြစ်လို့လဲ? နှိုင်း...
ပြောတော့ ပင်ပန်းလို့အိပ်တော့မယ်ဆို...
အိပ်မပျော်လို့လား..."

Bittersweet Love (ချိုချိုခါးခါးအချစ်) (Completed)Where stories live. Discover now