Part-11(Uni)

35.7K 2.1K 118
                                    


       ဘုန်းနေတခေတ်က တံခါးကိုဆောင့်ပိတ်သွားတာကြောင့် နှိုင်းဘယ်သွားလို့သွားရမလဲမသိတော့။

"အဲ့တာဘယ်လဲ?..."

"ဘုန်းနေတခေတ်ကို ပြန်ခိုင်းမို့..."

အာကာလက်ထဲကသူ့လက်ကိုရုန်းပြီး ထွက်သွားဖို့ဟန်ပြင်နေတာကြောင့် အာကာအတင်းဆွဲထားလိုက်သည်။

"အားကြီးကြီးပြန်ပါလိမ့်မယ်..."

"သူမပြန်ရင် ငါကဘယ်မှာသွားအိပ်ရမှာလဲ?..."

"ကျုပ်နဲ့အိပ်ပေါ့..."

"မင်းဘာစကားပြောတာလဲ?..."

ချက်ချင်းပင်လှည့်ပြီး အာကာ့အင်္ကျီကော်လံစကိုဆွဲတာကြောင့် အာကာရယ်လိုက်သည်။

"ခင်ဗျားသွားစရာမှမရှိတာ...
ကျွန်တော်တို့ကစေတနာနဲ့ပြောပြတာ..."

"ဟုတ်ပါတယ် နှိုင်းရာ...
နှိုင်း ကျွန်တော်တို့နဲ့လိုက်ခဲ့ပေါ့..."

ဇွဲကိုဝင်ပြောမှ နှိုင်းကသူ့အင်္ကျီကိုလွှတ်ပေးသည်။

"မင်းတို့၂ယောက်ခန်းမလား..."

"တစ်ယောက်တစ်ခန်းနေတာ..."

"ကျစ် အဲ့တာဆို ဇွဲကိုငါမင်းနဲ့လိုက်နေမယ်...
မင်းအခန်းကဘယ်မှာလဲ?..."

ဇွဲကိုနဲ့လိုက်နေမယ်ပြောတာကြောင့်အာကာ့မျက်နှာပျက်သွားသည်။

"ကျွန်တော့်အခန်းက ဟို ဒီဘက်အခန်းပါ..."

ဇွဲကိုရဲ့စကားဆုံးသည်နှင့် အာကာ့အကြည့်တွေက နှိုင်းဆီမှာ....

"သော့ပေး..."

ဇွဲကိုလည်း အယောင်ယောင်အနနဲ့နှိုင်းကိုသော့ပေးလိုက်သည်။ သော့လက်ထဲရောက်သည်နှင့် နှိုင်းကအခန်းဆီကိုဦးတည်ပြီးသွားနေသည်။

"ရော့ မင်းခေတ်ရဲ့အခန်းမှာသွားအိပ်ချည်...."

"ဖြစ်ပါ့မလားကွာ...
ဟိုကစိတ်ကကြီးကြီးနဲ့..."

"ဖြစ်တယ် မင်းသာငြိမ်ငြိမ်နေ..."

"မင်းသူ့ကိုဘာလုပ်မလို့လဲ?...
မင်းပုံစံကြည့်ရတာ မရိုးသားဘူး..."

"ငါကသူ့ကိုဘာလုပ်လို့ရမှာလဲ? ဟင်းဟင်း..."

အာကာရဲ့ရယ်သံကြီးကြောင့် ဇွဲကိုကြက်သီးတောင်ထသွားသည်။ ဘောင်းဘီအိတ်ကပ်ထဲထည့်ပြီး နှိုင်းဝင်သွားတဲ့အခန်းဆီတန်းနေအောင်ဝင်သွားတဲ့အာကာကိုကြည့်ပြီး ဇွဲကိုခေါင်းခါမိသည်။ ဒီကောင်ဘယ်လိုမွှေဦးမလဲမသိဘူး...

Bittersweet Love (ခ်ိဳခ်ိဳခါးခါးအခ်စ္) (Completed)Where stories live. Discover now