Part-19(Uni)

34K 2.1K 291
                                    


"မနက်ဖြန်မှဆက်ဆော့တာပေါ့..."

"ဟုတ် အကိုကြီး မနက်ဖြန်မှသားတို့လာခဲ့မယ်..."

"ရော မင်းတို့အရုပ်တွေ..."

ဒိုးလေးတို့ညီအစ်ကိုဆီ ရွှံ့ရုပ်လေးတွေပေးလိုက်ပြီး ခြံထဲဝင်လာခဲ့သည်။ ရွှံ့တွေနဲ့ဆော့လာတာကြောင့် ခန့်တကိုယ်လုံးညစ်ပတ်နေသည်။ 

"သားခန့် ရွှံ့တွေနဲ့ပါလား မကြီးမငယ်နဲ့ကလေးတွေဆော့လာပြန်ပြီလား..."

"ဟီး ပျင်းလို့ပါ ခဏလေးသွားဆော့တာ..."

"သားခန့်ကတော့လေ ကဲ ကဲ ရေမြန်မြန်လေးချိုးလိုက်.."

"ဟုတ် ကြီးမေ..."

ခန့် ကြီးမေကိုနှုတ်ဆက်ပြီး တန်းမှာချိတ်ထားသည့် ရေလဲပုဆိုးတစ်ထည်ယူကာ ရေချိုးဖို့ပြင်လိုက်သည်။ ရွှံ့တွေနဲ့ဆိုတော့ ဆပ်ပြာတော့အတော်တိုက်ရမည်။

ကိုယ့်စိတ်ကူးနဲ့ကိုယ်ဆပ်ပြာခွက်ဘေးချပြီး ရေကိုအမြန်လောင်းလိုက်သည်။ ရေအိုးတွေအနားဆောင့်ကြောင့်ထိုင်လိုက်ပြီး တက်နေတဲ့ဂျီးတွေကိုတွန်းလိုက်သည်။

"တီ! တီ!..."

ကားဟွန်းတီးသံကြားရတာကြောင့် ရေချိုးလျက်ကနေ ခန့် ခြံအပြင်ဘက်ကိုလှည့်ကြည့်လိုက်သည်။
ခြံရှေ့ကကားကိုသူရင်းရင်းနှီးနှီးမြင်ဖူးနေသည်။

ခန့်ကြည့်နေရင်း ကားက မြတ်မင်းတို့ခြံတံခါးရှေ့ရပ်သွားသည်။ တဖြည်းဖြည်းကားမှန်ချလိုက်တာကြောင့် မြင်လိုက်ရတဲ့မျက်နှာကြောင့် ခန့်လက်ထဲကရေခွက်ပင်အောက်ပြုတ်ကျသွားသည်။ ခန့်နှုတ်မှရေရွတ်မိသည်က...

"ခေတ်..." ဟူ၍...

"ခန့်..."

ခေတ်ကလည်း ခန့်ကိုတွေ့သည့်ထင် ခြံရှေ့ကနေလှမ်းခေါ်သည်။ ခန့် ပြေးသွားလိုက်ချင်ပေမယ့်လည်း မာနကတင်းခံထားတာကြောင့် မသွားဘဲ ရေဆက်ချိုးနေလိုက်သည်။

"ခန့် ခေါ်နေတယ်မဟုတ်ဘူးလား...."

ခန့်မကြားချင်ယောင်ဆောင်လိုက်ပြီး ရေအမြန်ချိုးလိုက်သည်။ ပြီးသည်နှင့် ရေလဲပုဆိုးအမြန်လဲပြီး အိမ်ထဲဝင်ဖို့ပြင်သည်။

Bittersweet Love (ခ်ိဳခ်ိဳခါးခါးအခ်စ္) (Completed)Место, где живут истории. Откройте их для себя