Part-13(Uni)

31.1K 2K 83
                                    


         လူရှင်းသည့်ပန်းခြံတစ်ခုမှာ ခန့်ထိုင်နေတာအတော်ကြာပြီ။ ညနေစောင်းလာတာကြောင့် ခန့်ဆက်မထိုင်တော့ဘဲ ပြန်လာခဲ့သည်။ အိမ်ကိုလည်းမပြန်ချင်သေးတာကြောင့် ရောက်ရာပေါက်ရာထွက်လာခဲ့သည်။ ဗိုက်ဆာတာကြောင့် ပေါက်စီ၂လုံးဝယ်ကာကိုက်လာလိုက်သည်။ ရေဆာတာကြောင့် စတိုးဆိုင်တစ်ခုရေဝင်ဝယ်သည်။ ထိုဆိုင်နားကအုတ်ခုံမှာပဲ ထိုင်ပြီးရေသောက်နေလိုက်သည်။

"ဘုန်း!..."

"ဟဲ့ နင်တို့လူတစ်ယောက်လုံးလာတာမမြင်ဘူးလား..."

ခန့် ဆူညံဆူညံအသံတွေကိုကြားရတာကြောင့် လှည့်ကြည့်လိုက်တော့ ယောက်ျားလေးသုံးလေးယောက်နဲ့အသက်ကြီးကြိးအမျိုးသမီးတစ်ယောက်ကိုတွေ့ရလေသည်။ အသွားအလာနည်းနည်းရှုပ်တာကြောင့် ဝင်တိုက်မိကြသည်ထင်။

"ဘယ်သူကဝင်တိုက်တာလဲ? အသိသာကြီးကို...
အဒေါ်ကြီးအရင်ဝင်တိုက်တာလေ..."

"ဘာ!...
နင်တို့ဘာသာအကန်းလျှောက်လျှောက်လာတာလေ..."

"ကျွန်တော်တို့ကအကန်းလျှောက်လျှောက်လာတာ အဒေါ်ကြီးသာတုံချိချိနဲ့လျှောက်လာတာ..."

"အောင်မာ မိမဆုံးဖမဆုံးမသားတွေ...
လူကြီးကိုလူကြီးမှန်းမသိ ရိုင်းစိုင်းလိုက်တာ..."

"ဒီအဖွားကြီးကတော့..."

"ဟေ့ ဟေ့ မင်းတို့ကိုယ်လမ်းကိုယ်သွားကြ...
အဒေါ်ကမမြင်လို့ဝင်တိုက်မိတာနေမှာပါ သွားကြ သွားကြ..."

အခြေအနေကရုတ်ရုတ်ဖြစ်လာသည်မို့ ခန့်ကကြားထဲဝင်ပြီးပြောလိုက်သည်။ ခန့်ပြောလိုက်တော့ ကောင်လေးတွေလည်းထွက်သွားကြသည်။

"မိမဆုံးမ ဖမဆုံးမလေးတွေ...
ဟဲ့ ကောင်လေး နင့်ရေဘူးငါ့ကိုတိုက်စမ်း..."

"သြော် ဟုတ်..."

ခန့်ဆီကရေဘူးလှမ်းတောင်းတာကြောင့် ခန့လည်းရေဘူးကမ်းပေးလိုက်သည်။

"နင့်လက်ထဲကပေါက်စီလား..."

"သြော် ဟုတ် အဒေါ်စားချင်လို့လား..."

"အေး ပေးစမ်း..."

ထိုအဒေါ်ရဲ့စကားကနည်းနည်းအထက်စီးဆန်ပေးမယ့်လည်း ခန့်သည်းခံပြီး လက်ထဲကပေါက်စီကိုပေးလိုက်သည်။ ပေါက်စီတစ်လုံးကို ထိုအဒေါ်က၂ကိုက်လောက်ပဲကိုက်ကာစားနေတာကြောင့် ခန့်နည်းနည်းလေးတော့ကြောင်သွားသည်။
ဒီအဒေါ်ကဘာကြီးလဲ?.....

Bittersweet Love (ခ်ိဳခ်ိဳခါးခါးအခ်စ္) (Completed)Where stories live. Discover now