Part-40(Uni)

29.8K 1.8K 258
                                    


       နှစ်ခေတ်ကိုပေါင်ပေါ်တင်ပြီး ခေတ်နဲ့ခန့်ကိုအကဲခတ်နေတာ ရောက်ကတည်းကပင်။ ခေတ်ကသူနဲ့စကားပြောနေပေမယ့် ခန့်ကတော့ သူတို့စကားဝိုင်းမှာဘာမှဝင်မပြောဘဲ တဖက်ကိုလှည့်နေသည်။

"ခေတ် မင်းတို့ရန်ဖြစ်ထားတာလား..."

ဇွဲကိုအနားကပ်ပြီးတိုးတိုးမေးလိုက်တော့ ခေတ်ကခေါင်းညိတ်ပြသည်။

"ဖေဆိုးရာ...
ရက်သောက်ရယ် ပါးကချိတ်ချိုးရော..."

"Ħဟင်..."

ဇွဲကိုပေါင်ပေါ်ကနေ သားကထအော်တာကြောင့် အတွေးလွန်နေတဲ့ခန့်တောင်လန့်သွားသည်။ ဇွဲကိုလည်း နှစ်ခေတ်ရဲ့စကားကိုမနည်းစဉ်းစားပြီး အဓိပ္ပါယ်သိသည့်နောက်ရယ်လိုက်သည်။ ခေတ်ကလည်း ရှက်ကိုးရှက်ကန်းနဲ့ ဂုတ်ကိုပွတ်နေသည်။

"သာ လူကြီးတွေစကားပြောနေရင်ဝင်မပြောရဘူးလေ..."

"ပါးကရဲ..."

"နေပါစေကွာ...
ဦးဇွဲကနားမလည်လို့ဦးဇွဲကိုရှင်းပြပါဦး...
နှစ်ခေတ်ရဲ့ဖေဖေနဲ့ပါပါးကဘာလို့ရန်ဖြစ်ကြတာလဲ?..."

"အင်..."

ပြောသင့်မပြောသင့်ကို သူ့ပါပါးမျက်နှာကိုကြည့်နေသည့်ခေတ်သစ်ဘုန်း...

"ပြောပါ နှစ်ခေတ်ရ...
မင်းပါပါးမဆူပါဘူး..."

"အင် ဦးဇွဲတို့ဖေ့ကိုရက်တိုက်ပါနဲ့...
ဖေကရက်သောက်ရာရင် ပါပါးကိုကိုက်ရာ..."

"ဟမ်!...
ဘယ်ကိုကိုက်တာလဲကွ...
မင်းဖေဖေကထူးထူးဆန်းဆန်းကိုက်တယ်ဆိုတော့..."

"ဒီနားကို နခမ်းကိုကိုက်ရာ...
ပီးတော့ ပီးတော့ ပါးကိုတိုနဲ့ဖိထားရယ်..."

"သား..."

နှုတ်ခမ်းလေးကိုလက်နဲ့ထိပြပြီး ခေတ်လေးရဲ့စကားကြောင့် ခန့်မျက်နှာတစ်ခုလုံးပန်းရောင်သမ်းလာသည်။ ခေတ်ကလည်း လည်ဂုတ်ကိုပွတ်နေသည်မှာ လည်တိုင်တစ်ခုလုံးရဲနေသည်။

"ဟုတ်လား မင်းဖေဖေတော်တော်ဆိုးတာပဲကွ..."

"ဆိုးရယ် ဆိုးရယ်..
ဦးဇွဲတို့ဖေ့ကိုရက်မတိုက်ပါနဲ့နော်...."

"ဟက်! ဟုတ်ပါပြီကွာ မတိုက်ပါဘူး...
မင်းဖေဖေကဒီယုန်မြင်လိုဒီခြုံထွင်ချင်တာဆိုရင်တော့ ဦးဇွဲတို့လည်းမတတ်နိုင်ဘူး..."

Bittersweet Love (ခ်ိဳခ်ိဳခါးခါးအခ်စ္) (Completed)Where stories live. Discover now