Ch 3

2.4K 263 1
                                    

"ရွှမ်ယွမ်မုဖုန်း"

ငါ့နာမည်ကို ပြောပြလိုက်တယ်။

အဓိကဇာတ်လိုက်က ငါ့နာမည်ကို မှတ်နေသလိုနဲ့ တဖွဖွရွတ်လိုက်တယ်။ ပြီးတော့ ငါ့ကို ကြည့်ပြီး ပြောတယ်။

"ငါက ကျုကျွယ်"

( 祝覺 - သံတူကြောင်းကွဲစကားလုံးမျိုး၊ တရုတ်စာလုံးမှာဆို အဓိကဇာတ်လိုက်ဆိုတဲ့ စာလုံးနဲ့ အသံထွက်ဆင်တယ်။)

ဒါက ဇာတ်လိုက် ဒီကိုမရောက်လာခင်ကတည်းက ငါအပါအဝင် တကမ္ဘာလုံးက သိပြီးသား နာမည်ပဲလေ။ ဒီတော့ ငါလည်း ငါ့အပေါ်ကဇာတ်လိုက်ကို တွန်းချပြီး ထမရပ်ခင် "အင်း" တစ်လုံးပဲ ပြန်ဖြေလိုက်တယ်။ ဇာတ်လိုက်က ငါ့ကို မေးလာတယ်။

"ဒါကဘယ်နေရာလဲ။"

" အေးခဲတောင်ထိပ်ဂိုဏ်း။"

ပြောနေရင်းနဲ့ပဲ ပြတင်းပေါက်အပြင်ကနေ ကြည့်နေတဲ့ ကြင်နာမှုမရှိတဲ့အကြည့်စူးစူးတွေကို ငါခံစားမိနေတယ်။ ဒီ ပွဲကြည့်ရတာကြိူက်တဲ့လူတွေက ငါဒီလောက်မောင်းထုတ်ထားတာတောင် ထွက်မသွားကြသေးဘူးပဲ။ သူတို့ရဲ့ သိချင်စိတ်ပြင်းပြနေတဲ့အကြည့်တွေကို ငါနားလည်တယ်။ ဒီတော့ ငါ့ပတ်ပတ်လည်မှာ ဒီလို ဝိုင်းကြည့်ခံနေရတာက ငါမသက်မသာခံစားရတယ်။ ငါဆုံးဖြတ်ချက်တစ်ခုချလိုက်ပြီး ပြတင်းပေါက်က လိုက်ကာကို ဆွဲချလိုက်တယ်။ ရှုပ်ထွေးနေဆဲဖြစ်ပုံရတဲ့ ကျုကျွယ်ကို ကြည့်ပြီး ငါ ခပ်တည်တည်ပဲ ပြောလိုက်တယ်။

"တအားလင်းလွန်းတယ်။ မင်းမျက်လုံးအတွက်မကောင်းဘူး။"

တချိန်တည်းမှာပဲ တံခါးခေါက်သံက တဆက်တည်းထွက်လာတယ်။ ငါသိလိုက်တယ်။ ဒါက နောက်ထပ်အရေးပါတဲ့ ဇာတ်ကောင်တစ်ယောက်ရဲ့ မျက်နှာပြပွဲဦးထွက်ခြင်းပဲ။ အခုလာတဲ့သူက ဒီကမ္ဘာရဲ့ အဓိကဇာတ်လိုက်မင်းသမီး ဖြစ်လောက်တယ်။

များသောအားဖြင့် အမျိုးသမီးဇာတ်ကောင်တွေ သိပ်မရှိတဲ့ ဝတ္ထုမျိုးက စာဖတ်သူတွေ အမုန်းဆုံးပဲ။ ငါနားလည်သလောက်ဆိုရင်တော့ တစ်ချို့သော စာဖတ်သူ အုပ်စုလေးတွေက အမျိုးသမီးဇာတ်ကောင်မပါလေကြိုက်လေဆိုပေမယ့် ဒါက အဓိကဇာတ်လိုက်မင်းသားကို အသားပေးထားတဲ့ ဝတ္ထုအမျိုးအစားလေ။ ဒီတော့ အဲ့ဒီစာဖတ်သူလေးတွေကို မဆွဲဆောင်တာက ပိုကောင်းမယ်။ စာဖတ်သူတွေမားလုံးရဲ့ အကြိုက်နဲ့လိုက်ပြီး အမျိုးသမီးဇာတ်လိုက်တွေရဲ့ပုံစံက ဝတ္ထုတခုနဲ့တခု တအားကွာခြားတယ်။ တချို့ဝတ္ထုတွေဆို အမျိုးသားဇာတ်လိုက်အတွက် မောင်းမဆောင်ကြီးတစ်ခုလုံးကိုတောင် သီးသန့်ဆောက်ပေးလိုက်သေး။ ပြီးတော့ ဒါက အခုငါတို့ကမ္ဘာရဲ့ စာရေးသူ ကြံစည်ထားတဲ့နည်းလမ်းပဲ။ ဒီဝတ္ထုထဲက အမျိုးမျိုးသော အလှလေးတွေက အဓိကဇာတ်လိုက်အတွက်ပဲ။ အခုရောက်လာတဲ့ ဒီဇာတ်ကောင်ကလည်း အဓိကအမျိုးသမီးဇာတ်လိုက်ဖြစ်ဖို့ သေချာသလောက်ပဲ။ အလှလေးတွေအများကြီးရှိတဲ့အထဲကမှ ဘာလို့ သူဖြစ်ရတာလဲ? ဘာလို့ဆို ပထမဆုံးအနေနဲ့ ဒီလောက်အမျိုးသမီးဇာတ်ကောင်တွေ အများကြီးရှိတဲ့အထဲကမှ သူ့အခန်းကအများဆုံးပဲလေ။ အပိုင်းအသစ်တွေကိုတော့ မင်းတိူ့ ဖတ်ရဦးမှာ မဟုတ်သေးဘူး။ ဒါပေမယ့် သူမက ဇာတ်လိုက်ကို နောက်ဆုံးအဓိကဗိလိန်ဘော့စ်ကြီးနဲ့ တိုက်တဲ့အချိန်ထိ အပိုင်းတိုင်း ဇာတ်လိုက်အနားအမြဲအဖော်ပြုပေးရတာမျိုးဖြစ်ရင်ဖြစ်မှာ။ ငါ့အနေနဲ့ဆိုရင် နောက်ဆုံးခန်းအထိ ပါနိုင်ပါ့မလားတောင် မသေချာဘူး။ ဒီတော့ ငါသူ့ကို နည်းနည်းလေးမနာလိုဖြစ်မိတယ်။

အရန်ဇာတ်ကောင်တစ်ယောက်၏အသက်ရှင်သန်ခြင်းနည်းလမ်းပေါင်းချုပ်(complete)Where stories live. Discover now