Chapter 9

1K 192 4
                                    

ငါ ဗီလိန်ဘော့စ်ရဲ့အိမ်မှာ ပြန်ပေးဆွဲခံလိုက်ရတယ်။

ဒီလိုအချိန်တွေမျိုးမှာ စာရေးသူအပိုင်းသစ်မြန်မြန်တင်ပေးနိုင်ဖို့ ငါတကယ်မျှော်လင့်မိတယ်။ ဘာတွေဆက်ဖြစ်မလဲ မသိရတာက ငါ့စိတ်ကို အင်မတန်ပူပန်စေတယ်။ အကြောင်းပြချက်မတူပေမယ့် မင်းတို့လည်း မင်းတို့စာရေးသူ အပိုင်းသစ်တွေမြန်မြန်၊မြန်မြန်တင်ဖို့ မျှော်လင့်တာပဲမဟုတ်လား။ ဒီတော့ မင်းတို့ ငါ့ခံစားချက်ကိုနားလည်မှာပါ။

ငါသတိလစ်သွားတုန်းက ဟိုးအရင်က ငါ့အတိတ်ကို ပြန်အိပ်မက်မက်ခဲ့တယ်။ ငါ့ဆရာ ငါ့ကိုမွေးစားပြီးကတည်းက အဲ့ဒီအိပ်မက်ကို မမက်တော့တာ။ အခုမှဘာလို့ ပြန်မက်နေရတာလဲ။ ဝတ္ထုတွေမှာဆိုရင်တော့ ဒါကို နောက်ကြောင်းပြန်တယ်လို့ သုံးမလားပဲ။

အိပ်မက်ထဲမှာ ငါက မီးလောင်လို့ပျက်စီးသွားသင့်ပြီဖြစ်တဲ့ အလုပ်ရုံရှေ့မှာ ရပ်နေတယ်။ ရွှမ်ယွမ်မုဖုန်း အငယ်လေးက ဘောလုံးအသစ်လေးကိုကိုင်ပြီး ကလေးအုပ်စုတစ်စုနောက်မှာ ရပ်နေတယ်။ ဘောလုံးလေးကို ကိုင်ပြီးမေးတယ်။

"ငါနဲ့ ကစားမလားဟင်။"

သေချာပေါက် ဘယ်သူမှ ပြန်မဖြေကြဘူး။ ကလေးတွေက ငါ့ကို တစ်ချက်ကလေးတောင်မှ မလှည့်ကြည့်ပဲ သူတို့ဘာသာသူတို့ ဝိုင်းကြီးပတ်ကာ ပန်းဖွားလေးတွေတပ်ထားတဲ့ ဘောလုံးနဲ့ဆော့နေကြတယ်။ ဒါပေမယ့် ငါက အရှုံမပေးသေးပဲ ထပ်မေးတယ်။

"ကျေးဇူးပြုပြီး ငါနဲ့ကစားပေးကြပါလား။"

တော်တော်ကြာတဲ့အထိ အော်ပြောနေပေမယ့် ဘယ်သူကမှ ပြန်မဖြေကြဘူး။ အဲ့ဒီကလေးတွေက ငါ့ကို မမြင်ရတဲ့ပုံနဲ့ တခြားနေရာတစ်ခုဆီပြေးသွားကြတယ်။ ရွှမ်ယွမ်မုဖုန်းအငယ်လေးက မျက်လုံးတွေနီရဲပြီး ရပ်ကျန်ရစ်ခဲ့တယ်။ ပြီးတော့ အသက်ပြင်းပြင်းတစ်ချက်ရှူကာ အံကြိတ်လိုက်ပြီး အပြင်ကိုပြေးထွက်သွားလေရဲ့။ ဒါက ငါ့အိမ်မှာ အဲ့ဒီနေရာမှာ ရှိနေတဲ့အချိန်တုန်းကပေါ့။ ပုံမှန်ဆို အရပ်ရှည်ရှည်၊ ချောမောပြီး ချမ်းသာတဲ့ ဒုတိယဇာတ်လိုက်တစ်ယောက်အနေနဲ့ ငါ့မှာ မရေမတွက်နိုင်တဲ့နောက်လိုက်တွေနဲ့ မိန်းကလေးတွေ ဝိုင်းနေသင့်တာဆိုပေမယ့် ငါ့ငယ်ဘဝကတော့ အဲ့လိုမဟုတ်ခဲ့ဘူး။ ဒါပေါ့။ ငါ့အိမ်က အရမ်းကိုချမ်းသာတယ်။ ဒါပေမယ့် ဘယ်သူမှ လာမလည်ချင်ကြဘူး။ ဘာလို့ဆို သူတို့အားလုံးက ဇာတ်ကြောင်းကို သိနေကြတယ်လေ။ ဇာတ်ကြောင်းအရ ငါ့အသက်ငါးနှစ်ပြည့်တဲ့အခါမှာ ငါ့ကြောင့် အားလုံးသေကြရမှာဆိုတာ သူတို့သိနေတယ်။ ပြောရရင် သူတို့တွေက ငါ့ကို အသက်ကြီးမလာစေချင်ကြဘူး။ တစ်ယောက်ဆို ငါ့ကိုလည်ပင်းညစ်သတ်ခဲ့ပေမယ့် ထူးဆန်းတဲ့စွမ်းအားတစ်မျိုးကြောင့် သူ့လုပ်ရပ်မအောင်မြင်ခဲ့ဘူးလေ။ ဇာတ်ကြောင်းကို ဘယ်သူကမှ ဘယ်လိုနည်းသုံးပါစေ သွေဖယ်နိုင်စွမ်းမရှိပေ။ ငါ့ကိုသတ်တာ မအောင်မြင်တော့ သူတို့တွေ အတော်လေးကောင်းတဲ့နည်းကို စဉ်းစားမိသွားတယ်။ ငါ့ကို အားလုံးက မသိချင်ယောင်ဆောင်ပြီး လျစ်လျူရှုထားဖို့လေ။ ဇာတ်ကြောင်းက လူတိုင်းကို မကန့်သတ်ထားတာမို့ တစ်ချို့သူတွေက အိမ်ပြောင်းပြီးထွက်သွားကြတယ်။ ကျန်ခဲ့တဲ့သူတွေကလည်း ငါကစားဖို့ ဘယ်နေရာကိုပဲသွားသွား၊ ဘယ်သူကမှ ငါနဲ့အတူမဆော့ချင်ကြဘူး။ ငါ့မိဘတွေနဲ့ မိသားစုအကြီးအကဲတွေကတောင် ငါ့ကိုမချစ်ကြဘူး။ အစားအသောက်၊အနေအထိုင်အတွက် ငါစိုးရိမ်စရာမလိုခဲ့ပေမယ့် ဘယ်သူဆိုဘယ်သူကမှ ငါ့ကိုဂရုမစိုက်ကြဘူး။ ငါ အရုပ်တွေနဲ့စကားပြောတတ်တဲ့အကျင့်ရလာတာက အဲ့ဒီအချိန်ကစတယ်လို့ထင်တာပဲ။ ဘယ်သူကမှ ငါ့ကိုမချစ်ကြဘူး။ အရာအားလုံးကို ငါ့ဘာသာငါပဲလုပ်ရတာမို့ ဟိုစပ်စပ်ဒီစပ်စပ် ငါအကုန်လုပ်တတ်နေတာလေ။ ငါ့ကို ဂရုတစိုက်ရှိတာဆိုလို့ အိမ်မှာအမြဲမရှိတဲ့ အကိုကြီးပဲ။ ငါနဲ့အတူတူ ကစားပေးတာကြောင့် သူ အိမ်ပြန်လာတဲ့အချိန်ဆို ငါအရမ်းပျော်ခဲ့ရတယ်။ ဇာတ်ကြောင်းကို သူသိပေမယ့်လည်း အဲ့ကိစ္စနဲ့ပတ်သက်ပြီး ငါ့ကို အနှောင့်အယှက်လို့ သူမမြင်ဘူးတဲ့။

အရန်ဇာတ်ကောင်တစ်ယောက်၏အသက်ရှင်သန်ခြင်းနည်းလမ်းပေါင်းချုပ်(complete)Where stories live. Discover now