Chapter 10

1.1K 199 4
                                    

တစ်လလောက် မှိုအတက်ခံပြီးနောက်(ဘာဆိုဘာမှမလုပ်ပဲ ပျင်းရိငြီးငွေ့နေတယ်ဆိုတဲ့သဘော) တစ်ရက်ကျတော့ အခန်းထဲဝင်လာတဲ့ ငါ့ရဲ့ အကိုကြီးရဲ့မျက်နှာမှာ ဒဏ်ရာတွေကိုတွေ့လိုက်ရတယ်။ (အရုပ်တွေပြည့်ပြီး ရှုပ်ယှက်ခတ်နေတာမို့) ငါဘယ်နားမှာရှိနေသလဲဆိုတာသိဖို့အတွက် အကိုကြီးက ငါ့နာမည်ကိုလှမ်းခေါ်တယ်။ သါပြန်ထူးတော့ ငါ့ဆီကိုလျှောက်လာပြီး ခါတိုင်းလိုပဲ ငါ့ခေါင်းကိုပွတ်သပ်ပေးတယ်။

"ဘာဖြစ်တာလဲ။ အကိုကြီးဘာလို့ ဒဏ်ရာတွေနဲ့လဲ။"

" အိုး... အဲ့ဒါ။" အကိုကြီးက သူ့နှာခေါင်းက်ို လှမ်းပွတ်ရင်း ဒဏ်ရာတစ်ခုထိမိပြီး မျက်နှာကြီး ရှုံ့မဲ့သွားတယ်။

"မင်းရဲ့ ကျုကျွယ် အခုလွတ်လာပြီ။"

ငါက ဒီဇာတ်ကွက်ထဲမပါတာမို့ အသေးစိတ်ဘာတွေဖြစ်သွားလဲဆိုတာ ငါလည်းမသိဘူး။ အချိန်တန်လို့လည်း ဖြစ်နိုင်တာပဲ။ အကိုကြီးနဲ့ ဘယ်လိုဆက်စပ်နေတာလဲဆိုတာကိုတော့ ငါမသိလိုက်တဲ့အတွက် အကိုကြီးပြောပြမှာကိုပဲ စောင့်နေလိုက်တယ်။ အကိုကြီးက ပြောတာက

"ဗီလိန်ဘော့စ်တစ်ယောက်အနေနဲ့ သူထွက်လာတဲ့အခါလုပ်ရမယ့် ငါ့ဇာတ်ကွက်ကိုမင်းသိပါတယ်။ ငါ သူ့ဆီသွားပြီး သူ့ကိုလှောင်ပြောင်ရမယ်လေ။ ဒါပေမယ့် သူက ငါ့က်ိုတွေ့တာနဲ့ စကားတစ်ခွန်းမှမပြောပဲ ငါ့ကိုအသားကုန်ချတော့တာပဲ။ သူအဲ့ဒီမှာ ဘာအမွေအနှစ်တွေရခဲ့လဲဆိုတာ ဘယ်သူကသိမှာတုန်း။ ဒါပေမယ့် .." အကိုကြီးက ရပ်လိုက်ပြီးမှ "မုဖုန်း၊ သူငါ့မျက်နှာကို ထိုးပြီး ငါ့ဆံပင်တွေကိုပါ ဖြတ်ပစ်လိုက်တယ်။ T.T"

ရုတ်တရက်ကြီး ငါ့အက်ိုကြီးရဲ့ ဉာဏ်ရည်နိမ့်ဆင်းသွားတယ်လို့ ခံစားရတယ်။

ငါ့ စိတ်ကူးသပ်သပ်ပဲ မဟုတ်ဘူးနော်။

ငါလည်း ငါနဲ့ပါလာတဲ့ဆေးတွေနဲ့ပဲ အကိုကြီးကို မျက်နှာလုပ်ရတော့တယ်။ ငါသိသလောက်ဆိုရင် ကျုကျွယ်က ဒီအတိုင်းပဲ အကိုကြီး မျက်နှာက်ို ထိုးလိုက်ရုံပါ။ အကိုကြီးရဲ့ ပုံမှန်ဆို ချောမောခန့်ညားနေတဲ့ မျက်နှာက အခု တော်တော်လေး ကြည့်ရဆိုးနေတာပဲ အကိုကြီးကို ပတ်တီးစည်းပေးနေတုန်း အကိုကြီးက ဆက်ပြောလာတယ်။

အရန်ဇာတ်ကောင်တစ်ယောက်၏အသက်ရှင်သန်ခြင်းနည်းလမ်းပေါင်းချုပ်(complete)Where stories live. Discover now