Extra-1

98.5K 7.1K 1.8K
                                    

"ညဈေးတန်းလျှောက်ရအောင် သိုက်"

သူက သားဖင်လေးကို ပုတ်ကာ သိပ်နေလျက်မှ ကိုကို့အား မော့ကြည့်သည်။ ကိုကို့ဟန်ပန်က ရွှင်ရွှင်မြူးမြူးနှင့် မျက်ဝန်းများမှာ တလက်လက် ထနေသည်။ အိမ်နားမှာ ညဈေးအသစ်ဖွင့်ထားမှန်း ဆေးရုံအပြန်က သူတွေ့ထားသည်။

"ကိုကိုကလဲ ... သားကအိပ်သွားပြီလေ ... စောစောက ပြောတာမဟုတ်ဘူး"

ဂိုးခန်းဆက်ရှိန်က ကိုကို့လိုပဲ ခြေများသည်။ အပြင်သွားရသည်ကို နှစ်သက်သည်။ ထိုကြောင့် မနက်ဖြန် အားလပ်ရက်တွင် သားနှင့်အတူ ညဈေးတန်းလျှောက်မည်ဟု သူတွေးထားခဲ့သည်။

"သားကို နောက်နေ့မှ လိုက်ပို့ရအောင်လေ ... ခု ငါတို့နှစ်ယောက်ပဲ သွားမယ် ... မ Date ရတာလဲ လချီနေပြီကို"

ကိုကိုပြောတာလည်း မှန်သည်။ ခု မင်းဆက်က ပါရဂူတက်နေရသည့်အပြင် ဆေးရုံကိစ္စများနှင့် မအားမလပ်။ ကိုကိုကလည်း သူ့ စီးပွားရေးနှင့် သူ။ အားရက်အချို့တွင် Family day အဖြစ်သာ အပန်းဖြေခဲ့သဖြင့် သူနှင့် ကိုကိုအတွက် သီးသန့်နေ့က မရှိသည်မှာ ကြာပြီ။

"အင်း အင်း သွားမယ်ဗျ ... အဝတ်အစား လဲအုံးမလို့လား"

သူ့ဆီက အဖြေရသည်နှင့် ကိုကိုသည် ဗီဒိုဆွဲဖွင့်ကာ အဝတ်လဲရန် ပြင်နေသဖြင့် သားကို စောင်ခြုံပေးပြီး နေရာမှ ထရပ်လိုက်သည်။

"လဲရမှာပေါ့ ... အိမ်နေရင်းပုံနဲ့ မသွားချင်ဘူး ... မင်းလဲ အဝတ်လဲ ... ပေါက်ဖော်ဒီဇိုင်းနဲ့ လိုက်မလာနဲ့"

သူက ခေါင်းရမ်းရယ်ပြီး ခရမ်းရောင် T shirt ပွပွ တစ်ထည်နှင့် pants အဖြူ ကို လဲလှယ်လိုက်သည်။ ကိုကိုတစ်ယောက် Vests တွေ ဘာတွေနဲ့ ပျံလန်နေရုံမက နားကပ်တစ်ဖက်ပါ တပ်နေသည်ကို မြင်တော့ နှာခေါင်းရှုံ့မိသည်။

အလကား ဆိုက်ပိ။

ရွှီး ... ရွှီး

တစ်ဖန် ကိုကို့ ရေမွှေးငွေ့များကြား မင်းဆက် ရီဝေဝေ ဖြစ်သွားရပြန်သည်။

"ရေမွှေးတွေ တအားမဖြန်းနဲ့ ကိုကို ... ခေါင်းမူးတယ်"

"လာစမ်းပါ .. မင်းလဲ နည်းနည်းဖြန်း လူက ငယ်ငယ်လေးနဲ့ အဘိုးကြီးလို လုပ်မနေနဲ့"

Swamping with Intimacy (Season2)Where stories live. Discover now