Extra-5

61.1K 5.1K 921
                                    

ကလိုရင်း ပြာများ ပြန့်စီးနေသော ရေပြင်၌ ဘောင်းဘီတို အနက်ရောင်ကလေးမှာ ပစ်စက်လခတ် မြောပါနေသည်။

ခန့်ဦးရှိန်ကို ပင့်မချီထားသဖြင့် မင်းဆက်၏ လက်ဖျံများ တင်းနေသည်။ သို့သော် မျက်ဝန်းများက သိမ်မွေ့သည်။ နှုတ်ခမ်းမှာ ပြုံးသသ။

တည်သော အချစ်၏ ပိတ်ညို့သော လှောင်တွင် နွယ်ပတ်နေသော ခန့်ဦးရှိန်အဖို့ မည်သည့်အရာကိုမျှ တွန်းလှန်ရန် မစွမ်းသာပြီ။

"အင်း .. "

လည်တိုင်ကို ပွတ်ကိုက် ခြေဖျက်သွားသော သွားများ၌ ခန့်ဦးရှိန် မရိုးမယွ ဖြစ်သွားသည်။ အောက်ပိုင်း တစ်နေရာက ရှိုင်းနက်စွာ ဝင်ချည် ထွက်ချည်။

မင်းဆက်သည် ခန့်ဦးရှိန်၏ ရှည်ဖြောင့် သွယ်ကျစ်သော ပေါင်တံ နှစ်ဖက်ကို ခါးတွင် ချိတ်ကိုင်ကာ ရေကန်ဘောင် နှင့် ခန့်ဦးရှိန်၏ ကျောကြားသို့ လက်ဖဝါးများကို ကာခံထားသည်။

အတူ မနေသည်မှာ ကြာပြီဖြစ်၍ သည်တစ်ခါမှာ ပထမဆုံး အကြိမ်ကဲ့သို့ တင်းပြည့် ကြပ်ပြည့် နှင့် ကောင်းမွန်စွာ စီးယှက် ကူးလူးမှုကို ဖြစ်ပေါ်စေသည်။

ခန့်ဦးရှိန်သည် လေ၏ အဟုန်ဖြင့် ဝေ့ယမ်းနေသော သစ်ပင်ပမာ တုန်ယင်နေမိ၍ ဘေးရှိ ရေပွက်များမှာ ဟိုကပ် သည်ကပ် နှင့် တဗွမ်းဗွမ်း မြည်လှသည်။ ထိုစဉ် သွေးသား၏ ဆန္ဒအရ ခပ်သဲ့သဲ့ ရနံ့ အချို့ ထွက်သော မင်းဆက်၏ ပုခုံးကို လက်မောင်းများနှင့် ပွေ့၍ နားထင်စပ်ကို တအား နမ်းပစ်လိုက်လေသည်။

ရေထဲ ဆင်းလျက်ပင် ချွေးထွက်နေသော သိုက်၏ ရနံ့မှာ သင်းရှရှ မွှေးကျဲကျဲ ရှိပေပြီ။

"အင်း ... သိုက် အရှိန်လျှော့အုံး"

သူ့ အမိန့်မှာ နွမ်းဖျော့နေသဖြင့် သိုက် ကြားမှ ကြားပါ့မလား စိုးရိမ်မိသွားသည်။ သို့ရာတွင် နာခံနေကျ ဖြစ်သော သိုက်သည် သူတို့၏ နှီးနှောမှုကို တစ်ချက်ချင်း ဖြည်းညင်းစွာ နှင့် ပြင်းထန်စွာ ပြောင်းလဲ ပြုမူလိုက်သည်။

ထုံညှီသော ရနံ့များသည် အချစ်၏ ငွေ့ဖြူများပင် ဖြစ်သည်။ မြတ်နိုးမှု၏ လိုအင်မှာ ယုတ်နည်းမှု ဟူသည် မရှိပါတကား ..

Swamping with Intimacy (Season2)Where stories live. Discover now