Extra-6

53.7K 4.8K 869
                                    

မျက်လွှာမှာ နုံးခွေမှုကို ကျော်လွန်၍ ပင့်ကြွလာသည်။ နဖူးကြောကို ဖွဖွ တွန့်ပြီး အမြင်ကို ရှင်းစေရသည်။ ထိုစဉ် သိုက်၏ အသားအရည်နှင့် သူ  ဉဿုံ ထိစပ်နေကြောင်း သိရသည်။

"အင်း .. သိုက်"

ညည်းသံ အပြုတွင် နှုတ်ခမ်းလွှာ အိအိသည် သူ့ နဖူးသို့ အပြေး တိုးကပ်လာသည်။

"ကိုကို .. နိုးပြီလား"

သိုက်က သူ့ ခေါင်းအကြွမှာ အောက်ရှိ လက်မောင်းကို ပြန်ရုတ်သည်။ ပြီးလျှင် ကိုယ်ကို မတ်၍ ကျောပေး ထထိုင်၏။

သိုက် အကြောအချဉ် ဆန့်နေဆဲ သူပါ ထလိုက်သည်။ ထို့နောက် ဖြူစက်သော ကျောပြင် ပြန့်ပြန့်ကို လက်မောင်းများနှင့် ပွေ့ဖက်လိုက်၏။

လည်တိုင်မှာ မျက်နှာကို အပ်ပြီး ရှိုက်တော့ သိုက်က ရယ်သည်။ ပြတင်းသို့ ဖြာကျနေသော မှုန်ပြပြ နံနက်ကို မြင်ရသည်။

"စောသေးတာကို .. ပြန်အိပ်ပါအုံးလား"

သူက လက်များကို သိုက်ခါးမှ လျှိုပြီး ဗိုက်ပြင်ကို ပွတ်သပ်၍ ကပ်ပြောသည်။ အဝတ်မဲ့ ခန္ဓာနှစ်ခု၏ ပူးကပ်မှုသည် ချမ်းစိုသော မနက်၌ပင် နွေစမ်းချောင်းတစ်စင်းပမာ ကြည်ပူ နွေးရှစေ၏။

"မအိပ်တော့ဘူး .. ကိုကို ပြန်အိပ်ပါ"

"အင်း .. မင်း မန္တလေးပြန်ရောက်ရင် ငါနဲ့အတူ Gym လိုက်ဆော့ပါလား"

ကိုကိုသည် အဖုအထစ် မရှိသော သူ့ ဗိုက်ချပ်ချပ် ကို ပွတ်ရင်း ပြောသည်။ သူ လျှင်မြန်စွာ ငြင်းလိုက်၏။

"ပင်ပန်းတယ်"

ကိုကိုက သူ့ ပုခုံးကို ငုံ့ခဲပြီး ..

"ဒါကျတော့ အပင်ပန်းမခံချင်ဘူး .. မဟုတ်တာတဲ့ နေရာတော့ တတ်တယ်"

"ဟီးဟီး"

"ငါက မင်းကို လှစေချင်လို့ ခေါ်တာ .. မင်း ခန္ဓာကိုယ်က တော်တော်ဖောနေပြီ .. စကြိုက်တုန်းကတောင် Six packs တွေ ဘာတွေနဲ့"

"အဲ့တုန်းက အားကစား လုပ်ဖြစ်တာကိုး .. ပြီးတော့ ငယ်လဲ ငယ်သေးတယ်လေ"

"ခုကျ အိုနေလို့လား"

"အိုတာတော့ မဟုတ်ဘူးလေ .. အလုပ်ပိုရှုပ်လာတာပေါ့ဗျ .. အလှအပအတွက် အချိန်မပေးနိုင်ပါဘူး .. "

Swamping with Intimacy (Season2)Where stories live. Discover now