Extra - 11

48.7K 4.5K 754
                                    

"အမယ်လေး .. ဆရာရေ !! ကယ်ပါအုံး"

အိမ်ပြင် ထွက်၍ စာဖတ်အပြီး ဧည့်ခန်းထဲ ပြန်လာချိန် ကြားလိုက်ရသည့် ဒေါ်လှ အော်သံကြောင့် မင်းဆက် ထိတ်ထိတ်ပြာပြာဖြစ်သွားရသည်။ မင်းဆက်ကို မြင်သည်နှင့် အားကိုးရာ တစ်ခုနှယ် ပြေးကပ်လာသော ဒေါ်လှ၏ နောက်တွင်း ပါလာသည်မှာ ဂိုးခန့်ဆက်ရှိန်ပင်ဖြစ်၏။

"ဆရာ .. ဂိုဂိုး ကျွန်မကို ဗိုက်ခွဲမလို့တဲ့"

"ဟေ"

ထိုအခါမှ သူ့ ကိုယ်တိုင်းအကျ ဝယ်ပေးထားသော ဂျူတီကုတ်သေးသေးဝတ်ထားသည့် သား၏ လက်တွင်းမှ ဟင်းသီးဟင်းရွက် လှီးနေကျ ဓားကို တွေ့ရသည်။ ဂိုဂိုးက ဆူခံမည်ကို သိဟန် ပေါ်လျက် ဓားကို လက်မှ ပစ်ချလိုက်၏။

"သား .. ဓားကြီးကိုင်ပြီး ဘာလုပ်တာလဲ"

"ဆရာ့သားက လူနာနဲ့ ဆရာဝန်တမ်း ကစားမယ်ဆိုပြီး ကျွန်မကို ခေါ်လို့ လာဆော့ပေးတာ .. ဝမ်းချုပ်နေတယ် ဆရာဆိုတော့ ဗိုက်ခွဲရမယ် လှဲအိပ်တဲ့ ... ကျွန်မလဲ သူ့ကိုပေးဆော့မယ်ဆိုပြီး ဖျာပေါ်မှာ လှဲအိပ်လိုက်တာ မီးဖိုက ဓားကို ဘယ်တုန်းကတည်းက ဖွက်ထားလဲ မသိဘူး .. ဗိုက်ကို လှန်ပြီး ဓားနဲ့ ခွဲမယ်လုပ်တယ်"

"ဘုရားရေ"

ငိုအားထက် ရယ်အားသန်မိပြီးမှ သားကို ဆုံးမရန် သတိရသည်။ အဆူခံရမည့် မျက်နှာက အသနားဖွယ် ငယ်ချထားသည်မို့ ဖေကြီး မင်းဆက်က စိတ်မကောင်းချင်။

"အဆိုးလေး .. လာခဲ့"

တင်ပါးမှ ပင့်ချီ၍ ပုခုံးပေါ် ထမ်းတင်လျှင် သားက ဆူပွပွ နှင့် ပါလာသည်။

"သားအတွက် ဓား ဝယ်ပေးထားတာကို ဘာလို့ လူကြီးဓားနဲ့ ဆော့ရတာလဲ"

"ဂိုး တဂယ် ခွဲချင်တာ"

"ကြီးလာရင် ခွဲစိတ်ရမှာပေါ့ .. ခု သားသားက မူကြိုတောင် မတက်ရသေးဘူးလေ .. ဆရာဝန်လို ခွဲစိတ်ချင်နေလို့ ဘယ်ရမလဲ"

"ဂိုး ဘယ်တော့ ခွဲရမာယဲ"

ဆရာဝန် အင်မတန် ဖြစ်ချင်သည့် ကောင်လေး၏ တင်ပါးကို ဖတ်ခနဲ ပုတ်ပြီး သူ ရယ်မိသည်။

"လူကြီးဖြစ်တဲ့အချိန်ကျ သားခွဲရမယ် .. တကယ့် ခွဲစိတ်ခန်းထဲမှာ တကယ့် လူနာကို ဖေကြီးလို ခွဲစိတ်ပေးရမယ် .. ဒေါ်လှက လူနာမဟုတ်တော့ သူ့ကို ဓားနဲ့ သွားခွဲရင် နာနာဖြစ်သွားလိမ့်မယ်"

Swamping with Intimacy (Season2)Where stories live. Discover now