Extra-3

62.4K 5.6K 853
                                    

"ဟေ .. ငါ့သားက သူငယ်ချင်းတွေ ဘာတွေနဲ့ပါလားကွ"

စားပွဲပေါ်သို့ အိတ်ကို ပစ်တင်ပြီး သူနောက်လိုက်သည်နှင့် ကလေးတစ်ဦးနှင့် ကစားနေသော ဂိုဂိုးက ပြေးခုန်ပေါက်လာသည်။

"ဒယ်ဒီ ဒယ်ဒီ"

လေယာဉ်ချိန်က စောသဖြင့် သားကို မနိုးခဲ့သည်ဖြစ်ကြောင်း သိုက်ထံမှ သိရသည်။ သူတို့နှစ်ဦး ပြန်လာတော့ သား သူငယ်ချင်းကတောင် အိမ်ကို ရောက်နေပေပြီ။ သားကို ကောက်ပွေ့ပြီး မွေးပွကော်ဇောပေါ်ရှိ အနောက်တိုင်းရုပ်နှင့် ဖြူလုံးလုံး ကလေးလေးအား အသည်းယားစွာ ကြည့်မိသည်။

သိုက်က သူ့ luggage များကို ဆွဲလာပြီး မိတ်ဆက်ပေး၏။

"ကလေးနာမည်က ဘုံဘုံ တဲ့ ကိုကို ... Eng name ကတော့ Jenal တဲ့ .. ဟိုဖက်လမ်းက ကျွန်တော့် လူနာရဲ့ ကလေး"

"ဟုတ်လား ... သားနဲ့ ဘယ်လို သူငယ်ချင်းဖြစ်သွားတာလဲ"

"ဒီလိုပဲလေ ကိုကိုရာ ... ဒီရပ်ကွက်မှာ ရွယ်တူက သူတို့နှစ်ယောက်ပဲ ရှိတာကို .. အဲ ဘုံဘုံကတော့ သူ့ထက် လပိုင်း ကြီးတယ်"

ခန့်ဦးရှိန်က ထိုကလေး၏ ခေါင်းလေးကို အသာပုတ်ပြီး ပြုံးပြလိုက်သည်။

"မင်းသူငယ်ချင်းက အလိုလိုက်ထားတော့ နည်းနည်းဆိုးချင်တယ် .. သားသားက သည်းခံပေးနော်"

"ရှူးဝါး အန်ကယ်"

မပီမသ English စကားကြောင့် ခပ်ဟဟ ရယ်မိချိန် သိုက်က ဘေးသို့ လာရပ်ပြီး ရယ်သံနှော ပြောသည်။

"ကိုကို့သားက ဘုံဘုံ့ကို သိပ်အနိုင်ကျင့်တာပဲ ... မနေ့ကဆို ရန်ဖြစ်ပြီး ပါးကို ဆွဲကိုက်ပစ်တယ်လေ ... ကျွန်တော့်မှာ မနည်းချော့ပြီး သူ့အဖေကိုပါ တောင်းပန်လိုက်ရတယ်"

ခန့်ဦးရှိန် မျက်လုံးပြူးပြီး ဂိုဂိုးကို လှည့်ကြည့်သည်။ ဂိုဂိုးက မျက်မှောင်ကို တင်းကြုံ့ပြီး မျက်နှာမှာတော့ ထီမထင်ဟန်အပြည့်။

"Oh God !! သူငယ်ချင်းကို လက်မပါရဘူးလေ ဂိုဂိုး ... ဒယ်ဒီ ရိုက်မှာနော်"

သူ သည်လိုပြောမှ သားက ကြောက်သည်။ သူက သားအပေါ် လက်မပါချင်။ သူ လက်ပါလျှင် သိတဲ့အတိုင်း ခေါင်းတို့ နားထင်တို့ပဲ အလွယ် ချတတ်သဖြင့် သားကို သိပ်မလုပ်ရဲ။ ကလေးခေါင်းကို ရိုက်ပါက ဉာဏ်ထိုင်းတတ်သည်ဟု သိုက်တစ်ယောက် တားသောကြောင့် ဖြစ်သည်။ ဉာဏ်ထိုင်းသည်ဟုတော့ မထင်မိပါ။

Swamping with Intimacy (Season2)Where stories live. Discover now