Extra-2

69.7K 6K 886
                                    

"ကိုကို ... ထရအောင်ဗျ ... အချိန်လင့်နေပြီ"

သိုက်၏ စကားသံ မှန်မှန်က နားသီးဖျားကို ဖြတ်တိုက်သွားစဉ် သူ့ အသိသည် အိပ်မက်လွန်၌ ရှိနေခဲ့ပြီ။ ခေါင်းအုံးထဲ မျက်နှာအပ်၍ တခူးခူး ထပ်နှပ်တော့ မောင်မင်းကြီးသားဟာ ချိုင်းမှ လက်ထည့်၍ မတ်စေသည်။

"ကိုကို ... ထတော့လို့ ... "

"ဒီနေ့ပိတ်ရက်လေကွာ"

"ဟုတ် အဲ့ဒါကြောင့် ခုမှ နိူးတာပေါ့ ။ ဆယ်နာရီ ထိုးနေပြီဗျ"

သိုက်က အသက်ကြီးလာလေ ပိုရင့်ကျက်လေ။ မည်သည့်နေရာမဆို အချိန်ကို လေးစားသည်။ ပိတ်ရက် အိပ်လျှင်တောင်မှ ကိုးနာရီထက် မကျော်ရ။ ညက သူတို့ အိပ်တာ တစ်နာရီ ဖြစ်၍ အိပ်ချိန်စက်ဝန်းကတော့ လုံလောက်ပါသည်။

"ကဲ"

ပြောမရသောအခါ သိုက်သည် ကုတင်အောက်ဆင်း၍ သူ့ကိုယ်ကို စောင်ဖြင့် ထွေးလုံးကာ ပွေ့မသည်။ ရေချိုးခန်းဆီ လှမ်းသွားသော သိုက်၏ ခြေတံရှည်များကို သူ အိပ်မုံစုံမွှားဖြင့် စီးမြင်ရသည်။

"သားတောင် ကိုကို့လောက် မနိူးရဘူး"

သိုက်က ရယ်သွေးသွမ်းပြောရင်း သူ့အား ရေချိူးခန်းက ဘေစင်ဘေးမှာ တင်သည်။

ပြွတ် ...

ဆံပင်ခွေများကို ရှင်းပေးပြီးနောက် နှုတ်ခမ်းကို တစ်ချက် နမ်းရှိုက်တော့ သူ့မှာ အိပ်ငိုက်နေလျက်က ပြုံးမိသည်။

ထို့နောက် သွားတိုက်တံကို သွားတိုက်ဆေး ညှစ်ထည့်ပြီး ..

"ကိုကို ဟ"

သူ ပါးစပ်ကို သွားစွယ်များ ပေါ်အောင် ဟပေးလိုက်သည်နှင့် သွားတိုက်တံ၏ Brush နုနုလေးများက ကြွေပွင့်များအလား သူ့သွားတန်းကို လာရောက် ပွတ်တိုက်ကြသည်။

သိုက်က သူ့ကို သားများ မှတ်နေလားမသိ။ သွားတိုက်ပေးရင်း ပြုံးကြည့်နေပုံကစ ဖခင်တစ်ဦး၏ မေတ္တာမျိုးနှင့် ဖြစ်သည်။

"ပြီးရင် ထွေးလိုက်"

သူက ကိုယ်ကို လှည့်၍ ဘေစင်ထဲသို့ အမြှုပ်များကို ထွေးချလိုက်သည်။ သိုက်သည် သူ့ကို နှစ်ကြိမ် သွားတိုက်ပေးပြီးရာ၌ မျက်နှာသစ်ပေးရန် ဆပ်ပြာအား မှန်ဘေးက ဗီဒိုအသေးလေးထဲ ဖွင့်လှစ် ရှာတော့သည်။

Swamping with Intimacy (Season2)Where stories live. Discover now