Extra-4

59.3K 5.1K 616
                                    

"နေ့လယ်ကျရင် ရပ်ကွက်ထဲက အကူတွေ ထပ်လာပါလိမ့်မယ် သခင်ကြီး .. သူတို့ အကုန်လုံး တန်းလျားမှာ နေမှာမို့ ကြိုက်တဲ့အချိန် ခေါ်ခိုင်းနိုင်ပါတယ်"

အဘိုးအိုတစ်ဦး ၊ လူရွယ်သုံးဦးနှင့် အမျိုးသမီးနှစ်ဦးမှာ မင်းဆက်တို့၏ ရှေ့တွင် ရိုကျိုး မွေ့သိမ်စွာ ရပ်နေကြသည်။ အိမ်စောင့် ဖြစ်ဟန် တူသော ရုပ်ကြမ်းကြမ်း လူက ခန့်ဦးရှိန်ကို သခင်ကြီး ဟု အစပြုခေါ်ကာ အကူများနှင့် မိတ်ဆက်ပေးသည်။

နေပြည်တော်က အိမ်ကို သူတို့မိသားစု ရောက်နေကြခြင်း ဖြစ်သည်။ မင်းဆက် စာမေးပွဲအပြီးတွင် ခန့်ဦးရှိန်သည် Family day အဖြစ် Long Trip ထွက်ရန် နေပြည်တော်ကို ရွေးချယ်ခဲ့သည်။ နေပြည်တော်တွင် လက်ထောက်နှင့် လွှဲထားသော အလုပ်ကိစ္စများ ရှိသဖြင့် သူ့အကြံက တစ်ချက်ခုတ် နှစ်ချက်ပြတ်။

"ကဲ အားလုံး မှတ်ထားကြ .. ဒါက သခင်ကြီး .. အင်း ဒါကတော့ သခင် ..."

ထိုလူသည် ကိုကို့ကို မိတ်ဆက်ပေးပြီး မင်းဆက်သို့ အရောက် မည်သို့ ခေါ်ရမည်ကို စဉ်းစားနေစဉ် ...

"အမျိုးသားဖြစ်သူကို ဆရာ လို့ပဲ ခေါ်လိုက်ပါ ... သူက တခြား အခေါ်အဝေါ်ကို သဘောကျမယ်မထင်ဘူး"

ကိုကိုက သူ့ကို အသာကြည့်၍ စကားထောက်သည်။ ကိုကိုပြောတာ မှန်သည်။ သည်အခေါ်အဝေါ်တွေက ဘယ်လိုမှ သဘောကျစရာမရှိ။ သည်ခေတ်ကြီးမှာ အဆင့်အတန်းခွဲပြီး သည်လို ခေါ်တာမျိုးတွေ ရှိသေးတာလား။

"သားကိုတော့ သခင်လေးလို့ပဲ ခေါ်ပါ"

ကိုကိုက သူ့ လက်ကို ဆွဲထားသော သားကို အကြည့်ရွေ့ပြီး ဆိုသည်။

မကြာခင် ရှေ့က အကူအားလုံးမှာ သူတို့၏ အလုပ်နေရာသို့ အသီးသီးထွက်သွားကြ၏။

"အိမ်တော်ကို ကြိုက်ရဲ့လား သိုက်"

သူ မပြောမီ ကိုကို အလျင်မေးသည်။

"အရမ်းကြီးလွန်းတယ်"

သူ ယခင်က နေပြည်တော်ကို မရောက်ဖူးပါ။ နေပြည်တော်ရှိ အိမ်ကြီး အိမ်ကောင်းများမှာ တစ်အိမ်နှင့် တစ်အိမ် များစွာ ခြား၍ တံတိုင်း အမြင့်ကြီးများနှင့် သီးသီးသန့်သန့် ရှိကြသည်ကို ခုမှ သိရသည်။ မန္တလေးက အိမ်ထက်ပင် ကြီးကျယ် ခမ်းနားသော နေရပ်မှာ အနားယူ အပန်းဖြေရန် အင်မတန် သင့်လျော် လျောက်ပတ်သည်။

Swamping with Intimacy (Season2)Where stories live. Discover now