အမှောင်ထဲကဘယ်သူလဲ

889 91 9
                                    

{Zawgi}

ဤကျင့်ကြံသူလောကမှာ မိစ္ဆာတွေများစွာရှိနေတာမဟုတ်သလို ကျင့်ကြံသူတွေလည်း အများကြီးမရှိပေ။ အသွင်ပြောင်းမိစ္ဆာဖြစ်ဖို့ ထုထည်မရှိတဲ့ မကောင်းဆိုးဝါးတစ်ကောင်က နှစ်ရာပေါင်းများစွာ ကျင့်ကြံရသည်။ ကျင့်ကြံ၍အောင်မြင်ခဲ့လျှင် အသွင်ပြောင်းမိစ္ဆာ(ယခုဂျွန်မြောင်)တို့လို ဖြစ်သွားသည်။ ထိုမှတစ်ဆင့် လူစင်စစ်ဖြစ်အောင် ကျင့်ကြံနိုင်ပါလျှင် သာမန်လူအများကြား ရောထွေးနေနိုင်မည်ဖြစ်သည်။

ထို့ကြောင့် ကျင့်ကြံသူများက နောက်ဆုံးအဆင့် မရောက်ခင် အသွင်ပြောင်းမိစ္ဆာတွေကို ဖမ်းဆီးကြသည်။ လူအဖြစ်သို့ပြောင်းသွားသော မိစ္ဆာတစ်ချို့တွင် ကျင့်ကြံသူများပါရှိသည်ဟု မူရင်းဝတ္ထုတွင် ဖော်ပြထားသည်။ ဆိုလိုသည်က လူစင်စစ်ပြောင်းနိုင်ပါလျှင် ရှေ့ဆက်ဖို့မခက်ခဲပေ။ ထို့ကြောင့် ဂျွန်မြောင်ရည်ရွယ်ချက်က လူဖ့စ်ရန်ကျင့်ကြံခြင်း ပါဝင်လေသည်။

"လူဖြစ်ဖို့အဲ့လောက်ခက်လား ယုံဟွား"

ဈေးသွားဖို့ပူဆာထားတဲ့ ဂျွန်မြောင်က အခုတော့ ခပ်လေးလေးညည်းတွားသည်။ နားရွက်နဲ့ အမြီးကိုမြင်ရမည်ဆိုးတာကြောင့် အပေါ်ထပ် အကျီအရှည်ကြီးကို ခေါင်းစွပ်ပါစွပ်ထားရသည်။ ဂျွန်မြောင်က ယုန်နားရွက်များ ဖြစ်သည်မို့ ခေါင်းစွပ်က အနည်းငယ်မြင့်တက်နေသည်။

"အဲ့တာက သာမန်မိစ္ဆာတွေအတွက်ဆိုရင် ဟုတ်တယ် ငါတို့အတွက်တော့မဟုတ်ဘူး"

"ဘယ်လိုမျိုးလဲ"

ဘာလဲ ဘာလဲ ဖြတ်လမ်းနည်းတွေရှိတာလား။ မထင်ထားဘူး ပထမဆုံးသူငယ်ချင်းလေးက ဒီလိုသုံးစားရမယ်လို့လေ။ သိချင်စိတ်ကြောင့် ဂျွန်မြောင်မျက်လုံးကနေ ကြယ်လေးတွေ လက်နေသလို ဘလင်း ဘလင်းထနေသည်။ ဤအချင်းအရာကို ကြည့်ပြီး ယုံဟွားက ခပ်ဖွဖွရယ်သည်။

"ဟုတ်တာပေါ့ မကောင်းဆိုးဝါးကနေ အသွင်းပြောင်းမိစ္ဆာ, အသွင်ပြောင်းမိစ္ဆာကနေ လူဖြစ်ဖို့ကျင့်ကြံရတာ တကယ္မလြယ္ဘူး။ ဒါပေမဲ့ ငါတို့လို အသွင်ပြောင်းမိစ္ဆာတွေကနေ မွေးဖွားလာတဲ့သူတွေကတော့ လူဖြစ်ဖို့ အခွင့်အရေးပိုများတယ်"

Salvation Of Villains(system)Where stories live. Discover now