အစားခံလိုက်ရပြီ

690 77 7
                                    

{Zawgi}

"သွားရှာလာခဲ့..!"

အမိန့်ဆန်ဆန် ဩရှရှအသုံးအဆုံး လှစ်ခနဲပြေးထွက်သွားသည့် အနီရင့်ရင့် ကြိုးလေးနှစ်မျှင်။ ထိုလူကတော့ ဟန်ပါပါ လက်နောက်ပစ်လျှက် ဖမ်းခေါ်ခံရမဲ့ သားကောင်လေးကိုစောင့်နေသည်။ ကျယ်ပြန့်တဲ့တောကြီးက စိမ်းစိုစိုလျက်ရှိသည် တစ်ခါတစ်ရံ ဘေးဘက်ကုန်းပြင်တစ်လျှောက်တွင် ပွင့်နေသော တောပန်းဖြူဖြူလေးများရဲ့ ရနံများပင် ထုံသင်းနေသေးသည်။

နားရွက်ဖြူဖြူလေးနှစ်ဖက်နဲ့ကောင်ငယ်လေးတစ်ယောက်က ဝတ်ရုံစကိုမ,ကာ မမောမပန်း‌နိုင်ပြေးလွှားနေဆဲပင်။ ရဲရဲနီနေသော ဝတ်စုံလေးက သစ်ပင်စိမ်းစိမ်းများကြား ထင်းထွက်နေလေသည်။ ‌ဖြူဖွေးဖွေး ခြေခုံလေးမှာလည်း သစ်မြစ်တစ်ချို့နဲ့ ထိမိခဲ့သောကြောင့် နီစွေးနေလေသည်။ တွဲကျနေသောသစ်ကိုင်းနဲ့ညှိသွားသောကြောင့် ခေါင်းပေါ်ရှိပဝါစလေးအောက်က မျက်နှာရှင်းသန့်သန့်လေးက ပေါ်လှစ်လာခဲ့သည်။ ဝိုင်းဖန့်သော မျက်ဝန်းလေးများတွင် စိုးရိမ်သောကများကို မြင်တွေ့နေရသည်။

မကြာမီပင် သူ့နောက်လိုက်နေတာ လူတစ်ယောက်မဟုတ်ကြောင်း ထိုဖြူဖြူဖွေးဖွေးလူသားလေး သဘောပေါက်သွားတဲ့အခါ ပြေးဖို့အစီအစဉ်အစား ပုန်းခိုဖို့ရွေးချယ်လိုက်သည်။ ဆက်သွားရင်း ဂူတစ်ဂူ လှမ်းတွေ့လိုက်တာမို့ အမြန်လေးပြေးပြီး ပုန်းလိုက်သည်။ လွတ်ပြီအထင်နဲ့ သက်ပြင်းအသာချကာ အပြင်ထွက်မည်ပြုတော့ တင်းကျပ်သွားသော လက်ကောက်ဝတ်အား သတိပြုမိပြီး တစ်စုံတစ်ခုကို သူသဘောပေါက်လိုက်သည်။ သူပြန်အဖမ်းခံရပြန်ပြီ...!!

ခန္ဓာကိုယ်သေးသေးဟာ လေအလျင်နဲ့မြှောက်တက်သွားတာမို့ ဂျွန်မြောင်အလန့်တကြား မျက်လုံးကိုဖိမှိတ်လိုက်မိသည်။ ဒီလိုပါးလျလျကြိုးလေး နှစ်ချောင်းက သူ့တစ်ကိုယ်လုံးသယ်ဖို့ စွမ်းနိုင်ပါသတဲ့။ အံဩလွန်းလို့ ဂျွန်မြောင်ပါးစပ်ပင်စိမရတော့ပေ။ မကြာခင် သူကြုံတွေ့ရမဲ့ ကံတရားကိုရော ထိုကောင်ငယ်လေး နားလည်ပါ့မလား။

"ထွက်ပြေးပြန်ပြီကွာ"

ဆူငေါက်တာမျိုးမဟုတ် အနည်းငယ်ရယ်မြူးသံပေါက်နေပေမဲ့ အလိုမကျနေတာ အထင်းသား။ အဖေမသိအောင် အပြင်ခိုးထွက်မိတဲ့ ကလေးလိုမျိုး။ ထိုလူကတော့ အေးဆေးပင် တောပန်းလေးတွေကို အနံခံကြည့်လိုက်သာလုပ်နေသည်။ ကြိုးတုပ်ခံထားရတဲ့ လက်နှစ်ဖက်ကို ဂျွန်မြောင်မသိမသာ ရုန်းကြည့်ပေမဲ့ မရ။ ရုန်းလေ ပိုတင်းကြပ်လာလေဖြစ်သည်။

Salvation Of Villains(system)Where stories live. Discover now