ဒုတိယအကြိမ်

601 79 6
                                    

{Zawgi}

ဒီနေ့ကလက်ထပ်ပွဲနေ့......။

အိမ်ရှေ့စံရဲ့ ကြင်ယာတော်ဟာ မည်သူမည်ဝါဖြစ်ကြောင်း သိချင်သူများနေကြသည်။ ပြည်သူများကလည်း ကြင်ယာတော်အစား ရင်ခုန်နေကြသည်။ ပွဲပြင်ဆင်ထားတဲ့ခန်းမအတွင်း မှူးမတ်ကြီးတွေရော မင်းကြီးနဲ့ မိဖုရားသုံးပါး မင်းသားငယ်ဆွန်းဂျယ်တို့က နေရာယူထားကြသည်။ ဂျွန်မြောင်ကတော့ တောင်ပြေးလိုက်မြောက်ပေးလိုက်နှင့်ပင် အင်းလေ ဘယ်သူကတော့ နတ်ဆိုးကို ယောင်္ကျားတော်ရပါတယ်ဆိုပြီး ကနေမှာတုန်း။ ပြီးတော့systemပြောသွားတဲ့စကား မစ်ရှင်ကျရှုံးရင် မူလကမ္ဘာကို ပြန်မရတော့ဘူး။ မဖြစ်ဘူး ငါပါးမချရသေးဘူး။

"ယုန်လေး အဲ့လောက်စိတ်ပူမနေပါနဲ့ မဂ်လာသေ‌ရည်သောက်ပြီးတာနဲ့ ကိုယ်တို့ကအကြင်လင်မယားဖြစ်ပြီလေ"

'ဪ မှတ်သားလောက်စရာ ဘယ်သူကတော့ လက်ထပ်တာ မုန့်စားတာထက်လွယ်တယ်လို့ ထင်မှာလဲ သူအေးဆေးနေတိုင်း မကောင်းတဲ့လူကြီး'

'hostရေ side missionကျလာတယ်'

'ဘာတဲ့လဲ'

'အဲ့တာက လက်ထပ်ပွဲကထွက်ပြေးလွတ်မြောက်ရင် point 500'

ဘယ်လောက်ဘဲဇာတ်အိမ်ပြောင်းနေပါစေ ဇာတ်ဆရာက အပြောင်းအလဲကိုခွင့်မပြုနိုင်တဲ့ပုံပင်။ ကံကောင်းတာကတော့ ငါလေးကအရမ်း ဉာဏ်ကောင်းနေတာဘဲ။

Systemက‌တော့သူ့hostကို မနိုင်ဘူးဆိုတဲ့အကြည့်နဲ့ကြည့်နေလေသည်။ အရှေ့မှာရှိနေတဲ့ဆယ်ဟွန်းကတော့ ချစ်စရာကောင်းလောက်အောင် ‌တွေးနေပြီး ပြုံးနေတဲ့ ဂျွန်မြောင်စိတ်ထဲနေရာယူထားတဲ့သူကို အမှုန်ကြိတ်ချင်နေသည်။ ဆယ်ဟွန်းရဲ့မိုးကြိုးတွေ ပစ်နေတဲ့ပုံကို မြင်သွားတဲ့ systemလေးဟာ သစ္စာရှိစွာဘဲ တိတ်တဆိတ်လိုင်းအောက်သွားလေသည်။ အခြေနေ အရပ်ရပ်ကိုသတိမထားမိသေးတဲ့ ဂျွန်မြောင်ကတော့ ပြုံးပြုံးကြီးနှင့် မေးစေ့ကိုပွတ်သပ်နေတုန်းပင်။

"ဒီကိုကြည့်.."

ဖောင်းကားနေတဲ့ပါးလေးနှစ်ဖက်ကို သူ့လက်ဝါးကြီးနှစ်ဖက်နဲ့ညှပ်ယူလိုက်ပြီး ဝိုင်းစက်နေတဲ့ မျက်လုံးလေးတွေကို သူ့ဆီမှာဘဲ အခြေတည်စေသည်။

Salvation Of Villains(system)Where stories live. Discover now