သရုပ်မှန်

654 73 24
                                    

{Zawgi}

ဂျွန်မြောင် အိပ်ရာကနိုးတော့ နေတောင်အတော်မြင့်နေပြီ။ ဂွန်ဆွန်းနဲ့ မိန်းကလေးခြောက်ယောက်ခန့်တို့က တံခါးအပြင်ဘက်မှာ အစီအရီရပ်နေကြလေသည်။ သူတို့ကဂျွန်မြောင်ခေါ်ရင် ဝင်လာလို့ရကြပေမဲ့ ဒီအစေခံတွေက အသက်မှအပိုမပါဘဲ အလွယ်တကူဝင်မသွားနိုင်ကြ။

အိမ်ရှေ့စံရဲ့ ကြင်ယာတော်အဆောင်က နန်းဆောင်များ၏ ဘယ်ဘက်ခြမ်းအစတွင်တည်ရှိသည်။ ကြင်ယာတော်အိပ်ဆောင်အပြင် လသာဆောင် ပန်းဥယျာဉ်တို့ပါ ထည့်သွင်းဆောက်လုပ်ထားပြီး ပန်းဥယျာဉ်ဘေးတွင် ရေကန်ငယ်လေးလည်းရှိသည်။ အိမ်ရှေ့စံဟာ မကောင်းသတင်းဖြင့် ကျော်ကြားသော်ငြား မင်းသား၏ျေောမောသော ရုပ်ရည်ကြောင့် အိမ်နီးချင်းနိုင်ငံမှမင်းသမီးများ အမတ်ကြီးများ၏သမီးတော်များ စိတ်ဝင်စားခြင်းကို ခံရလေသည်။ သို့သော် မင်းသားကမူ လာကမ်းလှမ်းသမျှကို ငြင်းပယ်လေရှိသည်။ ထိုသို့ငြင်းသောအခါတွင် မင်းကြီးက အရှက်ရစေသည့်သား ဟုဆိုကာ အမြဲဆူပူကြိမ်းမောင်းသည်။

သက်တော်ကြီးရင့်လာပြီဖြစ်သော်လည်း ဘုန်းကံတရားမြင့်မားသောမင်းကြီးက ဇရာအိုသော် စွမ်းရည်မကျပေ။ မာနအလွန်ကြီးပြီး တဇွတ်ထိုးလုပ်တတ်ပါသော မင်းကြီးဟာ မင်းသားကိုထီးနန်းလွှဲပေးရမှာ မလိုလားပေ။ ထို့ကြောင့် ဤမဂ်လာပွဲကို အကြောင်းပြုလို့ တစ်ခုခုတော့ သူဖန်တီးနိုင်လိမ့်မယ်။ မကောင်းဆိုးဝါးက မကောင်းဆိုးဝါးနေရာဘဲ နေသင့်တာမလား။

"မင်းသားအခစားဝင်ပါတယ် မင်းကြီး"

"ဝင်လာခဲ့"

ပွင့်သွားတဲ့ တံခါးချပ်တွေနောက်က ကြည့်ကောင်းတဲ့ ပုံရိပ်တစ်ခု။ မျက်နှာဟာမာန်တင်းနေသော်ငြား ကြည့်ကောင်းဆဲပင်။ မျက်ဝန်းထဲတွင်လည်း သူ့ထက်မလျော့သော မာနတွေ။ ချနင်းပစ်ချင်စရာ...

"သားတော် ကြင်ယာကောက်တာ ခမည်းတော်စိတ်မကွက်ဘူးမလား"

"ဒါဟာမဂ်လာကိစ္စဘဲလေ မိဖုရားကြီးသိလည်း ဝမ်းသာနေမှာ"

"သားတော်တို့ နောက်အပတ်ထဲ လက်ဆက်မယ်လို့ လာအကြောင်းကြားတာပါ"

Salvation Of Villains(system)Where stories live. Discover now