Part3

525 63 17
                                    

Zawgi...

ကျောင်းရောက်တော့ ဂျွန်မြောင်အတန်းရှာပြီး ထိုင်နေလိုက်သည်။ ဘာလား လူမမြင်ဘူးကြတာလား ဘာလို့လိုက်ကြည့်နေကြတာလဲ..

အ‌တန်ငယ်ကြာပြီး‌တဲ့နောက်မှာ အခန်းထဲမှကောင်မလေးတစ်ချို့ရဲ့ ဟေးလားဝါးလားအော်သံတွေကြောင့် ဆူညံသွားတော့သည်။ အနုပညာရှင်များလာလို့အော်ဟစ်နေကြတာလား?? စသုံးလုံးလေးလုပ်ချင်နေတဲ့ ဂျွန်မြောင်ကတော့ ‌ခြေဖျားလေးထောက်ပြီး အခန်းပြင်ကို စပ်စုနေတော့တာဘဲ။ ဟွန့်မြင်လည်းမမြင်ရဘူး နေပေါ့...!

"ဟယ်ချော‌တာအေ တကယ်ပါဘဲ"

"မမယောင်းနာနဲ့ ဆယ်ဟွန်းကတကယ်လိုက်တယ်"

"အေးဆို ငါတော့သဘောတူတယ်"

မမယောင်းနာ? ဆယ်ဟွန်း?

'systemရေ ဒါကမူလဇာတ်ကြောင်းနဲ့တူမနေဘူးနော်'

[ပြုပြင်မှုတစ်ချို့ကြောင့် ဇာတ်ကြောင်းပြောင်းသွားတာပါ]

Systemရဲ့အဖက်လုပ်ခြင်းခံရတာမို့ အရင်ကလိုအောင့်သက်သက်တော့ မဖြစ်တော့ပါဘူး။သူဒီကမ္ဘာရောက်တာမှ နှစ်ရက်ဘဲရှိသေးတာ ဇာတ်လိုက်နဲ့ဇာတ်လိုက်မကတွေ့နေကြပြီ။ ဘယ်လိုဘဲဖြစ်ပါစေ သူ့တာဝန်က အဲ့နှစ်ယောက်နဲ့ဝေးဝေးနေဖို့ပင်။ အားဂျား အားဂျား....

🎵ကိုယ်တွေက တိမ်တွေလို ဖြူစင်ပေမဲ့ ကြုံလာတဲ့လူတွေက ပင်လယ်လိုမာယာများတဲ့အခါ ထားခဲ့ကွာ

ဝမ်းနည်းမနေပါနဲ့ ဘာလို့အခု ရှုံးပွဲချငိုမှာလဲ

သေချာလား အဲ့အချစ်ကမင်းဘဝအတွက် မရှိမဖြစ်ပါဘူးလို့

နည်းနည်းတော့ စဉ်းစားပါအခု ကမ္ဘာမှာအသည်းကွဲဖူးတာ မင်းတစ်ယောက်ထဲမဟုတ်ဘူး🎵

နားကြပ်ထဲကသီချင်းသံကို လိုက်ညည်းရင်း သူနည်းနည်းတော့ ကန့်ကွက်ချင်တယ်။ အသည်းကွဲဖူးတာ ကိုယ်တစ်ယောက်ထဲဟုတ်ချင်မှဟုတ်လိမ့်မယ် ဒါပေမဲ့အကုန်လုံးလည်း ချစ်ဖူးကြမှာဘဲလေ။ ချစ်သူရည်းစားဆိုတာမျိုးထက် အချစ်က fanတစ်ယောက်က သူ့idolအပေါ်ထားတဲ့အချစ်မျိုး ဂရုစိုက်ခံချင်တဲ့ကလေးတစ်ယောက်က ဂရုစိုက်ပေးတဲ့လူတစ်ယောက်အပေါ်ထားတဲ့အချစ်မျိုး။

Salvation Of Villains(system)Where stories live. Discover now