Part 1(Arc2)

773 69 5
                                    

Zawgi......

ဂျွန်မြောင်နိုးလာတော့ သာမန်အခန်းပုံစံတစ်ခုကိုတွေ့လိုက်ရတာမို့ ငုတ်တုတ်ထထိုင်မိသွားသည်။ ဒါက သူအိမ်ပြန်ရောက်လာတယ်လို့ဆိုလိုတာမလား။ ဂျွန်မြောင်ဝမ်းသာလွန်းလို့ မျက်ရည်ပင်ကျလုမတတ်ဖြစ်နေရသည်။ သူအိမ်ဆိုတာကို ဝေးနေမှနားလည်ခဲ့တာ။ မေမေ့အိမ်သွားရမယ် မေမေ့လက်ရာ ကြက်သားချိစ်လိတ်ကို လွမ်းလှပြီ။

ဂျွန်မြောင်အခန်းထဲလျှောက်ကြည့်တော့ အရာအားလုံးဟာပုံမှန်ဖြစ်နေပေမဲ့ ပုံမှန်ပစ္စည်းတြွေဖစ်နေပေမဲ့ မတူတာကသူ့အခန်းဖြစ်သည်။ သူ့အရင်အခန်းသည် အ‌ဖြူနဲ့မိုးပြာရောင်စပ်ထားပေမဲ့ ဒီအခန်းကျ တစ်ခန်းလုံးဖြူစွတ်နေတာဖြစ်သည်။ ဒါကို ဂျွန်မြောင်စိတ်ထဲသိပ်မထားပေမဲ့ စက်ရုပ်တစ်ရုပ်ရဲ့အသံကြားလိုက်ရမှ သူဘုရားပါတမိတော့သည်။

[Salvation of Villains Systemမှကြိုဆိုပါတယ်]

အနိမ့်အမြင့်အတက်အကျမရှိသလို ခံစားချက်တွေပါဝင်မနေဖူးဆိုတာ သိသာနေတဲ့ထိုအသံဟာ သူသိတဲ့စနစ်(system)မဟုတ်ပေ။ သူနောက်တစ်ခါ ကားတိုက်ခံရပြန်တာလား??။ ဒါမှမဟုတ် ကယောင်ခြောက်ခြားတြွေဖစ်နေများလား။

[Hostအတွက်မှတ်ဉာဏ်တွေပို့ပေးနေပါတယ်]

မူးရိပ်လိုလိုမျိုးဖြစ်ပြီးနောက် ဂျွန်မြောင်အကြောင်းစုံသဘောပေါက်သွားတော့သည်။ ကောင်းတယ် ဒီစနစ်ထဲကနေအခုထိ မလွတ်သေးတာပေါ့လေ။

ဒီကမ္ဘာဟာ omegaverseဖြစ်ပြီး ဤခန္ဓာကိုယ်ပိုင်ရှင်သည် omegaဖြစ်ပြီး အလွန်တရာမှ မာနကြီးလွန်းသောသူဖြစ်သည်။ ဇာတ်လိုက်သည် အိုဆယ်ဟွန်း ဖြစ်ပြီး ဇာတ်လိုက်မက လီဟဲ့နာဖြစ်သည်။

အိုဆယ်ဟွန်းဟာ alphaတစ်ယောက်ဖြစ်ပြီး ဂျွန်မြောင်နဲ့သူငယ်ချင်းဖြစ်သည်။ မူလဂျွန်မြောင်ဟာ အိုဆယ်ဟွန်းကို ကြိတ်သဘောကျနေကာ ဖွင်ပြောဖို့လုပ်ကာမှ ဇာတ်လိုက်က လီဟဲ့နာကိုသဘောကျကြောင်း ထုတ်ပြောလာခဲ့သည်။ ထို့အခြင်းအရာကြောင့် ဂျွန်မြောင်ဟာ လီဟဲ့နာကို မနာလိုကြီးစွာဖြင့် အိုဆယ်ဟွန်းအနားကထွက်သွားဖို့ အမျိုးမျိုးကြံစည်တော့သည်။ သို့သော် ဇာတ်လိုက်က သိသွားကာ လီဟဲ့နာက ကယ်တင်ခံလိုက်ရပြီး ဂျွန်မြောင်လေးက အငြင်းခံရတော့သည်။ ထို့ကြောင့်မူလဂျွန်မြောင်က systemကိုခန္ဓာပေးပြီး သူ့အတိတ်တွေကို ကယ်ပေးဖို့တောင်းဆိုခဲ့သည်။‌

Salvation Of Villains(system)Where stories live. Discover now