Part8[Final episode]

525 61 5
                                    

Zawgi...

ဒီနေ့ဂျွန်မြောင်တို့လျှောက်လည်ဖို့ သဘောတူထားကြသည်။ side missionကိုခေါင်းထဲကထုတ်ပစ်လိုက်သည်။ သူ့မှာ ကမ္ဘာတစ်ခုပြီး တစ်ခုပြောင်းတိုင်း ဘယ်လိုမစ်ရှင်တွေကျမလဲ ဘယ်ဗီလိန်ကိုကယ်ရမလဲဆိုတာတွေဘဲ ခေါင်းထဲရှိခဲ့သည်။ ပြောရရင် မူလကမ္ဘာမှာတောင် ဂျွန်မြောင်ဒီလောက်ထိဂရုစိုက်ခံရဖူးတာမဟုတ်။ ဒီနေ့တော့ အကုန်လုံးကိုမေ့ပစ်ပြီး တစ်နေကုန်လျှောက်လည်ပစ်မည်။

ဂျွန်မြောင်ကhoodieပန်းနုရောင်ပွပွလေးရယ် ဘောင်ဘီအဖြူလေးရယ် ဝတ်ထားပြီး လုံးလုံးလေးဖြစ်နေသည်။ ကော်ဖီရောင် ဆံပင်အုပ်အုပ်လေးက မျက်နှာလေးကိုပိုပြီးနုစင်စေသည်။ မျက်ဝန်းဝိုင်းဝိုင်းလေးတစ်စုံကတော့ တစ်စုံတစ်ယောက်ကို စောင့်ဆိုင်းနေဟန် ဟိုရွေ့သည်ရွေ့နှင့်။

"ဂျွန်"

အပေါ်ထပ်ကနေဆင်းလာတဲ့လူကြီးက ဂျွန်မြောင်ကိုစမြင်တာနဲ့ခေါ်တော့တာပင်။ ရှပ်အဖြူစွတ်စွတ်ကို စတိုင်ပန်အနက်ထဲထည့်ဝတ်ထားပြီး အပေါ်ကကုတ်အရှည်ထပ်ထားသည်။ ဘာမှထူးထူးခြားခြား ပြင်ဆင်ဝတ်စားထားတာမရှိပါဘဲ ထိုလူကြီးကကြည့်ကောင်းတာဖြစ်သည်။ သွားစွယ်ချွန်ချွန်တွေများပေါ်အောင်ရယ်လိုက်ရင် ဒီလူရူးဖို့လုံလောက်ပါရဲ့။

"ကိုယ့်ကလေးလေးက အစောကြီးစောင့်နေတာလား?"

ခေါင်းကိုခပ်ဖွဖွလာပွတ်တာမို့ ဂျွန်မြောင်မျက်လုံးလေး‌တစ်ဖက်မှိတ်သွားရသည်။ ဂျွန်မြောင့်ပုံစံလေးကိုသဘောကျသွားတဲ့လူကြီးက တစ်ဟားဟားအော်ရယ်ရင်း ဆံပင်တွေဆက်တိုက်ဖွနေတော့တာဘဲ။ မကြိုက်ပါဘူးဆို!!

"ဟုတ်ပါပြီ မစတော့ဘူး။ အခုတော့ထ မကစားခင် မနက်စာအရင်စားရအောင်"

ဆူပုတ်ပုတ်‌မျက်နှာပေးလေး ဖြစ်သွားပြန်တဲ့ ဂျွန်မြောင်မျက်နှာကို ကြည့်ရင်း ရယ်သွေးလွှမ်းကာ ပြောလာသည်။ အသာဆွဲခေါ်လာတဲ့ လက်တစ်ဖက်ကို မရုန်းဘဲ အသာလေးပြန်ဆုပ်ကိုင်ပေးလိုက်တော့ တုန်သွားတဲ့လက်ကြီးသည် လန့်သွားခြင်းထက် အံဩခြင်းကြီးစွာ။ လှည့်ကြည့်လာတဲ့ မျက်နှာချောချောကို ဂျွန်မြောင်မျက်လုံးတွေမှိတ်တဲ့အထိ ရယ်ပြတော့ လွှဲပစ်လိုက်တဲ့ မျက်ဝန်းတွေမှာ မျက်ရည်စတွေ မြင်လိုက်ပါရဲ့။

Salvation Of Villains(system)Donde viven las historias. Descúbrelo ahora