အပိုင်​း(၄) ​ေမာ့ရှီး၊ နင်​့ဘဝ​​အေးချမ်​းပါ​စေ.

416 47 2
                                    

အပိုင်​း(၄) ​ေမာ့ရှီး၊ နင်​့ဘဝ​​အေးချမ်​းပါ​စေ..

ည​နေ​ရောက်​​တော့​ေမာ့ရှီးက အိမ်​ထဲကိုအ​ဆောတလျင်​ဝင်​လာခ့ဲတယ်​။ငါက​တော့​ကုတင်မှာလဲ​လျောင်​းပြီးစာဖတ်​​နေရာကသူ့ကိုတစ်​ချက်​ကြည်​့ပြီးစာပြန်​ဖတ်​​နေလိုက်​တယ်​။သူက​တော့အိမ်​ထဲဝင်​မလာခင်​တံခါးဝမှာခဏရပ်​​နေတယ်​ ပြီးမှဖြည်​းဖြည်​းချင်​း​ခြေလှမ်​းပြီး ​ညောင်​​စောင်​းရဲ့​ခြေရင်​းမှာထိုင်​လိုက်​တယ်​။
"ဒီ​နေ့ရဲမက် တွေလာသွားတယ်​လို့ကိုယ်​ကြားတယ်​''

"အွန်​''

"စန်​းရှန်​း...''

ငါစာအုပ်​ကိုပစ်​ချလိုက်​ပြီးထထိုင်​လိုက်​တယ်​။
"နင်​ငါ့ကိုဘာ​မေးချင်​တာလဲ''

သူပါးစပ်​ဟလိုက်​​ပေမယ်​့ စကားတစ်​လုံးမှထွက်​မလာဘူး။

"ရဲမက်တွေကိုရိုက်​လွှတ်​လိုက်​တာငါပဲ ။ ရှီချန်​ချန်​ကို​မောင်​းထုတ်​လိုက်​တာကလည်​းငါပဲ။''

သူငါ့ကိုခဏ​လောက်​ကြည်​့​နေပြီး​တော့ရယ်​တယ်​ အသံကိုက​လှောင်​ရယ်​ရယ်​သံမျိူး!
ငါမျက်​ခုံးကိုပင်​့လိုက်​ပြီးဆက်​​ပြောလိုက်​တယ်​။

"ဘာလဲ။နင်​ကစစ်​သူကြီးသမီးကိုလက်​ထပ်​မလို့လား။အိုး....အဲ့တာဆိုရင်​​တော့ ဒုက္ခပဲ ငါနင်​့မင်္ဂလာပွဲကိုဖျတ်​ဆီးလိုက်​မိပြီ။နင်​အဲ့​လောက်​တောင်​ဝမ်​းနည်​း​နေရင်​ငါ​ကောင်​မ​လေးကိုသွားရှာပြီးပြန်​​ခေါ်လာခဲ့မယ်​။သူနင်​့ကိုအရမ်​း​ကြွေ​နေပုံပါပဲ''

ငါလည်​း​ပြောပြီးပြီးချင်​းမတ်​တပ်​ထပြီးအပြင်​ထွက်​ဖို့လုပ်​လိုက်​တယ်​။ဒါ​ပေမယ်​့ သူကငါ့လက်​ကိုဖမ်​းဆွဲထားတယ်​။သူ့မျက်​နှာ​လေးကရှက်​လို့နီမြန်​း​နေတယ်​။
"စန်​းရှန်​း ။ ကိုယ်​ဆိုလိုတာအဲ့လိုမဟုတ်​ဘူးဆိုတာမင်​းသိတယ်​မဟုတ်​လား။ကိုယ်​တကယ်​​တော့ မင်​းကိုယ်​့အတွက်​သဝန်​တိုတာနဲ့ပက်​သတ်​ပြီးအရမ်​း​ပျော်​​နေတာ။ ဒါပေမယ်​့....''

"ဒါ​ပေမဲ့ ဘာလဲ?''

"ရဲမက်တွေက​ပြောတယ်​မင်​းကမ​ကောင်​းဆိုးဝါးတဲ့။သူတို့ကမနက်​ဖြန်​ ​မှော်​ဆရာကြီးကို​ခေါ်ပြီးမ​ကောင်​းဆိုးဝါးနှင်​​စေချင်​ကြတယ်​''

သုံးဘဝကြမ္မာချစ်​ခြင်း​စေရာ [B&G / Translation]Where stories live. Discover now