5:သူမင်းကိုကာကွယ်​​နေတာ က​လေး

5.1K 514 61
                                    

အပိုင်း(၅) က​လေး သူကမင်းကိုကာကွယ်​​ပေး​နေတာ

မြေ​အောက်​ကမ္ဘာကို​ရောက်​တာနဲ့ငါ့လည်​ကုတ်​ကနည်းနည်းနာလာတယ်​။ရန်​ဝမ်​ငါ့ကို​ပေးထားတဲ့အစီရင်​သုံးခုမှာတစ်​ခုက​ပျောက်​သွားပြီ။ အဲ့ဒီအဓိပ္ပါယ်​က မိုရှီငါ့ကိုကတိ​ပေးထားတဲ့သုံးခုမှတစ်​ခုကအဆုံးသတ်​သွားပြီဆိုတာပဲ။
မြေ​အောက်​ကမ္ဘာကိုပြန်​​ရောက်​ပြီးတဲ့​နောက်​ ငါအရင်​လိုဝမ့်​ချွမ်​မြစ်​​ဘေးတ​လျှောက်​လမ်း​လျှောက်​ထွက်​ရတာမကြိုက်​​တော့ဘူး။နေ့တိုင်း​ကျောက်​တုံးကိုမှီပြီး မိုရှီပြန်​လာတဲ့အခါသူနဲ့အတူ လူပြန်​ဝင်​စားဖို့​စောင့်​​နေမိတယ်​။ အချိန်​​တွေက​မြေ​အောက်​ကမ္ဘာမှာဖြည်းဖြည်းချင်းကုန်​ဆုံး​နေ​ပေမယ့်​ ငါ့အတွက်​​တော့ လူ့ပြည်​ကအချိန်​နဲ့​ပေါင်းရင်​နှစ်​​ပေါင်း​လေးဆယ်​​လောက်​ကြာသွားပြီ။တစ်​​နေ့​တော့ ငါ့ရဲ့မိတ်​​ဆွေ​ဟောင်းကြီးလို့ဆိုရမယ့်​လူတစ်​​ယောက်​နဲ့ပြန်​​တွေ့တယ်​။ ငါသူ့ကိုပြုံးဖြဲဖြဲမျက်​နှာနဲ့နှုတ်​ဆက်​လိုက်​တယ်​။ သူလည်းငါ့ကိုမှတ်​မိပုံပါပဲဒါ​ပေမယ့်​အချိန်​ကြာသွားပြီဆို​တော့ နည်းနည်းအချိန်​ယူစဉ်းစား​နေ​သေးတယ်​။

"မင်း?"

"သူ​တော်​စင်​ကြီး မ​တွေ့ရတာကြာပြီ။နင်​မအိုသွားဘူးပဲ''

သူကမျက်​​မှောင်​ကြုတ်​ပြီးငါ့ကို​မေးတယ်​။''မင်းဘာလို့ခုထိပြန်​မဝင်​စား​သေးတာလဲ''

"ငါတစ်​​ယောက်​​ယောက်​ကို​စောင့်​​နေတာ''

ငါကပုံမှန်​အတိုင်း​ပြောလိုက်​တာဆို​ပေမယ့်​လည်းအဲ့တာကသူ့ကိုအရမ်းအံ့သြသွား​စေပုံပဲ။သူသက်​ပြင်းချပြီးခဏ​လောက်​တိတ်​ဆိတ်​သွားတယ်​။''မင်းတို့နှစ်​​ယောက်​ကိုဘဝခြား​အောင်​လုပ်​ခဲ့မိတာကျူပ်​ပဲ...ကျူပ်​ကြောင့်​''
ငါလက်​ရမ်းပြီးကိစ္စမရှိ​ကြောင်း​ပြောလိုက်​တယ်​။ဒါက ကံစီမံရာပဲသူနဲ့မဆိုင်​ပါဘူး။
"မင်းကမင်းရဲ့တစ်​ဘဝလုံးငရဲမှာသူ့ကို​စောင့်​​နေတဲ့အချိန်​သူက​တော့လူ့ပြည်​မှာမင်းပူ​ဆွေးတမ်းတ​နေတယ်​။ကျူပ်​ကမင်းတို့နှစ်​​ယောက်​ရဲ့​ပျော်​ရွှင်​မှုကိုဖျတ်​ဆီးခဲ့မိတာပဲ'' သူက​ပြောရင်းခဏနားပြီး ''အသွားပြီးရင်​အပြန်​ရှိတယ်​။ကျူပ်​မင်းတို့နှစ်​ဦးအ​ပေါ်ဒီဘဝမှာအ​ကြွေးရှိတာ​တော့​နောက်​ဘဝကျရင်​​သေချာ​ပေါက်​ပြန်​ဆပ်​မယ်​''

သုံးဘဝကြမ္မာချစ်​ခြင်း​စေရာ [B&G / Translation]Where stories live. Discover now