Bonus 3 : စီးမင်​ရှင်းကျွင့်​​သေဆုံးခြင်း

8.2K 743 187
                                    

Bonus 3 : စီးမင်​ရှင်းကျွင့်​​သေဆုံးခြင်း

စီးမင်​​သေသွားပြီ။ ​ပြောရမယ်​ဆိုတကယ်​​သေတာ​တော့မဟုတ်။ဆုရှန့်​​တံတားပေါ်က​နေပြုတ်​ကျပြီးနှစ်​နှစ်​ခြိုက်​ခြိုက်​ကိုအိပ်​​မောကျသွားခြင်းဖြစ်​သည်​။

ဆုရှန့်​တံတား​အောက်​တွင်​​ကျောက်​စိမ်း​ရေကန်​ငယ်​​လေးရှိသည်​။ ထို​ကျောက်​စိမ်းကန်​အတွင်းရှိသည့်​​ရေများမှာအလွန်​တရာ​မွှေးပျံ့ ပြီး ယစ်​မူး​စေသည့်​အနှစ်​တစ်​​သောင်းသက်​တမ်းဝိုင်​များဖြစ်​​နေခြင်းကအဓိကပြသာနာဖြစ်​၏။ အဆင့်​မြင့်​နတ်​တစ်​ပါး​တောင်​မှအလွန်​အကြူး​သောက်​လျှင်​နှစ်​​ထောင်​ချီအိပ်​​ပျော်​သွားနိုင်​​အောင်​ပြင်းလွန်းသည်​။
စီးမင်းရှင်းကျွင့်​က ​ရေနှင့်​မနီးစပ်​သူဖြစ်​သည်​ကိုနတ်​ဘုံတစ်​ဘုံလုံးသိကြသည်​။ယခုသူမကကန်​ထဲပြုတ်​ကျသွားပြီ မျက်​ဖြူလန်​သည့်​အထိထိုကန်​​ရေကိုကုန်​​အောင်​မ​သောက်​လျှင်​ ​​ပေါ​လော ပြန်​​ပေါ်လာမည်​မဟုတ်​​ပေ။ ​တော်​​သေးတာကအ​စောင့်​တစ်​​ယောက်​ သူဝိုင်​ကန်​ထဲနစ်​​နေတာမြင်​ပြီး ကမ်းစပ်​ကိုပြန်​ဆွဲ​ခေါ်လာခဲ့သည်​။ကမ်း​ပေါ်​ရောက်​​တော့စီးမင်​တစ်​​ယောက်​ဝိုင်​မွှန်းပြီးသတိ​မေ့​မြော​နေခဲ့ပြီ။

နတ်​သမား​တော်​ကြီးကသူမ၏​သွေး​ကြောကိုစမ်းသပ်​ပြီး​​နောက်​ အနှစ်​၆​ထောင်​၊၇​ထောင်​​လောက်​ကြာမှနိုးလိမ့်​မည်​ဟု​ပြောသည်​။ ​ခြောက်​​ထောင်​၊ခုနှစ်​​ထောင်​သည်​မ​သေနိုင်​​သောနတ်​များအတွက်​ကြာလွန်း​သောအချိန်​မဟုတ်​။ သို့​ပေမယ့်​စီးမင်​က နယ်​ပယ်​သုံးခု၏ကံကြမ္မာကိုစီရင်​ရ​သော ကံကြမ္မာနတ်​ဘုရားဖြစ်​​နေသည်​။ ဒုက္ခကြမ္မာဖြတ်​သန်းရန်​အတွက်​ ထိုကံကြမ္မာကို​ရေးဆွဲရန်​လည်းသူမမှာတာဝန်​ရှိ​သေးသည်​။ နယ်​ပယ်​သုံးခုကသူမတစ်​ရက်​​လောက်​မရှိလို့​တောင်​မဖြစ်​ အနှစ်​၆​ထောင်​၊၇ထောင်ဆိုလျှင်​ ပိုလို့​တောင်​မဖြစ်​​သေးပါ။

နတ်​​တွေလည်းဘာမှမတတ်​နိုင်​စီးမင်​၏န​မော်​နမဲ့နိုင်​မှုကိုသာအပြစ်​တင်​ကြ​တော့သည်​။ ​သွေးရူးတန်​ရူးဖြစ်​​နေသည့်​ကြအ​စေခံ များထဲမှတစ်​​ယောက်​က သူမ အရှင်​မိုရှီ၏ဇနီးအသစ်​​လေးနှင့်​စီးမင်​တို့ကိုအတူ​တွေ့လိုက်​သည်​ဟု​ပြောလာသည်​။ နှစ်​ဦးသားလည်းစကားများ​နေကြဟန်​တူသည်​ဟု ထပ်​မံ​ဖြောင့်​ချက်​​ပေးလာသည်​။ သူမထိုသို့​ပြောပြီး​နောက်​အားလုံးက တစ်​​ယောက်​ကိုတစ်​​ယောက်​ကြည့်​လျှက်​ဘယ်​သူမှကျယ်​ကျယ်​စကားမ​ပြောရဲ​တော့​ပေ။
စစ်​နတ်​ဘုရားကပုံမှန်​အားဖြင့်​အရမ်းကိုတရားမျှတ​သောနတ်​တစ်​ပါးဖြစ်​သော်​လည်း သူ့ဇနီးစန်းရှန်းကို​တော့သည်းသည်းလှုပ်​ကာကွယ်​တတ်​သည်​။ ထို့​ကြောင့်​မည်​သူမှသူမအ​ကြောင်းမ​ကောင်းမ​ပြောရဲကြ​ပေ။

သုံးဘဝကြမ္မာချစ်​ခြင်း​စေရာ [B&G / Translation]Where stories live. Discover now