Bonus 1 : ချစ်​​သော်​လည်း​ဝေးခဲ့သည်​။

5.3K 570 64
                                    

Bonus 1 : ချစ်​​သော်​လည်း​ဝေးခဲ့သည်​။

မြို့​တော်​၏ပုံမှန်​တိတ်​ဆိတ်​​သောညတစ်​ည​တွင်​ ည​စောင့်​တစ်​​ယောက်​သည်​လည်း သန်း​ဝေရင်း အမတ်​ချူပ်​ကြီးရဲ့ခြံဝန်းအပြင်​ဖက်​မှာကင်းလှည့်​​နေ၏။

တံတိုင်းပု​လေး၏တစ်​ဖက်​မှ အမတ်​ချူပ်​အိမ်​​နောက်​တွင်​မီး​ရောင်​မြင်​လိုက်​သည့်​မို့ ည​စောင့်​မှာ​ခြေဖျား​ထောက်​၍​ခြောင်း​ကြည့်​လိုက်​သည်​။ ဆီး​တော​လေးကရှိ​နေဆဲဖြစ်​သည်​။ ​ဆောင်းကုန်​ခဲ့ပြီမို့ ပွင့်​လွှာတို့က​ကြွေကျကုန်​ပြီး ရွက်​သစ်​တို့အတွက်​​နေရာ​ပေးကြကုန်​သည်​။ ​လေတိုက်​သည့်​အခါတိုင်းသစ်​ကိုင်း​ခြောက်​တို့ကအချင်းချင်းပွတ်​တိုက်​လျှက်​ တရှပ်​ရှပ်​မြည်​​နေ၏။

ရိုးရှင်းသည့်​အိမ်​တစ်​လုံးက ဆီး​တောအလယ်​တွင်​ရှိ​နေပြီး ဖ​ယောင်းမီးမှိန်​မှိန်​ထွန်​ထား​လေသည်​။ကောလဟာလ​တွေအရ အမတ်​ချူပ်​ကြီးက ပကာသန​တွေမက်​​မောခြင်းမရှိပဲ ထိုအိမ်​​လေး၌သာညစဉ်​အိပ်​စက်​​လေ့ရှိသည်​တဲ့။

ပေါက်​တတ်​ကရ​တွေ! ည​စောင့်​မှာနှုတ်​ခမ်းကိုတွန့်​လိုက်​သည်​။ ဘာအိပ်​တာလဲ? အမတ်​ချူပ်​ကြီးကတစ်​ညလုံးနီးပါးထိုင်​​နေတာ။ သူဒီ အပိုင်းဖက်​မှာည​စောင့်​ဖြစ်​ချိန်​ကစပြီး ညတိုင်းနီးပါး အမတ်​ချူပ်​ကြီးရဲ့အခန်းမှာမီးလင်း​နေတာ​တွေ့ရတယ်​။

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

ပေါက်​တတ်​ကရ​တွေ! ည​စောင့်​မှာနှုတ်​ခမ်းကိုတွန့်​လိုက်​သည်​။ ဘာအိပ်​တာလဲ? အမတ်​ချူပ်​ကြီးကတစ်​ညလုံးနီးပါးထိုင်​​နေတာ။ သူဒီ အပိုင်းဖက်​မှာည​စောင့်​ဖြစ်​ချိန်​ကစပြီး ညတိုင်းနီးပါး အမတ်​ချူပ်​ကြီးရဲ့အခန်းမှာမီးလင်း​နေတာ​တွေ့ရတယ်​။

အမတ်​ချူပ်​ကြီးရဲ့ အ​ကြောင်းကိုအခြားသူထက်
ည​စောင့်​ကပိုပြီး​တော့​တောင်​ စိတ်​ဝင်​စား​နေ​သေးတယ်​။ အမတ်​ချူပ်​ကြီးကဘယ်​လိုလူမျိုးလဲ? မင်းကြီးကလွဲရင်​ဘယ်​သူ့လက်​​အောက်​မှာမှမရှိတဲ့လူတစ်​​ယောက်​အ​နေနဲ့ သူ့ မှာ​လောကကြီးကိုဖြိုချပစ်​နိုင်​တဲ့အာဏာ​တောင်​ရှိတယ်​ ဒါ​ပေမယ့်​ သူကအခုလိုသာမန်​အိမ်​​လေးထဲမှာ​နေရတာနှစ်​ခြိုက်​​နေတယ်​။ တစ်​စုံတစ်​​ယောက်​ကလာလုပ်​ကြံမှာသူမစိုးရိမ်​ဘူးလား။ သူ့ကိုယ်​သူလုံးဝမဖျားမနာဘူးလို့ယုံကြည်​ထားတာလား။ အိပ်​ဖို့​ကောမလိုအပ်​ဘူးလား။

သုံးဘဝကြမ္မာချစ်​ခြင်း​စေရာ [B&G / Translation]Where stories live. Discover now