အခန်း (၁၄) တကယ်ပဲ နင်ပေါ့။
ငါထင်တာကငါလွယ်လွယ်နဲ့လွတ်နိုင်မယ်ပေါ့။ ငါလုပ်ရမှာက ကိုယ်ပျောက်မန္တန်ကိုသုံးပြီးမိုရှီတို့နောက်လိုက်ရုံပဲလေ။ ဒါပေမယ့်လည်း ဘဝကငါထင်သလိုဖြစ်မလာတတ်ဘူး။ ဘုရင်ကိုယ်တိုင်လှုပ်ရှားလာမယ်လို့ငါဘယ်ထင်မိမလဲ။ ဒီအသိဥာဏ်မရှိတဲ့ဘုရင်ကအဲ့လောက်အငြိုးအတေးကြီးမယ်လို့ငါမထင်ခဲ့မိဘူး။ သူကငါ့ကိုသူ့ရဲ့ဘုန်းအရှိန်အဝါနဲ့ဖိနှိမ့်ထားပြီး သံကွန်ခြာနဲ့အုပ်ဖမ်းလိုက်တယ်။ ငါထောင်ထဲအဖမ်းခေါ်မသွားရခင် ငါပြောလိုက်သေးတယ် ဘုရင်ထွက်သွားတာနဲ့ငါ့စွမ်းအားတွေပြန်ပြည့်လာတာနဲ့ငါထွက်သွားမယ်လို့။
သူတို့ငါ့ကိုထောင်ထဲဆွဲခေါ်သွားတော့ငါသက်ပြင်းညင်းညင်းချမိတယ်။ ဧကရာဇ်မင်းကပိုင်ကျိုကိုလုံးဝခွင့်မလွှတ်နိုင်တဲ့ရာဇဝတ်သားအဖြစ်သတ်မှတ်ထားပုံရတယ်။ မဟုတ်ရင်ငါ့ကိုနန်းတော် မြေအောက်ခန်းအတွင်းမှာချူပ်နှောင်ထားမှာလား။ပထမကဧကရာဇ်ကငါ့ကိုထွက်မပြေးအောင်ချူပ်ထားတာပဲ။ ပြီးမှ ပိုင်ကျိုနဲ့မိုရှီဘယ်ထွက်သွားလည်းဆိုတာငါ့ဆီကသတင်းနှိုက်ချင်တာ။ ငါထွက်ပြေးလို့မရမှတော့ ငါမြေအောက်အကျဉ်းစခန်းမှာပဲ အေးအေးလူလူနေဖို့ဆုံးဖြတ်လိုက်တယ်။ သေမျိုးတွေရဲ့ညင်းပန်းကိရိယာတွေကငါ့ကိုအန္တရာယ်မဖြစ်စေပါဘူး။ နေ့တိုင်းသူတို့ငါ့ကိုကြာပွတ်နဲ့ရိုက်နေတာတွေက ငါ့အတွက်တော့အယားပြေအောင်ကုပ်နေသလောက်ပဲ။ ဒါပေမယ့်လည်းပေါ့ ငါနေ့တိုင်းမတရားအကုပ်ခံနေရတာကတော့မကောင်းဘူးပေါ့။
သူတို့ကမိုရှီဘယ်မှာရှိလဲ နေ့တိုင်းနေ့တိုင်းမေးကြတယ်။ ငါဘယ်လိုလုပ်သိမှာလဲ။ ငါရိုးရိုးသားသားဖြေတာကိုသူတို့က ငါလိမ်နေတာလို့ပဲထင်နေကြတယ်။ ဒီလူတွေမြေအောက်ကမ္ဘာကိုရောက်တာနဲ့ဦးနှောက်ပါမပါသိရအောင် မှင်စာလေးတွေကိုပြန်မေးရမယ်လို့ငါတေးထားလိုက်တယ်။
တကယ်လို့ အဖြေကဟုတ်တယ်ဆိုရင် ငါသူတို့ကို အသားပြားဖြစ်သွားအောင်ထုပစ်လိုက်မယ်။ အဖြေကမဟုတ်ဘူးဆိုရင်တော့ ငါသူတို့ခေါင်းကိုဖြတ်ပြီး တိရိစ္ဆာန်အဖြစ်ဝင်စားရအောင်ကန်ထုတ်ပစ်လိုက်မယ်။
YOU ARE READING
သုံးဘဝကြမ္မာချစ်ခြင်းစေရာ [B&G / Translation]
FantasyOriginal Title - SanSheng, Death Exists Not at the River of Oblivion Original author -Jiu Lu Fei Xiang Eng Translater - Hamster420 Myanmar translater - invisible_clover စန်းရှန်းဆိုတာမေ့ပျောက်ခြင်းမြစ်ဘေးကကျောက်တုံးကလေး။သူ့ဘဝဟာဒီလိုပဲတလေ...