အပိုင်း (၇) သော့တစ်ထောင်စေတီဖျတ်ဆီးခံလိုက်ရပြီ
ဒီဘဝမှာတော့တော်ဝင်မှော်ဆရာချူပ်ကြီးက ဟူရိဆိုတဲ့နံမည်နဲ့ဝံပုလွေမိစ္ဆာအဖြစ်ဝင်စားခဲ့တယ်။
ခုန်လိုက်၊လွှားလိုက်နဲ့ သူ့ဘေးပတ်လည်သံအုပ်ဆောင်းပေါ်ကအင်းစာရွက်တွေကိုငါလိုက်ဖြုတ်နေတဲ့အချိန်သူကတော့ ငါ့ကိုမယုံကြည်နိုင်တဲ့မျက်လုံးတွေနဲ့ငေးမောကြည့်နေလေတယ်။
"ဘယ်လိုလုပ် လူသားတွေလိုလွယ်ကူလွန်းနေရတာလဲ''
ငါဆံပင်ကိုခါလိုက်ပြီး လက်ကိုဝေ့ရမ်းလိုက်တယ်။ ကြီးမားတဲ့သံကြိုးတွေဟာမှော်စွမ်းအားကြောင့်ပြုတ်ထွက်သွားပြီးနောက် ငါခပ်ကြွားကြွားပြန်ဖြေလိုက်တယ်။
"ပြောရမယ်ဆိုရင်...ငါကလူသားစစ်စစ်ကြီးတော့မဟုတ်ဘူး''သံအုပ်ဆောင်းကြီးကလည်းအပိုင်းပိုင်းပြတ်တောက်သွားပြီး သော့တစ်ထောင်ဘုရားရဲ့အောက်ကိုပြုတ်ကျသွားတယ်။ ဟူရိကလေထဲမှာပေါလောပေါ်နေပြီး သူ့ရဲ့အဖြူရောင်ဆံပင်တွေကလူးလွန့်နေသလို၊ အစိမ်းရောင်မျက်ဝန်းတွေကလည်း ငရဲမီးလိုတောက်ပနေတယ်။ သူဘယ်လောက်ပျော်ရွှင်နေသလဲဆိုတာငါစိတ်မဝင်စားဘူး။ ငါလက်ချောင်းတွေကိုတဗျစ်ဗျစ်ချိုးပြီး သူ့ကိုပြောလိုက်တယ်။
"နင်ငါ့ကိုဒါကူညီပြီးရင်နင်စိတ်ကြိုက်သွားလို့ရပြီ။သွားရအောင်''ဟူရိကခဏကြာတိတ်ဆိတ်နေပြီး '' လျူပိုရဲ့သော့တစ်ထောင်စေတီထဲကိုဝင်လာရတယ် ဒါပေမယ့် ပြန်ထွက်လို့မရဘူး''
"ပြန်ထွက်လို့မရဘူး?'' ငါသူ့ကိုမျက်လုံးမျက်ဆန်ပြူးကြည့်မိတယ်။
"ငါလူပြည်မှာအကြာကြီးမနေရသေးပေမယ့် အရောင်းအဝယ်တစ်ခုမှာဖိအားပေးလို့မရဘူးဆိုတာလောက်တော့ငါသိပါသေးတယ်။ ဝင်ခွင့်ပေးပြီးထွက်ခွင့်မပေးတာမျိုးက အမြတ်ကြီးစားတဲ့မူဝါဒလို မတရားတာကြီးပဲ။ လျူပိုကရသေ့တွေကနည်းနည်းလေး လွန်ကဲမနေဘူးလား''
YOU ARE READING
သုံးဘဝကြမ္မာချစ်ခြင်းစေရာ [B&G / Translation]
FantasyOriginal Title - SanSheng, Death Exists Not at the River of Oblivion Original author -Jiu Lu Fei Xiang Eng Translater - Hamster420 Myanmar translater - invisible_clover စန်းရှန်းဆိုတာမေ့ပျောက်ခြင်းမြစ်ဘေးကကျောက်တုံးကလေး။သူ့ဘဝဟာဒီလိုပဲတလေ...