2:ငါ့ကိုနင်​ ရှင်​မ လို့​ခေါ်တာ​လေးနား​ထောင်​ရ​အောင်

9.2K 566 58
                                    

မြေ​အောက်​ကမ္ဘာရဲ့အချူပ်​အ​နှောင်​​တွေအကုန်​လုံးကိုငါကြိုးစား​ဖြေပြီးချိန်​မှာ​တော့ ရန်​ဝမ်​ ကိုယ်​တိုင်​ငါ့ရဲ့လည်​ကုတ်​မှာအစီအရင်​သုံးခုလုပ်​​ပေးခဲ့တယ်​။ အစီရင်​တစ်​ခုစီကလူ့ပြည်​မှာ​နေရတဲ့ဘဝတစ်​ခုချင်း စီကိုရည်​ညွှန်း​နေတယ်​။အစီအရင်​သုံးခုလုံး​ပျောက်​ကွယ်​သွားရင်​ ငါက​မြေ​အောက်​ကမ္ဘာကိုပြန်​လာပြီး အရင်​လိုဝမ့်​ချွမ်​မြစ်​​ဘေးမှာပြန်​​နေရလိမ့်​မယ်​။ အခြားဝိညာဉ်​​တွေရဲ့မနာလိုအားကျ​နေတဲ့မျက်​လုံး​တွေကိုလျစ်​လျူရှုပြီးငါဝတ်​ရုံဖြူကိုဝတ်​လို့ လူ့ပြည်​ကိုထွက်​ခွာလာခဲ့တယ်​။

လူ့ပြည်​ဟာငါစာအုပ်​ထဲက​နေတစ်​ဆင့်​သိထားတာထက်​​တောင်​ပိုစည်​ကား​သေးတယ်​။စိတ်​ဝင်​စားစရာ ​တွေလည်းများတယ်​ ပြီး​တော့ အန္တရာယ်​လည်းများတယ်​။
လူ့ပြည်​ကို​ရောက်​ပြီးသုံးရက်​အကြာမှာ ငါမိုရှီကိုရှာဖို့​လျှောက်​သွား​နေတုန်းဘုံ​ကျောင်းတစ်​ခုကိုဖြတ်​မိ တယ်​။အဲ့တာကမဟာယာနဗုဒ္ဓဘာသာ​ကျောင်းတစ်​ခုပဲ။ငါလည်းဝင်​ရှိခိုးဖို့​တွေးပြီးဘုံ​ကျောင်းထဲကိုဝင်​လိုက်​တာ​ပေါ့။ငါဒူး​ထောက်​ပြီးကန်​​တော့လို့မပြီး​သေးခင်​မှာပဲငါ့​ရှေ့မှာ သင်​တုန်းဓားကိုင်​ထားတဲ့ ဘုန်​ကြီးအိုတစ်​ပါးဖြတ်​ခနဲ​ရောက်​ချလာတယ်​။သူကငါ့ ကိုကြည်​ကြည်​သာပြုံးပြပြီး​ပြောလာတယ်​။

"​အော်​မီ​ထော​ဖော်​ ဒကာမ​လေး။မင်းရဲ့အပြစ်​​တွေကိုသိပြီးဗုဒ္ဓတရားရိပ်​​အောက်​မှာဝင်​​ရောက်​ခိုလှုံတာဟာ ​လောကကြီးအတွက်​အကျိုးထူး​စေတာပဲ''

ဟမ်​! ငါ့မှာသူ့ရဲ့စကားအဓိပ္ပါယ်​ကိုစဉ်းစားဖို့အချိန်​​တောင်​မရလိုက်​ဘူး သူ့သင်​တုန်းဓားကငါ့ဆံပင်​ရှိရာကို လှမ်းလာတယ်​။ ငါက​ကျောက်​တုံး သုံးဘဝ​ကျောက်​တုံး။ငါ့ရဲ့​ခေါင်းက​နေ​ခြေအဆုံးမှာဆံပင်​ကကြီးထွားဖို့ အခက်​ခဲဆုံးပဲ။ငါ့မှာသူတို့ကိုအနှစ်​တစ်​​ထောင်​လုံးအရိပ်​တကြည့်​ကြည့်​နဲ့ ပျိုး​ထောင်​ခဲ့ရတာ။ အခုမှနည်းနည်း​လေးရှည်​လာတာကို ဒီ​ခေါင်း​ပြောင်​အဖိုးကြီးကရိတ်​ပစ်​မလို့တဲ့လား။ ငါ​ဒေါသထွက်​ပြီးသူ့ကိုကန်​ပစ်​လိုက်​တယ်​။ဒါ​ပေမယ့်​မ​မျှော်​လင့်​ထားတာသူ့ကအဆင့်​မြင့်​သိုင်းပညာရှင်​ဖြစ်​​နေတာပဲ အဲ့​တော့ငါ့ကန်​ချက်​ကိုအသာတကြည်​​ရှောင်​လိုက်​နိုင်​တာ​ပေါ့။သူ့ရဲ့မျက်​နှာ​ပေါ်ကချိုကြည်​တဲ့အပြုံးကဖြတ်​ခနဲ​ပျောက်​သွား​တော့တယ်​။
"မင်းဘာလုပ်​ဖို့ကြံစည်​​နေတာလဲ''

သုံးဘဝကြမ္မာချစ်​ခြင်း​စေရာ [B&G / Translation]Where stories live. Discover now