အပိုင်း (၁၀) ဒီဘဝကနင်ကတကယ်..မတူဘူး
အဲ့ဒီနေ့ကစပြီးကျူံးဟွာကိုငါမတွေ့ရတော့ဘူး။သူငါ့ကိုအရမ်းစိတ်ဆိုးသွားပြီထင်ပါတယ်။ ဒါမှမဟုတ် ဒီဘဝမှာသူတစ်ခါလေးမှငါ့ကိုမကြိုက်ခဲ့ဘူးထင်တယ်။
ချန်အန်းကအရမ်းငယ်သေးတော့သူ့ဆီကငါဘာသတင်းမှအစ်အောက်လို့မရဘူး။တော်သေးတာက သူငါခေါင်းထဲကကြီးမားတဲ့မေးခွန်းကြီးကိုဖြေရှင်းပေးလိုက်နိုင်တယ် အဲ့တာက ကျူံးဟွာရဲ့ဆရာကအမျိုးသမီးတဲ့။
အမျိုးသမီးတစ်ဦး။
ငါဒါကိုကြားတော့ ရုတ်တရပ်ကြီးသစ္စာဖောက်ခံလိုက်ရသလိုပဲ။ သူပဲငါ့ကို ငါတစ်ယောက်ထဲပဲသူ့ကိုမြှူဆွယ်ခိုင်းမယ်လို့ သေသေချာချာပြောထားပြီးမှ။ ငါလည်းအခုကြိုးကြိုးစားစားမြှူဆွယ်နေတာပဲကို...အဲ့တာကိုသူက...။ ငါဝမ်းနည်းလာတော့ မန္တန်စည်း နားမှာပတ်ပြေးနေတာကိုရပ်လိုက်ပြီးသူ့နံမည်ကိုအော်ခေါ်လိုက်တော့တယ်။
ဒီအဖြစ်အပျက်ဟာ လျူပိုရဲ့ကောင်းကင်မှာမကောင်းဆိုးဝါးအငွေ့အသက်တွေမမှောင်မည်းလာခင်နေ့အထိပဲ။ ငါဆက်အိပ်လို့မရတော့ဘူး။ ဒါဟူရိလာတိုက်ခိုက်နေတယ်ဆိုတာလည်းငါသိတယ်။
ချန်အန်းကတော့အရမ်းကိုကြောက်နေပြီးမီးသွေးပုံထဲကပုရွတ်ဆိတ်လိုလူးလိမ့်ငိုနေတယ်။ သူလျူပိုနဲ့ ရှင်လည်းအတူသေလည်းအတူပဲလို့တောင်စကားကြီးစကားကျယ်တွေပြောနေသေး။ တအီအီညံနေတဲ့ ကောင်ပေါက်လေးကိုငါအမြင်ကပ်လာတာကြောင့်ခေါင်းခေါက်ပြီး တဲအိမ်ထဲပိတ်ထားပစ်လိုက်တယ်။ငါတောထဲမှာရောက်တတ်ရာရာလျှောက်သွားရင်းခဏကြာတော့အခြားတစ်ဖက်ကတိုက်ခိုက်သံတွေကိုစကြားလာရတယ်။ ငါသက်ပြင်းချမိတယ်။ လူသားတွေကတကယ်ထူးဆန်းတယ်။ သူတို့တစ်ယောက်ယောက်ကိုသတ်ချင်ရင်ဒီအတိုင်းသတ်ချပစ်လိုက်ပါလား ဘာလို့အော်ဟစ်ပြီးငါ့နားကိုဆူအောင်လုပ်နေကြတာလဲ။ အဲ့ညာသံပေးအော်ရုံနဲ့တစ်ဖက်ရန်သူကလန့်သေ သွားမို့လား။အဓိပ္ပါယ်မရှိတာ စောက်ပိုတွေ။
ရုတ်တရပ်ကျယ်လောက်တဲ့ပေါက်ကွဲသံတစ်ခုကိုငါထပ်ကြားလိုက်ရပြီးနောက်မှာ မန္တန်စည်းနံရံကလည်းတဖြည်းဖြည်းပျောက်ကွယ်လာတာငါသတိထားမိလိုက်တယ်။ ပြီးတော့ လေထဲမှာပျံနေတဲ့ဝတ်ရုံအနက် ၊ ဆံပင်အဖြူနဲ့လူတစ်ယောက်။ ဟူရိ!
ဟူရိကဇီးတောကိုဝေ့ကြည့်ပြီး စန်းရှန်းကိုတွေ့တော့ မြေပြင်ကိုဆင်းလာတယ်။
YOU ARE READING
သုံးဘဝကြမ္မာချစ်ခြင်းစေရာ [B&G / Translation]
FantasyOriginal Title - SanSheng, Death Exists Not at the River of Oblivion Original author -Jiu Lu Fei Xiang Eng Translater - Hamster420 Myanmar translater - invisible_clover စန်းရှန်းဆိုတာမေ့ပျောက်ခြင်းမြစ်ဘေးကကျောက်တုံးကလေး။သူ့ဘဝဟာဒီလိုပဲတလေ...