အခန်း (၁၃) မကြောက်နဲ့ မိုရှီ
ငါမနက်နိုးလာတော့ စာရင်းကိုင်လျူကရောက်ချလာတယ်။ ငါ့ကို ဝိုင်အိုးတွေကြားထဲကဆွဲထုတ်ပြီး သူ့မျက်နှာကငိုချတော့မလိုဖြစ်နေတယ်။ ငါ့သူ့ရဲ့သနားစရာအမူအရာကိုကြည့်သက်ပြင်းချလို့ ပုခုံးကိုတဖက်ဖက်ရိုက်လိုက်တယ်။
"ဧည့်သည်တွေက ဝိုင်ဖြူကိုသိပ်ကြိုက်ကြတာလဲမဟုတ်ပါဘူးဟာ။ ငါတို့ဝိုင်အဝါတွေပဲရောင်းရအောင်''ပိုင်ရှင်ကတောင်ဂရုမစိုက်မှတော့ စာရင်းကိုင်လျူလည်းဘာမှမပြောနိုင်တော့ပေ။
ငါအခုထိအိမ်မပြန်နိုင်လောက်အောင်စိတ်ဆိုးနေတုန်းပဲ။ တစ်နေ့လုံးဆိုင်မှာပဲနေလိုက်တယ် ဒါပေမယ့် ငါ့ကိုဘယ်သူမှလာမရှာတော့ ငါပိုစိတ်တိုလာတာပဲအဖတ်တင်တယ်။ ကျောက်တုံးတစ်တုံးရဲ့မာကြောမှုအတိုင်းပဲငါ့ရဲ့ခေါင်းမာမှုဟာလည်း သုံးရက်၊သုံးညတိုင်သွားတယ်။ မနက်ခင်းတစ်လျှောက်လုံးငါ ဆိုင်ရှေ့မှာဝဲလည်ဝဲလည်လုပ်နေတာ မျက်နှာသိုးကြီးနဲ့ ဧည့်သည်တွေကိုလိုက်ခြောက်သလိုဖြစ်နေတော့တယ်။ စာရင်းကိုင်လျူက ငါ့ကို အတင်းဆွဲ ပြီးအထဲမှာသွားနေဖို့မနည်းတောင်းပန်နေရှာတယ်။
ငါအရက်သောက်ဖို့ချောင်တစ်ချောင်ရှာလိုက်တယ်။ အဲ့ဒီအချိန်ငါအရမ်းဒေါသထွက်ပြီးတစ်ပြိုင်နက်ထဲမှာလည်းဝမ်းနည်းနေတာ။ အရက်နည်းနည်းသောက်ပြီးတော့ မိုရှီငါ့ကိုခွာထုတ်ဖို့လုပ်နေတာလားဆိုတဲ့အတွေးကချက်ချင်းကြီးဝင်လာတယ်။ ငါဒီလိုတော့လက်မခံနိုင်ပါဘူး။ ငါမတ်တပ်ရပ်ပြီး အိမ်ကိုပြန်မလို့ ရှိသေး အရိပ်သေးသေးလေးတစ်ခုကငါ့ဆီပြေးလာပြီး ငါ့ခါးကိုခပ်တင်းတင်းဖက်ထားတာကိုခံစားလိုက်တယ်။မိုရှီကငါ့ကိုဖက်ထားတယ်! သူ့မျက်နှာကငါ့ဝမ်းဗိုက်မှာကပ်နေပြီး သူ့အသက်ရှူသံတွေကလည်းအရမ်းကိုပြင်းနေတယ်။
YOU ARE READING
သုံးဘဝကြမ္မာချစ်ခြင်းစေရာ [B&G / Translation]
FantasyOriginal Title - SanSheng, Death Exists Not at the River of Oblivion Original author -Jiu Lu Fei Xiang Eng Translater - Hamster420 Myanmar translater - invisible_clover စန်းရှန်းဆိုတာမေ့ပျောက်ခြင်းမြစ်ဘေးကကျောက်တုံးကလေး။သူ့ဘဝဟာဒီလိုပဲတလေ...