23

173 37 0
                                    

Unicode

"မာရှီ"

"မာရှီလေး"

"မာရှီရေ"

"မာရှီလေး ငါဒီမှာ"

"လာပြီလား မာရှီလေး"

"ရောက်ပြီလား ချာဂီးရ.."  ဒီတစ်ခါတော့ မာရှီဟိုတစ်ယောက် ကားပေါ်ကနေဆင်းဆင်းချင်း ဂျွန်ခယူ့ပါးစပ်ကိုအပြေးလှမ်းပိတ်လိုက်ရသည်။

ပါးစပ်ပိတ်ပြီး ဟိုဘက်ဒီဘက် အမြန်ကြည့်ပြီးနောက်

"ဟေ့ကောင် ဘာလို့အဲ့လိုခေါ်တာလဲကွ သူများတွေကြားကုန်တော့မှာပဲ"

"ဘာတုန်း ငါက ဂျော်ဂီးရော (ဒီမှာ) လို့ပြောမလို့လေ"

အသံထွက်လေးဆင်တင်တင်ဖြစ်တာကိုအသုံးချပြီး ဂျွန်ခယူကလှည့်ထွက်သွားမှန်း မာရှီဟိုလည်းသိသည်။

တစ်ခေါက်ပြီးတစ်ခေါက်အခေါ်အဝေါ်ချင်းက မတူလာတာကိုသတိထားမိပေမယ့် ဒီတစ်ခေါက်ကတော့ရှော့အကြီးကြီးဖြစ်နိုင်သည်။

"သင်္ချာအိမ်စာပြီးပြီလား" ဘေးချင်းကပ်လမ်းလျှောက်ရင်း ဂျွန်ခယူကမာရှီဟို့ကိုမေးလိုက်သည်။

"ပြီးပြီပေါ့ မင်းရော"

"ပြီးပြီ ငါကမင်းအတွက်ပါ စာအုပ်အသစ်တစ်အုပ်နဲ့တွက်လာပေးသေးတယ်။ မင်းမလုပ်ရသေးမှာစိုးလို့"

"အောင်မာ ငါ့ကိုများစာမလုပ်တဲ့ကောင်လို့ထင်နေတာလား"

"သင်္ချာနဲ့သမိုင်းပဲမလုပ်တဲ့ အချစ်လေးပါ"

"မင်းကတော့ သေတော့မယ်"

ဂျွန်ခယူကတော့ရယ်လျက်။ ဘောလုံးကွင်းကျယ်ကြီးကိုဖြတ်ပြီးတော့ အထက်တန်းအဆောင်ဘက်ကိုကွေ့လိုက်ကြသည်။

"ငါနဲ့မင်းက တွဲနေတာတောင်မဟုတ်တာကို မင်းကဘာလို့ဒီလောက်ပျော်နေတာလဲ"

"ချစ်တာကို တွဲမှဖော်ပြလို့ရတာလား? မတွဲဘဲလည်းမျက်လုံးထဲမှာ အချစ်တွေမြင်နေရတာကို"

ဂျွန်ခယူက မာရှီဟို့ကိုကြည့်ရင်းဖြေလိုက်တော့ ဟိုက မျက်ခုံးပင့်ပြသည်။

"မင်းဘက်က ဘာမှမလုပ်လည်းဖြစ်တယ်။ ငါ့ကိုပဲသည်းခံပေးရင်ရပြီ"

"အား...အဲ့တာကတော့မလွယ်ဘူး။ အသည်းတွေယားတယ်"

မာရှီဟိုက ခပ်သုတ်သုတ်လျှောက်ပြီး လှေကားပေါ်တက်သွားသည်။ ဂျွန်ခယူကလည်း အနောက်ကနေပြေးလိုက်ရင်း

"အသည်းယားတာ ချစ်လို့လေ။ မချစ်ရင် မုန်းမှာပေါ့နော်"

"အဲ့တာတွေသည်းမခံနိုင်တာပဲ တော်ပြီ"

မာရှီဟိုက နောက်တစ်ထပ်ကို အမြန်ပြေးပြီးတက်သွားသည်။ သို့သော် ရယ်လျက်။

-------------------

"ဆိုတော့ ဒါက ဒုတိယကမ္ဘာစစ်ဖြစ်ရတဲ့ အကြောင်းရင်းပဲ။ မမေ့ကြနဲ့ဦး"

"ဟုတ်…..ကဲ့…."

လေးတိလေးကန်နဲ့ပြန်ဖြေကြတဲ့ကျောင်းသားတွေရဲ့အသံကြောင့်ဆရာကရယ်သည်။ အချိန်ပြည့်သွားပြီဆိုတာနဲ့ အကုန်လုံးက အားကစားဝတ်စုံလဲပြီး PE ချိန်မှာ ဆော့ဖို့ပြင်သည်။ ဒီနေ့တော့ အချင်းချင်း‌ပြိုင်ရမှာမဟုတ်ဘဲ ကွင်းပတ်ပြေးရမည်ထင်သည်။ မကြာခင်ပြိုင်ပွဲတွေကလည်း လာတော့မှာဆိုတော့ ကြိုလေ့ကျင့်ရင်း ပြေးရနိုင်သည်။

ထင်ထားတဲ့အတိုင်းပဲ ကွင်းကျယ်ကြီးကိုပတ်ပြေးနေရတော့သည်။ ဆောင်းဦးဆိုပေမယ့် အမြဲအေးနေတာမှလည်းမဟုတ်တာနော်။ ပြေးတာကြာလာတော့ အားလုံးကချွေးတွေစိုရွှဲနေပြီး ဟောဟဲလိုက်နေကြတော့သည်။

"နည်းနည်းပါးပါး ခွာပြီးပြေးကြပါလား"

"ငါမခွာတာမဟုတ်ဘူး သူကလိုက်ကပ်နေတာ"

အနောက်ကဂျီဟူကစနေတာကို မာရှီဟိုကပြန်ပြောလိုက်သည်။ သူငယ်ချင်း ၂ ယောက်လုံးကိုတောင် မပြောရသေးကတည်းက အခုလိုအစခံနေရရင်မဖြစ်သေး။

"ပူကတဲ့အထဲ မင်းကလည်း နည်းနည်းခွာစမ်းပါ"

"ဟုတ်"

မာရှီဟိုကပြောလိုက်တော့ ချက်ချင်းပဲ ဂျွန်ခယူကဘေးကိုနည်းနည်းခွာလိုက်သည်။ ၃ ပတ်ပြည့်ပြီးတဲ့နောက်မှာတော့ မ‌ခံနိုင်တော့တဲ့ မိန်းကလေးတွေက ကွင်းပြင်ထွက်ပြီး အနားယူကြသည်။

အခန်း ၁ ကလူတွေထဲက အားကစားပြိုင်ပွဲမှာပါမယ့်လူတွေက ကွင်းထဲကိုလေ့ကျင့်ဖို့ရောက်လာတာနဲ့လူတွေပြန်စည်သွားပြန်သည်။

မိန်းကလေးတော်တော်များများနဲ့ယောက်ျားလေးတချို့ကထွက်သွားတော့ ပြေးတဲ့သူကနည်းနည်းပဲကျန်တော့သည်။

"ငါလည်းသွားတော့မယ်"

"အင်း ငါရောပဲ"

အရှေ့မှာရှိနေတာက ဆယ်ရီ နဲ့သူ့သူငယ်ချင်း။ အချင်းချင်းပြောနေတဲ့စကားကို အနောက်မှာရှိနေတဲ့ မာရှီဟိုတို့ကနားမထောင်လည်းကြားလိုက်ရသည်။

"အမေ့" ကွင်းအပြင်ကိုသွားတော့မယ့် ဆယ်ရီက သူ့သူငယ်ချင်းလက်ကိုလှမ်းကိုင်ပြီး အော်လိုက်သည်။ အနောက်ကပြေးနေသူတွေအကုန် ရပ်သွားပြီး မသိမသာလှမ်းကြည့်ကြသည်။

ဘာမှမဖြစ်ဘူးထင်တဲ့သူတွေကလည်း ဆက်ပြေးသွားကြသည်။ ဆယ်ရီကလည်း သူ့နောက်မှာဘယ်သူတွေရှိမှန်းသိပုံမရ။ စည်းဘေးမှာချက်ချင်းထိုင်ချလိုက်ပြီး သူ့သူငယ်ချင်းကိုတိုးတိုးလေးပြောလိုက်သည်။ ဘာပြောလိုက်လဲမသိပေမယ့် သူငယ်ချင်းကသူ့ကိုထားခဲ့ပြီး ပြေးသွားသည်။

"ဆယ်ရီ ဘာလို့လဲ" ဂျွန်ခယူ‌ကမေးလိုက်တော့ မာရှီဟိုကပါ ဘေးကနေရပ်ကျန်နေခဲ့လိုက်သည်။ ဟိုနှစ်ယောက်ကတော့ ဆက်ပြေးသွားပြီ။

"ဟင် ဂျွန်ခယူ..ဘာမှမဖြစ်ဘူး
နင်.. ဆက်ပြေးလေ"

"တကယ်အဆင်ပြေရဲ့လား"

"အင်း ရတယ် ရတယ်" ပြောနေတဲ့ ဆယ်ရီက ဗိုက်ကိုနှိပ်ထားသေးသည်။ ဘောင်းဘီအရှည်ဝတ်ထားပေမယ့် ကျုံ့ကျုံ့လေးထိုင်နေတယ်ဆိုကတည်းက မသင်္ကာစရာ။

ခဏလောက်စဉ်းစားပြီးတဲ့နောက်မှာတော့ ဂျွန်ခယူက သူဝတ်ထားတဲ့ အပေါ်ထပ်လက်ရှည်ကိုချွတ်ပေးလိုက်သည်။

"အင့် ဒါကိုသုံးလိုက်" ဂျွန်ခယူကပေးနေတာကို ဆယ်ရီက အားနာလို့မယူဘဲနေနေသည်။

"ငါတို့ပြေးရဦးမှာ ယူလိုက်ပါ" မာရှီဟိုကလည်း ဘေးကနေဝင်ပြောသည်။

"ကျေးဇူးပါပဲ"

ဆယ်ရီကယူလိုက်တာနဲ့ နှစ်ယောက်သားအတူတူပြေးသွားကြသည်။

"မိန်းက‌လေးတိုင်းကြွေတဲ့ယောက်ျားလေးဖြစ်တော့မှာပဲ မင်းတော့"

"အဲ့လိုဆို မင်းအတွက်မကောင်းဘူးပဲ"

"ဟင် ဘာလို့လဲ"

"သဝန်တိုရတော့မှာလေ"

မာရှီဟိုကခေါင်းခါပြပြီး ဂျွန်ခယူ့ကိုကျော်တက်လိုက်သည်။ ဂျွန်ခယူကလည်းအနောက်ကနေအမီပြန်လိုက်သည်။

"ဘာရှာနေတာလဲ" အီဆူးလ်က အနောက်နားမှာတစ်ခုခုရှာနေတဲ့ ကောင်မလေးတစ်ယောက်ကိုမေးလိုက်သည်။

"အဝတ်ရှည်ရှည်တစ်ခုများရှိမလားလို့'

"အဝတ်? ဘာလုပ်ဖို့လဲ"

"အဲ့တာကဟို...ခါးမှာစည်းချင်လို့"

"အာ...ရှိပါ့မလား ဒီနားမှာ"

"မသိဘူး မတွေ့ရင် ဆယ်ရီတော့ဒုက္ခပဲ"

"ဆယ်ရီ?"

"အင်း ဟိုမှာ"

ကောင်မလေးညွှန်ပြတဲ့နေရာကို ပြေးသွားပြီး သူဝတ်ထားတဲ့ အင်္ကျီကိုချွတ်ပေးဖို့ပြင်လိုက်ပေမယ့် ဆယ်ရီက တစ်ထည်ရပြီးနေပြီ။

"ဟူး..တော်သေးတာပေါ့"

"ဪ အီဆူးလ်ပဲ"

"အင်း အိုကေရဲ့လား"

"‌ကေပါတယ် နင်ပြေးမလို့လား ပြေးလေ"

"မပြေသေးဘူး ဒီကနေ ခဏလောက်ကြည့်ချင်လို့"
အီဆူးလ်က ဆယ်ရီနဲ့ နည်းနည်းခွာပြီး ထိုင်ချလိုက်သည်။

ကွင်းထဲမှာတော့ ကျန်တဲ့သူတွေက နားလိုက်ပြေးလိုက်။ အဲ့အချိန်မှာပဲ ဂျွန်ခယူက မာရှီဟို့ကိုရေဘူးကမ်းပေးလိုက်တာကို နှစ်ယောက်လုံးတွေ့လိုက်ရသည်။

"ဂျွန်ခယူကအမြဲ ဂရုစိုက်နေတာပဲ"

"အင်း..ဟုတ်တယ်နော်" ပြန်ဖြေတဲ့ဆယ်ရီက ခါးမှာပတ်ထားတဲ့ အင်္ကျီကိုငုံ့ကြည့်လိုက်သည်။

ဂျွန်ခယူ့မှာလည်း အပေါ်ဝတ်မရှိဘူးဆိုတော့ ဒါကိုဂျွန်ခယူပေးခဲ့တာမှန်းသူလည်းသဘောပေါက်သည်။

"ဂျွန်ခယူပေးခဲ့တာလား"

"အင်း ဟုတ်တယ်"

ပျော်နေတဲ့ဆယ်ရီ့ကိုမြင်တော့ မပစ်ထားဘဲ ဂရုစိုက်သွားတဲ့ သူငယ်ချင်း ဂျွန်ခယူကိုကျေးဇူးတင်လိုက်မိသည်။ ဘယ်လိုနေနေ သူသဘောကျတဲ့ကောင်မလေးက အခုပျော်နေတာပဲလေ။

"ဆယ်ရီ.. ဂျွန်ခယူ နင့်ကိုပြန်သဘောကျလာမယ်လို့ထင်လား"

"ခက်တယ်"

"ဘာလို့လဲ နင်လည်းကြိုးစားနေတာပဲလေ"

"ဟိုမှာကြည့်လေ"

ဆယ်ရီပြတဲ့နေရာကိုကြည့်လိုက်မိတော့ ပြေးနေပေမယ့် မမောသေးတဲ့ လူနှစ်ယောက်။ စကားတပြောပြောနဲ့ ရယ်နေကြသေးသည်။ ဘာတွေပြောရယ်နေကြလဲမသိပေမယ့် ဂျွန်ခယူက မာရှီဟို့ကိုတွန်းလိုက်သည်။ မာရှီဟိုက ဂျွန်ခယူ့ကိုဖြောင်းခနဲချသည်။

"ဂျွန်ခယူနဲ့မာရှီဟိုလား ဘာလို့လဲ"

"ငါ မာရှီဟို့ကိုနိုင်ပါ့မလား"

နင့်ဘေးကလူကိုကျမမြင်ဘူးလားလို့ပဲ အီဆူးလ်အော်မေးလိုက်ချင်တော့သည်။

"မနိုင်ရင်ရော"

"ဟိတ် မကြိုးစားရသေးတဲ့သူကို အဲ့လိုစိတ်ဓာတ်ကျအောင် လာမပြောနဲ့လေ"

အီဆူးလ်ကရယ်လိုက်သည်။ မာရှီဟိုတို့လည်း သူတို့ရှေ့ကိုပြန်ရောက်လာပြီ။

"အီဆူးလ် မင်းကဘာလို့ရောက်"

"ပြေးခုန်ပစ်ပြိုင်ပွဲဝင်ထားတယ်လေ...မာရှီဟိုကရော ဘတ်စကတ်ဘောမဆော့ဘူးလား"

"မဆော့ပါဘူး"

"အိုကေ..ဆယ်ရီ့ကို ဟိုဘက်ခေါ်သွားပေးလိုက်ပါလား? ငါပြေးတော့မယ်"

သူကိုယ်တိုင်လိုက်ပို့လည်းရရဲ့သားနဲ့ ဂျွန်ခယူ့လက်ထဲကိုပဲအပ်ခဲ့လိုက်သည်။ ဂျွန်ခယူကဘယ်တော့မှ ဆယ်ရီ့ကိုစိတ်ဝင်စားမှာမဟုတ်တာလည်း သူသိတာမို့လို့ စိတ်ချသည်။

"ဘယ်လို...ဘယ်..ကိုပို့ရမလဲ"

ထိုင်နေရင်းကနေဖြည်းဖြည်းချင်းထလာပြီး ဗိုက်ကိုဖိကာ ခါးကိုကုန်းထားသည့် ဆယ်ရီက သေချာကြည့်မှ ချွေးတွေပျံနေသလိုလို။

"နင့်လက်မောင်းပဲကိုင်ပြီး ဟိုဘက်နားသွားလို့ရမလား"

"အင်း ရတယ်"

ဂျွန်ခယူကဘေးနည်းနည်းကပ်ပြီး လက်ကိုပေးလိုက်တော့ ဆယ်ရီက ကိုင်ဖို့အလုပ်

"မင်းကအရပ်ရှည်လွန်းတယ် ငါကမှအတော်ပဲ။ ဖယ်"

မာရှီဟိုက ဂျွန်ခယူ့ကို အားနဲ့ဘေးတွန်းထုတ်လိုက်ပြီး ဆယ်ရီ့လက်ကိုဆွဲလိုက်သည်။

"ငါ့လက်ကိုပဲကိုင်လိုက် ရပြီနော် သွားကြမယ်"

"အင်း...ကျေးဇူး"

အီလည်လည်နဲ့လိုက်သွားရတဲ့ ဆယ်ရီ့ကိုတော့ ဂျွန်ခယူမမြင်ပေမယ့် သူ့ကိုတွန်းထုတ်ပြီး အတင်းနေရာလုသွားတဲ့ မာရှီဟို့အမူအရာကိုတော့ သေချာမြင်လိုက်ရသည်။

*သဝန်တိုနေတာ ချစ်စရာအတိပါပဲလား ကောင်လေးရယ်*


///

////

'ဝမ်း တူး သရီး ဖော'

'တစ်ဖက်ကိုလှည့်ပြီး ပြန်ထ အိုကေ'

အကအသင်းမှာတော့ ပုံမှန်လေ့ကျင့်ရေးတစ်ခုလုပ်နေကြသည်။ B-boy ကဖို့ အခြေခံတွေသင်နေကြပြီး အကုန်လုံး လက်ရော ခြေရောမနားရ။

'ဟူး ခဏနားရအောင်'

ရေသောက်အမောဖြေရင်း အားကစားပြိုင်ပွဲအကြောင်းပြောဖြစ်ကြသည်။

"မာရှီဟိုရော မင်း ဝင်မပြိုင်ဘူးလား"

"လူတိုင်း ဒါပဲမေးနေကြတာပဲ မပြိုင်ဖြစ်ဘူး အစ်ကိုရာ"

"မင်းကစားတာအရမ်းမိုက်တာကိုးကွ"

"ကျွန်တော် ၁ နှစ်လောက်ပဲ ဝင်ကစားဖူးတာပါ"

"ဒါပေမယ့် မင်းက တစ်ဖက်ကအမြဲနိုင်နေတဲ့ လူတွေကိုကျော်နိုင်သွားတဲ့ ကစားသမားအသစ်ဆိုပြီး နာမည်ကြီးခဲ့တာလေ"

"အား..ရှက်စရာကြီး"

"ဟုတ်တယ်နော် သူအဲ့တုန်းက ရှယ်နာမည်ကြီးတာပဲ..ဟိုဖက်အဖွဲ့ကိုတောင် ဘယ်သူမှဂရုမစိုက်ကြတော့တာ"

"ဟုတ်လား ကျွန်တော်မမှတ်မိတော့ဘူး။ အဲ့တုန်းက ဘယ်သူနဲ့ ကစားခဲ့တာပါလိမ့်"

"အစ်ကိုသိသလောက်ကတော့ အဲ့တုန်းက အတန်းလိုက်မဟုတ်ဘဲ ကိုယ့်အဖွဲ့နဲ့ကိုယ်ပြိုင်ကြတာလေ။ အဲ့တုန်းက မာရှီဟိုက SMASH အဖွဲ့က၊ တစ်ဖက်က Gold Medal အဖွဲ့ထင်တယ်"

"အာ ဟုတ်တယ် ဟုတ်တယ် မင်းတို့အခန်းထဲကတစ်ယောက်တောင်ပါသေးတယ်လေ။ အခုအတန်းခေါင်းဆောင်ထင်တယ်"

အစ်ကိုတွေပြောတာကိုနားထောင်ပြီးမှ မာရှီဟိုပြန်စဉ်းစားမိသည်။ ‌တဖြည်းဖြည်းပြန်တွေးမိကာမှ ပုံပေါ်လာသည်။

အဲ့တုန်းက သူ ဒိုနီ့လက်ထဲက ဘောလုံးကိုဖြတ်ယူပြီး ခြင်းထဲပစ်ထည့်ခဲ့ဖူးသည်။ အားလုံးက သူ့ကိုလာပြီး အားပေးခဲ့ဖူးသည်။ တစ်ဖက်က အသင်းကိုဂရုစိုက်ချိန်မရလိုက်ပေမယ့် သေချာစဉ်းစားကြည့်မှ အဲ့တုန်းကသူတို့ကို အဖက်လုပ်သူမရှိခဲ့ဘူးပဲ။

"ဪ ဒါကြောင့်ကိုး"

" ဟင် ဘာကိုလဲ"

"ဘာမှမဟုတ်ပါဘူး ဆက်လေ့ကျင့်ကြမယ်လေ အစ်ကိုတို့"

နောက်ဆုံးတော့ ဒိုနီတစ်ယောက် သူ့ကိုဘာလို့ကြည့်မရဖြစ်နေလဲဆိုတာ သိသွားပြီထင်ပါသည်။

..

/I just wanna see how beautiful you are cute know that I see it I know you're a star where you go I follow no matter how far if life is a movie oh you are the best part /

Best Part သီချင်းကို စိတ်ရောကိုယ်ပါနှစ်ပြီး ဆိုပြီးတဲ့နောက် အသင်းလေ့ကျင့်မှုပြီးသွားခဲ့သည်။

အခန်းပြင်ထွက်လာတော့ မာရှီဟိုကအဆင်သင့်စောင့်နေသည်။

"မာ့ရှီ..ဒီနေ့စောပြီးပါလား"

"အစ်ကိုကအသံကောင်းသားပဲနော်"

"လာနောက်နေပြန်ပြီ သွားကြမယ်"

မာရှီဟို့ပခုံးကိုဖက်လိုက်ပြီး ကျောင်းပြင်ကိုအတူတူထွက်သွားကြသည်။

"အပြန်ဘာစားကြဦးမလဲ"

"အိမ်ပြ‌န်လေ မင်းအိမ်က ကားစောင့်နေတယ်မလား"

"ဘာဖြစ်လဲ စောင့်ပလိမ့်စေပေါ့"

"အခုကတည်းက လိမ်လိမ်မာမာ နေမှပေါ့။ ပြန်တော့နော်"

"ဟင်း...မင်းစကားဆိုတော့လည်း နားမထောင်လို့မရပြန်ဘူး"

ဂျွန်ခယူက နှုတ်ခမ်းလေးဆူပြီးခေါင်းငုံ့ကာ ခြေထောက်ကိုမြေကြီးပေါ်မှာရှေ့တိုးနောက်ဆုတ်ပွတ်တိုက်ရင်း ပြန်ပြောသည်။

"ကဲ ကားလာပြီ သူဌေးသားလေး..ကျွန်တော်ပြန်ပြီနော်"

"အင်း သွားသွား..ရောက်ရင်စာပို့..ဖုန်းဆက်ရင်ကိုင်နော်"

မာရှီဟိုက လက်ကို အိုကေ ပုံစံလုပ်ပြပြီးကားပေါ်တက်သွားသည်။ ကားကမထွက်သေးတော့ ဂျွန်ခယူကလည်း မသွားသေး။

" အာ ဂျွန်ခယူ"

"ဟေ"

ပြတင်းပေါက်ကနေ မာရှီဟိုက တစ်ခုခုကိုပစ်ပေးလိုက်သည်။

"ရင်ခုန်မသွားနဲ့ဦး"

လက်ထဲမှာဖမ်းမိလိုက်တာက အထုတ်လေးတစ်ထုတ်။

"နေ့ခင်းကနေပူထဲပြေးထားရတော့ အသံနာနေမှာစိုးလို့ဝယ်လာတာ"

"မာရှီ...ချစ်-"

"ဆက်ပြောရင် ဒီညစာမပြန်ဘူးနော်"

"ဂလု"

ထွက်လာမယ့်စကားကိုချက်ချင်းပြန်မျိုချလိုက်သည်။ မဟုတ်ရင် မာရှီဟိုက ဒီညတကယ်ပဲ စာမပြန်ဘဲနေနိုင်သည်။

ဘတ်စ်ကားထွက်သွားတော့ လက်ထဲကအထုတ်လေးကိုကြည့်ပြီး ပြုံးပြုံးကြီးကျန်ခဲ့သည်။

"လည်ချောင်းအတွက်ဆေးရည်" တဲ့။


--- High School Love Story ----

ကိုတိမ်ညွှန့် ~



Zawgyi

High School Love Story (Mashikyu)Where stories live. Discover now