unicode
"ဒုတိယမဖြစ်စေမယ့် နည်းလမ်းတော့ရှိတယ် ယူမလား"
မာရှီဟိုကပြောလိုက်တဲ့အခါ ဒိုနီရဲ့ မျက်လုံးတွေ အရောင်တက်သွားသည်။ ဒါပေမယ့် ပြန်နောက်ဆုတ်လိုက်ပြီး ချုပ်တည်းအောင့်အီးကာ ပြန်ပြောလိုက်သည်။
"မလိုတော့ဘူးထင်တယ်"
"အမျိုးမျိုးပဲ။ လိုချင်တယ်ဆိုရင်တော့ အချိန်မရွေးဘဲနော်"
ပြောလည်းပြောရင်း လက်ကိုလည်းတတာလုပ်ပြကာ နောက်ပြန်လမ်းလျှောက် ထွက်သွားလိုက်သည်။
ရည်ရွယ်ချက်ရှိရှိနဲ့ ဒိုနီ့ကို အခဲမကြေအောင်လုပ်ခဲ့မိတာမဟုတ်တဲ့အတွက် ပြန်တော့ ဖြေရှင်းမိချင်သည်။ ကိုယ့်အတွက် ဘာမှမဟုတ်လောက်ပါဘူးလို့ထင်တဲ့ကိစ္စတစ်ခုက သူများအတွက် အကြီးကြီးဖြစ်သွားနိုင်တာပဲ။
အခုတော့ထပ်မစဉ်းစားချင်တာမို့ ဂျွန်ခယူရှိနေမယ့် အဆိုအသင်းအဖွဲ့ဆီပဲသွားလိုက်တော့သည်။
"အင် ဒီနေ့စောပါလား"
အခန်းထဲကထွက်လာတဲ့ဂျွန်ခယူနဲ့တည့်တည့်တိုးတော့ မာရှီဟိုက ခပ်သုတ်သုတ်ပြန်ပြေးသွားရင်း ဂျွန်ခယူ့ရှေ့ကိုခုန်သွားလိုက်သည်။
"ယုန်လေးလား မင်းက"
"ယုန်ဆိုတော့လည်း ယုန်ပေါ့"
"ဒီနေ့အချိန်ရတော့ လမ်းဘေးကမုန့်တွေသွားစားကြမလား"
"အင်း ဗိုက်ဆာနေတာနဲ့အတော်ပဲ"
"အိုကေ သွားကြမယ်"
ဂျွန်ခယူက မာရှီဟိုရဲ့ပခုံးပေါ်လက်တင်ပြီးသိုင်းဖက်လိုက်သည်။ ညာဘက်လက်က မာရှီဟို့ကိုဖက်ထားပြီး ဘယ်ဘက်လက်က ဘောင်းဘီအိတ်ကပ်ထဲကို ထည့်ထားသည်။
အနောက်ကကြည့်ရင် ကျောပိုးအိတ် ၂ လုံးမှာ ကိုယ်စီလှုပ်ယမ်းနေကြတဲ့ ဆင်တူသော့ချိတ်လေး ၂ ခု။
"ဒီနေရာလေးကလှလိုက်တာ"
"အင်းဟုတ်တယ်နော် ဘာပင်လဲတော့မသိဘူး အပွင့်မှုန်မှုန်လေးတွေကျနေတယ်။ မာရှီ ဒီမှာရပ်လိုက်"