26

165 37 0
                                    

Unicode

ဓာတုဗေဒဆရာက စာသင်ပြီး ဉာဏ်စမ်းတွေဖြေခိုင်းထားတော့ ကျောင်းသားတိုင်းက ခေါင်းနဲ့စာအုပ်မခွာဘဲ အဖြေတွေရှာလိုက် စာရွက်တွေလှန်လိုက် မှားတယ်ထင်ရင်ပြန်ဖျက်လိုက်နဲ့ တစ်ခန်းလုံးငြိမ်ကုတ်နေတော့သည်။

ဘေးကလူဆီကနေ အဖြေကူးချချင်ရင်တောင် ကူးချချိန်မရှိ။ ကိုယ့်ရှေ့ကဖတ်စာအုပ်ကိုပဲ ထပ်တလဲလဲလှန်ရောရင်းအဖြေရှာနေရသည်။

မာရှီဟိုနဲ့ဂျွန်ခယူလည်း ဘေးချင်းကပ်သာထိုင်နေပေမယ့် ဘာမှကိုမပြောအားသေး။ သူလည်းစာအုပ်ကိုလှန်နေပြီး ကိုယ်ကလည်း ထပ်တူလှန်လှောနေရသောကြောင့်ဖြစ်သည်။

‘နေရောင်ခြည်ကနေရတာ ဗီတာမင် စီလားဒီလား’ ပါးစပ်ကနေတလှုပ်လှုပ်နဲ့ပြောရင်း လက်ကလည်းအဆက်မပြတ်လှန်နေသူက ဂျွန်ခယူ။

‘ဒီ..ဒီ’  မာရှီဟိုကဘေးကနေ ပြောပြလိုက်သည်။ ပြောလိုက်ပေမယ့် သူ့ဘက်ကိုလှည့်မကြည့်သေး။ ကိုယ်တိုင်လည်း စာအုပ်ထဲမှာအဖြေတစ်ခုရှာနေရင်း ဂျွန်ခယူပြောနေတာကြားလို့သာ  အမြန်ဖြေလိုက်ခြင်းဖြစ်သည်။

‘ကျေးဇူး ကျေးဇူး..မင်းကရော ဘာတွေရှာနေတာလဲ’

‘ငါလား.. ငါဘာရှာနေတာပါလိမ့်’  စာရွက်ကိုဆက်မလှန်တော့ဘဲ ခဏရပ်စဉ်းစားနေတဲ့ မာရှီဟိုကို ဂျွန်ခယူကြည့်ပြီးရယ်လိုက်သည်။

‘အာ အမိုးနီးယားရဲ့ ဖော်မျူလာ’

‘NH3’

‘ကျေးဇူး’

ဂျွန်ခယူကသူဖြေထားတဲ့အဖြေတွေကိုငုံ့ကြည့်လိုက်ပြီး  မာရှီဟို့ကိုတိုးတိုးလေးကပ်ပြောပြလိုက်သည်။ ဘယ်လိုပဲအစမ်းဖြေတယ်ဆိုဦးတော့ မှားရင် ဆုပေးဒဏ်ပေးစနစ်ကရှိသေးတာဆိုတော့ ဆုမရရင်နေပါစေ ဒဏ်ကတော့အပေးခံရလို့မဖြစ်။

နောက်မေးခွန်းတွေကိုတော့ဘယ်သူကမှလည်းမမေးဖြစ်တော့သလို ဖြေဖို့လည်းအချိန်မရတော့။
မဖြေလိုက်ရတဲ့အပုဒ်မရှိရလေအောင် အချိန်ကုန်ခါနီးမှာ ထင်ရာလျှောက်ဖြေလိုက်သည်။

"အား...နောက်ဆုံးတော့" တစ်ကိုယ်လုံး တွန့်လိမ်ပြီး အကြောဆန့်ကာ ပြောလိုက်သူက မာရှီဟို။

High School Love Story (Mashikyu)Where stories live. Discover now