Part -3

1.4K 56 0
                                    

{Uni/Zawgyi}
"Boss,ကောင်လေးကို ဟိုအရက်သမားတွေဆွဲလားရမ်းလားလုပ်နေတယ်"

"ကားကိုခုချက်ချင်းရပ်လိုက် ပြီးရင်မင်းတို့သုံးယောက်နေခဲ့...."

ကားရပ်တာနဲ့ဝဏ္ဏတစ်ယောက်အပြေးအလွှားဆင်းသွားပြီး သူ့အကောင်ပေါက်လေးနားသွား၏။

"ဟျောင့်တွေ မင်းတို့သူ့ကိုလွှတ်လိုက်စမ်း"

သျှားအနောက်အသံကြောင့်ပျော်သွားရ၏။သျှားမှာသုံးယောက်တစ်ယောက်ဘယ်လိုမှရုန်းမရ ကိုယ့်ကိုကိုလဲအားမရ ယောကျာ်းလေးဖြစ်ပြီးအကောင်သေးနေလို့ပင်

ဝဏ္ဏအသံကြားတာနဲ့စွဲလားရမ်းလားလုပ်နေတဲ့ အရက်သမားတွေရဲ့ခြေလှမ်းတွေရပ်သွားပြီးထိုထဲကတစ်ယောက်က

"ဟိုကောင် ခင်ဗျားနဲ့မဆိုင်ဝင်မရှုပ်နဲ့ ကိုယ့်လမ်းကိုယ်သွား"

"ကိုယ့်လမ်းကိုယ့်သွားမလို့ပဲ မင်းတို့ကငါသွားမယ့်လမ်းမှာ ငါ့အသေးလေးကိုဆွဲလားရမ်းလားလုပ်နေတာလေ သူတောင်းစားတွေရဲ့"

ငါ့အသေးလေးဆိုတဲ့စကားကြောင့်သျှားအပါအဝင်အရက်သမားသုံးယောက် ကြောင်အသွားရသည်။ပြီးမှ

"သူ့ပိုင်ရှင်တွေ့တော့ကောင်းတာပေါ့ သူ့ကိုဘယ်လောက်နဲ့ရွေးမလဲ"

"မင်းတို့တောင်းသလောက်ပေးမယ်သူ့ကိုငါ့ဆီခေါ်လာခဲ့ မင်းတို့တောင်းသလောက်ပေးမယ်"

"ငါ့တို့ကိုအရက်ဖိုး တစ်သောင်း​ပေး"

သျှားစိတ်ထဲမှာအတွေးများစွာဝင်နေသည်။ငါ့ကအခုတစ်သောင်းနဲ့ဟိုဘက်ကလူဆီရောင်းစားခံလိုက်ရတာလား။

"ရော့ မင်းတို့လိုချင်တဲ့တစ်သောင်း၊ငါ့အသေးကိုငါ့ကိုပေး၊နောက်တစ်ခါသူ့ကိုထပ်ထိရင်မင်းတို့သေမယ်"

"စိတ်ချ မထိတော့ဘူး"ဆိုပြီးထွက်သွားသည်။သျှားလဲသူ့ကိုထားပြီးထွက်သွားတဲ့လူကိုကြည့်နေတုန်း

"အသေးလေး နောက်ခါအပြင်တစ်ယောက်ထဲမထွက်နဲ့အခုဘယ်သွားမလို့လဲ"

"ငါ့ကိုကူညီတာတော့ ကျေးဇူးတင်ပါတယ်၊ငါ့နာမည်က အသေးလေးမဟုတ်ဘူး၊ပြီးတော့ဒီမှာပိုက်ဆံ ခုနကလူတွေမင်းဆီကယူသွားတာကိုပြန်ပေးတာ"

မောင့်ရပ်ဝန်းဝါလေး/မောင့်ရပ်ဝန်းဝါလေးWhere stories live. Discover now