Part - 18

733 27 0
                                    

Unicode
ပိုင်ရှင်ရှိမှန်းသိပေမယ့်လဲကိုယ့်ရဲ့ခံစားချက်တွေကိုဖွင့်ပြောခဲ့မိသည်။မျက်နှာပြောင်တိုက်လိုက်တာလို့ပြောရင်လဲ ဟုတ်ပါတယ် ကျွန်တော်မျက်နှာ​ပြောင်တိုက်ခဲ့ပါတယ်။ကျွန်​တော်ကပိုင်ဆိုင်ရပါစေဆိုတဲ့သဘောနဲ့ခံစားချက်တွေကိုဖွင့်ဟဝန်ခံခဲ့တာမှမဟုတ်တာ ဒီတိုင်းလေး ဒီတိုင်းလေးပဲ....သိစေချင်ယုံလေးပါ
ဖွင့်ပြောခြင်းရဲ့နောက်ဆက်တွဲအရာကိုလဲကျွန်တော်လက်ခံဖို့ပြင်ဆင်ပြီးသားပါ မပြင်ဆင်ထားလို့လဲမရဘူးမှတ်လား ကျွန်တော်စတင်ခဲ့တဲ့အရာကပျော်ရွှင်စရာတွေနဲ့အဆုံးသတ်မှာမှမဟုတ်တာ......

ပိုင်ရှင်ရှိပြီးသားလူကိုချစ်ရတာမလွယ်ကူဘူး ကိုယ့်ခံစားချက်တွေကိုသူမသိအောင်ထိန်းထားရင်းထားရင်းနဲ့ပဲ သူသိအောင်ထုတ်ပြောမိခဲ့သည်ကလဲ ကိုယ်တိုင်ပဲ
အချစ်ဆိုတဲ့အရာကိုအစပြုဖို့ဆုံးဖြတ်လိုက်တိုင်းနာကျဥ်ရတဲ့သူကအမြဲကိုယ်ပဲဖြစ်နေခဲ့တယ်။တစ်ခါတစ်လေမှာတွေးမိတယ် အချစ်ကငါ့တစ်ယောက်ထဲကိုပဲနာကျဥ်မှုတွေပေးနေတာလားဆိုပြီး

အတွေးထဲနစ်နေတဲ့ရှိန်းမှာစီနီယာအမရဲ့အသံကြောင့် လက်ရှိအချိန်ကိုပြန်ရောက်လာတော့သည်......

"ရှိန်း နင်ပြောင်းရွှေ့တင်ထားတယ်ဆို"

"ဟုတ်တယ် အမ"

"ဒီမှာနေတာပျော်တယ်ဆိုပြီးဘယ်လိုဖြစ်လို့ပြောင်းရွှေ့တင်လိုက်တာလဲ"

"ဒီလိုပါပဲလေ"

ဒီကလေးကိုကြည့်ရတာအရင်နဲ့မတူပေ အရင်ကဖျက်ဖျက်လက်လက်ရှိတဲ့ကလေးက အခုတော့ငေးငေးငိုင်ငိုင် ဒီမှာတာဝန်ကျတာပျော်ဖို့ကောင်းတယ်ဘယ်မှထပ်မပြောင်းတော့ဘူးဆိုတဲ့ကလေးအခုတော့ နယ်ဘက်မှာတာဝန်ထမ်းဆောင်ဖို့ပြောင်းရွှေ့တင်ခဲ့တယ်
အခုခေတ်ကလေးတွေလဲမလွယ်ပါဘူး စိတ်ကအမျိုးမျိုးကိုပြောင်းနေကြတော့တာပါပဲ.....ဟင်းး

သက်ပြင်းချပြီးဘေးကထွက်သွားတဲ့အမသွားမှရှိန်းလဲ ဖုန်းနံပါတ်တစ်ခုကိုခေါ်လိုက်တော့သည်။

… … …

သျှားအိမ်မှုကိစ္စအဝဝကိုလုပ်ဆောင်ပြီးချိန်တွင်အိပ်ဖို့ပြင်ဆင်လိုက်သည်။ညနေကလေးတွေနဲ့ ဘက်တန်ရိုက်ရအုံးမှာလေ အားမွေးထားရမှာပေါ့ ၂လမ်းကျော်ကကလေးတွေနဲ့ညနေတိုင်းသွားဆော့တာကို မောင်မသိသေးပေ သိရင်လဲလွှတ်မည်မဟုတ်
ပြောလို့ပြောတာမဟုတ်ပါဘူး ခိုးလုပ်ကတဲ့အရာတွေကတကယ်ပျော်ဖို့ကောင်းတယ်
ဥပမာ ဆရာစာသင်ချိန်မှာမုန့်ခိုးစားရင်အဲ့မုန့်ကအရင်ထက်အရသာပိုကောင်းနေသလို
ထမင်းခိုးစားရင်လဲ ချက်ပေးလိုက်တဲ့သူရဲ့လက်ရာက ခိုးစားတဲ့နေ့မှပိုကောင်းနေသလို အခုလဲမောင်မသိအောင်သွားဆော့ရသာ ရှယ်ပျော်ဖို့ကောင်းသည်။ငါတွေးနေတာတွေရပ်ပြီးအိပ်သင့်ပြီ......

မောင့်ရပ်ဝန်းဝါလေး/မောင့်ရပ်ဝန်းဝါလေးWhere stories live. Discover now