Part - 11

802 24 0
                                    

{Unicode & Zawgyi }
Unicode
ဝဏ္ဏနဲ့သျှားချစ်သူတွေဖြစ်တာ ဒီနေ့ဆိုလျှင် (၂)လပြည့်သွားပြီ.....

"မောင် ညနေစောစောပြန်လာခဲ့မယ်"

"အင်း...ကားကိုသေချာဂရုစိုက်မောင်း ရောက်ရင်လဲ ဖုန်းဆက်"

"ဟုတ်ကဲ့ဗျ မောင့်ရဲ့သျှားစိတ်ကြိုက်ဖြစ်စေရမယ်"

"ငါပြီးရင် စျေးသွားအုံးမှာနော်"

"မောင့်ကားနဲ့လိုက်ခဲ့မလား အပြန်ကိုရဲရင့်ကိုဖုန်းဆက်ပြီးကြိုခိုင်းလိုက်လေ"

"ရတယ် နေ နေ ငါ့ဘာသာ သွားမယ်"

"မောင်သွားပြီ"ဆိုပြီး ထွက်သွားတဲ့သူက ကားတံခါးဖွင့်ခါနီးမှ သျှားရှိရာဘက်ကိုပြန်လျှောက်လာသည်။သူဘာကျန်ခဲ့လို့လဲဆိုတာသျှားစဥ်းစားနေသည်။

"ဘာကျန်ခဲ့လို့လဲ"

"တန်ဖိုးကြီးတဲ့အရာတစ်ခုမေ့ကျန်ခဲ့လို့"

"ဟင်   ဟုတ်လား "

ဝဏ္ဏသူ့ရှေ့ကမျက်လုံးလေးများပြူးကာပြောနေသောလူကိုကြည့်ပြီး အသည်းယားနေသည်။

"ဟုတ်တယ် မောင့်ကိုလာနမ်း"

"မင်းကျန်ခဲ့တဲ့ပစ္စည်းအရင်သွားယူပါ ပြီးရင်ပေးမယ်"

"ဟောဗျာ ကျန်ခဲ့တဲ့ပစ္စည်းကိုပဲအခုယူနေတာလေ"

"ဟင် ဘယ်မှာ...."

သျှားစကားဆက်မပြောနိုင်တော့ပေ။ဘာကြောင့်ဆို သျှားရဲ့နှုတ်ခမ်းကို ဝဏ္ဏနမ်းလိုက်သောကြောင့်ဖြစ်သည်။
ခနကြာတော့

"မောင်ကျန်ခဲ့တဲ့တန်ဖိုးကြီးအရာက မင်းရဲ့အနမ်းလေ"

ဝဏ္ဏစကားအဆုံးသျှားမျက်နှာလေးနီသွားရသည်။သျှားလဲဝဏ္ဏကားလေးခြံထဲကထွက်သွားမှ အိမ်ထဲဝင်လာပြီးလုပ်စရာရှိတာလုပ်နေသည်။အလုပ်တွေပြီးမှ စျေးသွားဖို့ Taxi ဆီငှားလိုက်သည်။

သျှားစျေးဝယ်ပြီးဆိုင်ထဲကထွက်ဖို့အပြင် လူတစ်ယောက်နဲ့တိုက်မိသွားသည်။တော်သေးတာက လက်ထဲကပစ္စည်းတွေပြုတ်မကျတာပဲ။ပြုတ်ကျလို့ကတော့ ဇာတ်ကားတွေထဲကလို အသိတစ်ယောက်ထပ်တိုးပြီးဇာတ်လမ်းတွေလာခင်းနေရင် မောင်နဲ့ကမလွယ်

မောင့်ရပ်ဝန်းဝါလေး/မောင့်ရပ်ဝန်းဝါလေးWhere stories live. Discover now