Part-9

900 36 2
                                    

{Unicode  & Zawgyu}
Unicode
"သျှားရေ မောင့်ကိုကြည့်ပါအုံးဗျာ"

မနေ့ညက သျှားဆီက 'ချစ်တယ်'ဆိုတဲ့စကားကြားတော့ မြစ်ရေပြင်ကျယ်ကြီးကိုကြည့်ပြီး ဝဏ္ဏတစ်ယောက် အော်ဟစ်နေခဲ့သည်။သူကိုယ်တိုင်ချစ်တယ်ပြောပြီးသူပဲရှက်နေတာ အခုလဲရှောင်နေပြန်သည်။

"မောင့်ကိုကြည့်ပါအုံးဗျာ...."

'မောင်'တဲ့ ငါ့နားကြားများမှားသွားတာလား နားကြားမှားတာလဲမဟုတ်လောက်ပါဘူးနော်။ဒီကောင်ဘာဖြစ်နေတာလဲ အသံကလဲ ချွဲပစ်နေတာပဲ

"ဟျောင့် မင်းဘာဖြစ်နေတာလဲ"

"သျှားကမောင့်ကိုမှမကြည့်တာ အဲ့တော့မောင်ကဝမ်းနည်းတာပေါ့ဗျာ၊ကိုယ့်ချစ်သူက က်ိုယ့်ကိုရှောင်နေတာ ဘယ်လောက်ခံစားရလဲ သိလား အဟင့်..."

ဒီကောင်ဘာဖြစ်နေလဲမသိဘူး ဟင်    ငိုနေတာလားဟ

"ဝဏ္ဏမင်းငိုနေတာလား မငိုနဲ့လေကွာ မသိရင်ငါကမင်းကိုတစ်ခုခုလုပ်လိုက်သလိုပဲ"

"မင်းကမှမောင့်ကိုဂရုမစိုက်တာ ပြောစမ်းပါအုံး အသစ်ရနေပြီမှတ်လား"

"ဂရုမစိုက်တာမဟု်ပါဘူးကွာ ငါ  ငါ   ရှက်လို့"

စကားသံအဆုံး ပါးလေးတွေနားရွက်လေးတွေနီလာသည်။အဟားးးး ချစ်စရာလေးကွာ

"ဘာရှက်စရာရှိလို့လဲကွာမောင်တို့ကအခုချစ်သူတွေဖြစ်နေပြီ နောက်ဆိုလင်မယား အယ် လင်လင်တွေဖြစ်တော့မှာ ပြီးတော့ ဒီ့ထက်ရှက်စရာတွေအများကြ်ီးလုပ်ရအုံးမှာ"

"မင်းနော်"

"ကြည့်ပါအုံး မျက်နှာတစ်ခုလုံးနီရဲနေတာပဲ စတော်ဘယ်ရီသီးလေးကျနေတာပဲ"

"မင်း သွား  သွားတော့ကွာ"

"ဟား ဟားးးး"

ထိုအချိန်တွင် ဝဏ္ဏဖုန်းမြည်လာသည်။သျှားလဲဝဏ္ဏဖုန်းလွတ်လွတ်လပ်လပ်ပြောလို့ရအောင် ရှောင်ပေးမလို့မတ်တပ်ရပ်လိုက်စဥ်လက်က်ိုစောင့်ဆွဲလိုက်သည့်အတွက် သျှားခန္ဓာကိုယ်လေးက ဝဏ္ဏရင်ခွင်ထဲ အံဝင်ခွင်ကျ

ရင်ခွင်ထဲရောက်လာတဲ့အသေးလေးကိုကြည့်ပြီး ဝဏ္ဏမျက်နှာပြုံးဖြီးနေသည်။သျှားကတော့ မျက်နှာဆူပုတ်နေ၏။ဝဏ္ဏဖုန်းကိုင်လိုက်သည်။

မောင့်ရပ်ဝန်းဝါလေး/မောင့်ရပ်ဝန်းဝါလေးWhere stories live. Discover now