Part-10

750 23 0
                                    

{Unicode &Zawgyi}
Unicode
ပါတီကို ၈ နာရီကျော်မှရောက်လာကြသည်။မှူးအိမ့်ချယ်က ပေါင်းသင်းဆက်ဆံရေးကောင်းသောကြောင့် ပါတီကလူများကြသည်။

"ဝဏ္ဏ လူတွေအများကြီးပဲငါမနေတက်ဘူး"

"ဘာမှမဖြစ်ဘူး မောင်ရှိတယ်နော် မင်းသူငယ်ချင်း အုပ်စိုးတောင်ဘာမှမဖြစ်ဘူးတွေ့လား"

သူတို့မသိတာက အုပ်စိုးနဲ့ရဲရင့်မှာလဲနှစ်ကိုယ်ကြားစစ်ဖြစ်နေတယ်ဆိုတာကို

"ကိုကို အဲ့လိုပွဲမျိုးလုပ်ချင်လား၊တွေဆုံပွဲမဟုတ်ပဲ ကိုကိုနဲ့ကျွန်တော့်ရဲ့လက်ထပ်ပွဲလေးလေ"

"ခွေးကောင် အေးဆေးနေနော် မင်းကိုသိပ်ကြည့်ရနေတယ်မထင်နဲ့ ခွေးသားရဲ့"

ခနကြာတော့ ဝဏ္ဏတို့ဝိုင်းကို အိမ့်မှူးတို့အုပ်စုရောက်လာကြသည်။

"Hello မတွေ့ရတာတောင်အတော်ကြာ......"

အိမ့်မှူးစကားပြောလို့မဆုံးခင်မြင်လိုက်ရတဲ့မျက်နှာနှစ်ခုကြောင့် သတိလက်လွတ်ငေးနေမိသည်။
ဝဏ္ဏနဲ့ရဲရင့်လဲ စကားဆက်မပြောတော့ဘဲ သူတို့ရဲ့ဆိုင်ရာပိုင်ရာလေးတွေကို ငမ်းနေတဲ့အတွက် သိပ်မကြည်ချင်တော့

"ဒီမှာ မအိမ့်မှူးအကြည့်လေးဘာလဲလွှဲပါအုံး အမသာနဂါးဆိုရင်လေ ကိုကိုနဲ့သူ့သူငယ်ချင်းပြာဖြစ်နေလောက်ပြီ"

ရဲရင့်အသံကြောင့် အိမ့်မှူးငေးနတောကိုရပ်ပလိုက်သည်။တဆက်ထဲ

"ရဲရင့် နင့်အကိုလားသူလေးက ချစ်စရာလေး အဟိ,ဝဏ္ဏဘေးကတစ်ယောက်ကောပဲ ငါကြွေသွားပြီ "

ဝဏ္ဏနဲ့ရဲရင်မှာ မျက်နှာတွေကအလိုမကြတော့ပေ။ရဲရင့်က

"ကျွန်တော့်အကိုမဟုတ်ဘူး တချိန်မှာ ကျွန်တော့်ယောက်ျားဖြစ်လာမယ့်သူ အဆင်ပြေလား"

"ဟမ်" "ဟင်" "ဟာ"အိမ့်မှူးနဲ့သူ့သူငယ်ချင်းတွေဆီက အာမေဋိတ်အသံတွေထွက်လာသည်။
ရဲရင့်ကတော့အောင်နိုင်သူအပြုံးကြီးနဲ့အုပ်စိုးမှာတော့ ရှက်လို့ မျက်နှာတွေနီရဲနေသည်။ဝဏ္ဏကတော့ တည်တည်ပဲ သျှားကတော့​ပြုံးစိစိနဲ့
ထို့နောက် ဝဏ္ဏကစကားဆက်၏။

မောင့်ရပ်ဝန်းဝါလေး/မောင့်ရပ်ဝန်းဝါလေးWhere stories live. Discover now