Part - 15

666 30 0
                                    

{Unicode & Zawgyi}
Unicode

ကျွန်တော့်မြတ်နိုးရာလေးအကြောင်းစုံစမ်းကြည့်တော့သူ့မှာ ချစ်သူကောင်လေးရှိတယ်တဲ့။ဒါပေမယ့်ကျွန်တော်သူ့ကိုပိုင်ဆိုင်ချင်တယ်။နောက်ရက်တွေ တွေ့ခွင့်ရမယ်ဆိုရင်တော့မျက်နှာပြောင်တိုက်ပြီး ချစ်ကြောင်းတွေဖွင့်ပြောချင်သေးတယ်။
အငြင်းခံရမယ်မှန်းသိပေမယ့်ရူးမိုက်ချင်သေးတယ်။

ငယ်ငယ်ကလေ ဒဿဂီရိ ဆိုတဲ့ခေါင်းဆယ်လုံးနဲ့ဘီလူးကြီးကိုအရမ်းမုန်းတာ။မယ်သီတာဆိုတဲ့အမျိုးသမီးမှာပိုင်ရှင်ရှိနေလျက်နဲ့အတင်းချစ်​နေလို့။အခု ကျွန်တော်လဲဒီတိုင်းပဲ ပိုင်ရှင်ရှိနေမှန်းသိရက်နဲ့ကို ချစ်နေမိတာ။
ကျွန်တော်တို့လိုလူတွေက သူတို့ရဲ့ချစ်ခြင်းမေတ္တာတွေပိုခိုင်မြဲဖို့ နှလုံးသား တစ်ခုလုံးကိုစတေးခဲ့ရတာပေါ့.........

////ဗီလိန်တွေက်ိုမုန်းလိုက်တာလို့ ငယ်ငယ်ကဖေဖေနဲ့ရုပ်ရှင်ကြည့်တိုင်းပြောတော့ ဖေဖေကပြောတယ် ငါ့သားဗီလိန်တွေက မုန်းစရာမဟုတ်ဘူးတဲ့
သားအရွယ်ရောက်လာလို့ ချစ်တတ်တဲ့နှလုံးသားရှိင်သ်ိလာလိမ့်မယ်တဲ့////

ဗီလိန်ဆိုတာ မုန်းစရာမဟုတ်ဘူး သနားစရာကောင်းလွန်းတဲ့လူသားတွေဆိုတာ နှစ်နှစ်ကာကာချစ်ခဲ့ဖူးသူတိုင်း သိမယ်ထင်တယ်
ချစ်သူနှစ်ဦးရဲ့ ချစ်ခြင်းမေတ္တာတွေပိုခိုင်မြဲလာဖို့ ကြားဝင်နှောက်​ယှက်တဲ့သူတွေက်ို ဘယ်လိုခေါ်လဲသိလား "ဗီလိန်"တဲ့ 
ကျွန်တော်အရမ်းချစ်တဲ့လူသားနဲ့သူအရမ်းချစ်တဲ့လူသားတို့ရဲ့ ချစ်ချင်းမေတ္တာပိုခိုင်မြဲလာဖို့ လူတွေမုန်းတဲ့ "ဗီလိန်"ကိုကျွန်တော်လုပ်ပရစေ.....
______________________________
"သျှား မောင်တို့ဘယ်တော့လက်ထပ်ကြမလဲ"

"ဟင်"

"မဟင်နဲ့တော့ မောင်သျှားကိုတရားဝင်ပိုင်ဆိုင်ချင်နေပြီ"

"မင်းကတော့လေ အခုလဲငါ့ကိုတရားဝင်ပိုင်ဆိုင်နေရတာကို ဒီမှာမောင်
လက်ထပ်လိုက်ရင်လဲဘာမှပြောင်းလဲမသွားဘူး
အခုလိုမျိုးပဲ မင်းကငါ့အပိုင်ဖြစ်နေသလိုငါကလဲမင်းအပိုင်ဖြစ်နေတာပဲလေ
လက်ထပ်တယ်ဆိုတာက အရေးမကြီးဘူးထင်တယ် .....ငါကလက်မထပ်ချင်လို့ပြောတာမဟုတ်ဘူး လက်ထပ်ပြီးကွဲသွားတာတွေရှိကြတာပဲလေ အဓိက,ကတော့ လက်ထပ်တာထက် တစ်ယောက်နဲ့တစ်ယောက်နားလည်မှု၊ယုံကြည်မှု၊သစ္စာတရားတွေနဲ့အရင်ဆုံးရှေ့ဆက်လျှောက်လှမ်းချင်သေးတယ်"

မောင့်ရပ်ဝန်းဝါလေး/မောင့်ရပ်ဝန်းဝါလေးWhere stories live. Discover now