Part - 16

651 28 0
                                    

{Unicode & Zawgyi }
Unicode
ကျွန်တော့်ဘဝကြီးက အရမ်းအထီးကျန်ခ​ဲ့တယ်
ကိုကိုကျွန်တော့်ဘဝထဲရောက်မလာခင်အချိန်အထိပေါ့

အချစ်ကိုလိုက်ရှာဖို့မလိုဘူး အချိန်တန်ရင်အချစ်ဆိုတဲ့ စိတ္တဇနာမ်က သူ့အလိုလိုရောက်ရှိလာလိမ့်မယ်....
ကိုယ့်ဆီရောက်လာတဲ့ အချစ်ဆီကလဲ ထွက်ပြေးဖို့မကြိုးစားပါနဲ့ မောရုံပဲရှိမယ် မလွတ်ဘူး...... ><
_____________________________
"ကျေးဇူးတင်ပါတယ် သားငယ်ရေ"

ရဲရင့်အိမ်ထဲဝင်ဝင်ခြင်းအထုပ်တွေမနိုင်မနင်းဆွဲထားတဲ့မေမေ့ကိုတွေ့လို့ ဝင်ကူညီပေးလိုက်ခြင်းဖြစ်သည်။

"သားငယ် သားကြီးကိုရှာနေတာလား"

ရဲရင့်လည်ပင်းကိုလက်နဲ့ပွတ်ကာ
"ဟီး ဟုတ်တယ် မေမေ"

"သားကြီးကသူ့အခန်းထဲမှာ"

"ဟုတ်"ဆိုပြီးအခန်းရှိရာဆီသို့မပြေးရုံတမယ်ခြေလှမ်းကျဲတွေနဲ့လျှောက်သွားသောသားငယ်ကိုကြည့်ကာ ဒေါ်ခင်စံပယ်တစ်ယောက်ပြုံးနေသည်။
သားငယ်လေးကအနစ်နာခံသလိုသားကြီးကိုလဲချစ်ရှာသည်။အခုလဲစောစောစီးစီးအိမ်ရောက်လာပြီး သူ့ကိုကို ကိုလာချော့ခြင်းဖြစ်သည်။

"ဒေါက် ဒေါက်.... "

"မေမေလား ဝင်ခဲ့တံခါးမပိတ်ထားဘူး"

အုပ်စိုးအခန်းထဲဝင်လာတဲ့သူကိုခေါင်းရေသုတ်ရင်းကြည့်လိုက်စဥ် မေမေမဟုတ်ပဲ ရဲရင့်ဖြစ်နေသည်။အယောင်ယောင်အမှားမှားဖြင့်ခေါင်းသုတ်တပတ်နဲ့ ခန္ဓာကိုယ်အပေါ်ပိုင်းကိုခြုံလိုက်မိသည်။

"ဟင်"

"ကိုကို မောနင်း"

"မင်ဘာလာလုပ်တာလဲ"

"ကိုယ့်ကောင်လေးဆီလာဖို့ အကြောင်းပြချက်လိုသေးလို့လား"

"အင်း လိုတယ် အခုသွားငါအကျီ.ဝတ်မလို့"

"လဲပါလား ကျွန်တော်ကမလဲနဲ့လို့ပြောလို့လား"

"ဟျောင့် သွားမှာလား မသွားဘူးလား"

"ဟီးးသွားမှာပါဗျ တာ့တာနော်"
ရဲရင့်အောက်ထပ်ရောက်တာနဲ့မနက်စာပြင်နေတဲ့မေမေကိုကူညီလိုက်တော့သည်။ခနကြာတော့

မောင့်ရပ်ဝန်းဝါလေး/မောင့်ရပ်ဝန်းဝါလေးWhere stories live. Discover now