Part-6

987 37 0
                                    

{Unicode & Zawgyi}
(Unicode)
နောက်နေ့မနက်တွင်................!

"သျှား Morning"

"အွန်း   Morning"

"ခင်ဗျားဒီနေ့အလုပ်သွားရင် ကျွန်တော်နဲ့လိုက်ခဲ့ပါလား  ကျွန်တော်အဲ့ဘက်သွားမှာ လမ်းကြုံတာပေါ့"

"လမ်းကြုံတာဆိုရင်တော့လိုက်ခဲ့မယ်  ဒီမှာမင်းဖို့ပါ ငါထမင်းပိုကြော်ထားထားတယ်"

"ကျေးဇူးပါ "

သျှားအသိအမှတ်ပြုသလိုခေါင်းငြိမ့်ပြလိုက်သည်။ဒီနေ့သူထူးဆန်းနေသလိုပဲ။အာ သျှားရေ ဘာတွေ လျှောက်တွေးနေတာလဲ သူ့ဘက်သူထူးဆန်းတာ မင်းနဲ့ဘာဆိုင်လဲ အမောင်သျှားရေ။သူနဲ့မင်းနဲ့ကလုံးဝမဖြစ်နိုင်ဘူး သတိထားစမ်းပါကွာ။
သျှားသူ့ကိုယ်သူ​ပြန်ဆုံးမနေသည်။

ဝဏ္ဏ၏ကားဖြင့်သျှားတစ်ယောက်အလုပ်သို့လာခဲ့သည်။အလုပ်ရောက်ထဲက 'သူနဲ့မင်းနဲ့ကဘာတွေလဲ'ဆိုတဲ့မေးခွန်းကိုဖြေနေရတော်တော်မောနေပြီ။အဲ့လိုမှန်းသိရင် အစထဲကလိုက်မလာဘူး။

"သံလွင်နဲ့အုပ်စိုး မင်းတို့ကိုဂျာ​ကြီးကရုံးခန်းကိုလာပါအုံးတဲ့"

"ဗျာ ကျွန်တော့်တို့ကို"(×2)

"ဟုတ်တယ် ဟျောင့်​​​တွေ​ရေ သတိနဲ့သွားအုံး မျက်နှာကြီးကတည်တင်းနေတာပဲ"

"အေးအေး ငါတို့သွားလိုက်အုံးမယ်"(အုပ်စိုး)

ရုံးခန်းတံခါးဝရောက်တော့ တံခါးခေါက်လိုက်ပြီး

"ဂျာကြီး ကျွန်တော်တို့ဝင်လာခဲ့မယ်နော်"

"အေး ဝင်လာခဲ့"

ရုံးခန်းထဲရောက်တော့

"သံလွင်နဲ့အုပ်စိုး ထိုင် ပြောစရာရှိလို့"

"ဟုတ် ဂျာကြီး"(×2)

"အမက ဖုန်းဆက်တယ် အုပ်စိုး မင်းမွေးနေ့ရှိတယ်ဆို မနက်​ဖြန် အမဖုန်းဆက်တယ်"

"ဟုတ် ဂျာကြီး"

"အဲ့ဒါ မင်းတို့နှစ်ယောက်ကိုအမက မနက်ဖြန်ခွင့်ပေးတယ်တဲ့ ၊နောက်ရက်တွေခွင့်လိုချင်လဲ လာပြောတဲ့"

"ဗျာ အမကလေ"(×2)
သူတို့နှစ်ယောက်တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်မိလိုက်သည်။

မောင့်ရပ်ဝန်းဝါလေး/မောင့်ရပ်ဝန်းဝါလေးWhere stories live. Discover now