Part-7(Uni)

956 31 3
                                    

"အ​​သေး​လေး ဘယ်သွားမလို့လဲ"

"ဒီနေ့ အုပ်စိုးမွေးနေ့လေ အဲ့ဒါသူနဲ့ဘုရားသွားပြီးမုန့်သွားစားမလို့
ဒါနဲ့ မင်းရော ဘယ်......."

ထိုချိန် အုပ်စိုးအသံကြားရျ် သျှားဆက်မပြောတော့ဘဲ ခြံတံခါးသွားဖွင့်ပေးလိုက်သည်။ထို့နောက်

"မင်းအခုထိမပြီးသေးဘူးလားဟ"

"ပြီးပြီဟ ခနစောင့်အုံး"

"ဘယ်သွားကြမလို့လဲ ငါလဲလိုက်မယ်လေ"

ဝဏ္ဏစကားကိုကြားတော့သျှားက
'မင်းကဘယ်လိုက်မှာလဲ'ဆိုပြီးသူ့အခန်းထဲဝင်သွား၏။
အပြင်မှာကျန်ခဲ့တဲ့ နှစ်ယောက်ကတော့ အကြံတွေနဲ့ပေါ့။

ခနကြာတော့ သျှား အခန်းထဲကထွက်လာသည်။ခြံရှေ့မှာလဲ ဝဏ္ဏတပည့်တွေရောက်နေပြီဖြစ်သည်။အုပ်စိုးက

"ဟျောင့်တွေသွားမယ်ဟ"

"အေး"(×2)

သျှားဝဏ္ဏကိုသေချာကြည့်ကာပြော၏။

"အုပ်စိုး ဒီကောင်ပါလိုက်မှာလား"

"အေးလေ သူတင်မကဘူး သူ့သူငယ်ချင်းသုံးယောက်ပါ ပါတယ်"

"သူတောင်းစားကောင် ငါ့ကိုဘာမှမပြောဘူး"

"ကဲ ထားပါတော့ အမောင်သျှားသံလွင်ဟိဏ်းရယ် နောက်ကျနေပြီ"

သူ့က်ိုမျက်စောင်းထိုး နှုတ်ခမ်းဆူ ပြီးထွက်သွားတဲ့အသေးလေးကိုကြည့်ပြီး ဝဏ္ဏတစ်ယောက် ရီချင်စိတ်ထိန်းထားရသည်။ဘာလေးလဲဟ ကလေးလေးကျနေတာပဲ အဖြေရပြီးမှ အဲ့နှုတ်ခမ်းလေးကို အသက်ရှုကျပ်တဲ့အထိ နမ်းပစ်အုံးမယ်။

ဝဏ္ဏရဲ့ ကားနဲ့ပဲသူတို့တွေဘုရားသွားခဲ့ကြသည်။ဘုရားရောက်တာတောင် မျက်နှာပိုးမသက်နိုင်တဲ့ သူတွေကိုသျှားအလွန်ဒေါသထွက်မိသည်။ ဒီကောင်တွေတစ်လမ်းလုံးတဟားဟားနဲ့ရီရင်းသေသွားရမှာ။ဟိုကောင်အုပ်စိုးလဲ ပြီးမှတွေ့မယ်သူတောင်းစားလေး သူ့ယောက်ဖတွေနဲ့တွေ့တော့ငါတောင်မခေါ်ဘူး
အာ ကန်တော့ ကန်တော့ပါဘုရား မေ့ပြီးဆဲလိုက်မိတာပါ ဘုရား

Time skip.......><

သျှားတို့ ဘုရားသွားမုန့်စားပြီးပြန်ရောက်တော့ နေ့ခင်း (၁)နာရီတောင်ရှိနေပြီ။

မောင့်ရပ်ဝန်းဝါလေး/မောင့်ရပ်ဝန်းဝါလေးWhere stories live. Discover now