အပိုင်း(၂)

5.4K 470 7
                                    

စစ်ကိုင်းမှရန်ကုန်သို့သွားရာလမ်းတစ်လျှောက်တွင် "ခင်" သည်ရန်ကုန်တက္ကသိုလ်ဟူသည့်ကျောင်းတော်ကြီးတွင်ပညာသင်ယူရမည့်အကြောင်းနှင့်ပတ်သတ်၍တွေးတောရင်းအိပ်စက်ခြင်းဆီသို့ရောက်ရှိခဲ့သည်။

"ဟိတ် ထတော့လေ"

"ဟိတ် ကောင်မလေး"

နားထဲသို့ဝင်ရောက်လာသည့်အသံကြောင့်မျက်လုံးဖွင့်ကြည့်လိုက်သည့်အခါတွင်
စင်ယော်တောင်မျက်ခုံးလေးနဲ့ပနံသင့်စွာနဖူးပေါ်သို့ဝဲဝဲလေးချထားသောအရှေ့ဆံမြိတ်လေး
နှင့်သူမရဲ့သွင်ပြင်ဟာသိပ်ကိုချစ်စရာကောင်းလှသည်။အို ငါကဘာလို့အဲ့လိုတွေးမိနေတာလဲ။

"ဘာအကြောင်းအရာများရှိလို့လဲရှင့်"

အတတ်နိုင်ဆုံးနားဝင်ချိုအောင်ပြောလိုက်ပါသည်။

"ရန်ကုန်ရောက်နေပီကွ အဲ့တာ..."

"အို...ဟုတ်ကဲ့ ကျေးဇူးတင်မိပါတယ်ရှင့်"

တကယ်လည်းဘေးဘီလှည့်ကြည့်မိတဲ့အခါမှာလူအများစည်ကားလျက်ရှိသောနေရာဖြစ်သည် ဤသည်ကရန်ကုန်ပင်။ထိုမိန်းမပျိုလေးအား ကျေးဇူးတင်စကားပြော၍သာခပ်သုတ်သုတ်ထွက်လာခဲ့တော့သည်။

ခင်အခုသွားရမဲ့နေရာကရန်ကုန်တက္ကသိုလ်ကျောင်းဝန်းကြီးအတွင်းမှာတည်ရှိသည့် "မာလာဆောင်" တစ်နည်းအားဖြင့်ပြောရရင် "ခင်" နေရမည့်အဆောင်ဟုပဲဆိုရပေမည်။

အချိန်အားဖြင့်အနည်းငယ်ကြာသော်....

စာဖတ်သူတို့သိကြလေမလား။ "ခင်"တော့ဖြင့်မျက်စိရှေ့မှာတွေ့နေရတဲ့ရန်ကုန်တက္ကသိုလ်ရဲ့ရင်သပ်ရှုမောဖွယ်မြင်ကွင်းလေးကိုပထမဆုံးမြင်ဖူးခဲ့လေပြီ။

(A/N ထိုခေတ်ထိုအခါကရန်ကုန်တက္ကသိုလ်သည်ဘယ်လိုဘယ်ပုံရှိကြောင်းရုပ်ရှင်များနှင့်စာပေများမှတစ်ဆင့်သာလေ့လာဖူးပါသည်)

"မာလာဆောင်"သို့ရောက်သည့်အခါတွင် ကျွန်မနှင့်နည်းတူစွာအခြားသောမိန်းကလေးများကိုလည်းတွေ့ရသောကြောင့် မိတ်ဖွဲ့ရန်ဆုံးဖြတ်လိုက်မိသည် သို့သော်ဘယ်လိုစကားစရမှန်းမသိ။

ပန်းပန်လျက်(Complete)Where stories live. Discover now