အချပ်ပို

2.8K 175 0
                                    

16.4.2011

ရှာပုံတော်မင်းသားကြီး မဏ္ဍပ်တကာရောက်ခဲ့ပြီ...ဘယ်အရပ်သူ ဇာတိမှန်းလည်းမသိတော့အခက်တွေ့ပြီ....

"ရှာပုံတော်မင်းသမီးကြီးလုပ်ပြီး နွယ့်ကိုပစ်မသွားကြေးနော် ခင်"

ပြင်ပမှပျော်ရွှင်ဖွယ်မဟာသင်္ကြန်ပွဲတော်ကိုဝရန်တာလေးမှတစ်ဆင့်ငေးမျှော်ကြည့်နေသောသူမကိုရွှတ်နောက်နောက်နှင့်လာပြောနေသောချစ်ရသူကြောင့်ခပ်ရဲ့ရဲ့ရယ်မိသည်။

"အပြင်ကိုဘာလို့အဲ့သည်လောက်ထိကြည့်နေရတာတုန်း"

"ဟိုမယ်လေ ကလေး‌တွေပျော်နေကြတာမြင်ရတာကြည်နူးစရာလေး သိရဲ့လား"

"ဘာလဲ ရှင်လေးကရောအဲ့လိုမျိုး ပျော်ချင်သေးလို့လား"

"အမလေး အသက်တွေလည်းရလာပါပြီ အပျော်အပါးကိုမမက်မောတော့ပါဘူးနွယ်ရယ်"

"အသက်အရွယ်ရတယ်...ဘယ်မလဲပြစမ်းပါဦး"

"..."

"အို...အဲ့သည်လောက်ထိလှပနေဆဲကိုအသက်အရွယ်ရလာပြီတဲ့လားရှင်လေးရယ်"

သို့ပေမဲ့ အမှန်တစ်ကယ်တွင်လည်းသူမတို့နှစ်ဦး၏အသက်အရွယ်မှာလူ့ဘဝသက်တမ်း၏ထက်ဝက်နီးပါးသို့ရောက်ရှိရန်လက်တစ်ကမ်းအလိုတွင်မဟုတ်ပါလား။အမျိုးသမီးနှစ်ဦး၏ချစ်ခြင်းမေတ္တာများသည်ဆယ်စုနှစ်တစ်ခုတိုင်အောင်တည်မြဲနေသည်မှာအံ့ဩစရာဟုလူအများကသတ်မှတ်ကြမည်လား။

"ခင်အတွေးတစ်ခုဝင်မိတယ်သိလား"

"..."

"ခင်တို့ချစ်ကြိုက်ကာစအချိန်ကာလမှာလူအများကနားမလည်ပေးနိုင်ကြတာကိုခင်လက်ခံနိုင်ပေမဲ့..."

"အခုလိုတိုးတက်နေတဲ့ခေတ်ကြီးမှာတောင် LGBTQ+ ဆိုတဲ့အသိုင်းအဝိုင်းကြီးကိုရွံစရာ၊မသတီစရာ၊လူ့အသိုင်းအဝိုင်းကိုအရှက်ရအောင်လုပ်ဆောင်သူတွေလို့သတ်မှတ်ကြတာကိုဆိုလိုချင်တာလားခင်"

"ဒါပေါ့နွယ်ရယ် လူတွေဟာအသိဥာဏ်တရားခေါင်းပါးတာမဟုတ်ပါဘဲ ကောင်းမွန်မှန်ကန်တဲ့အသိဉာဏ်တရားတွေကိုဖယ်ကျဉ်ထားတယ်လို့ဆိုရင်အပြစ်ပြောခံရဦးမလားလေ"

ပန်းပန်လျက်(Complete)Where stories live. Discover now