အပိုင်း(၁၁)

2.8K 248 2
                                    

"ကဲ ကောင်မလေးတွေနေမြင့်နေပြီကားပေါ်တက်ကြတော့"

"လာပြီ လာပြီ"

သူ့ရဲ့အမအရွယ်လောက်ရှိတဲ့လူတွေကိုကောင်‌မလေးတွေတဲ့လား။ယဉ်ကျေးမှုမရှိလိုက်ပုံများ။

"ခင် ဒီနားလာဦး"

"ပြောလေ အစော"

"အဲ့လူခွစာကောင်က အစောတို့ထက်ငယ်တယ်မဟုတ်လား"

"ငယ်တယ်လေအစောရဲ့ ဘာလို့လဲ"

"ခင် မကြားလိုက်ဘူးလား"

"ဟင် ဘာကိုလဲ"

"စောနက အစောတို့ကသူကကောင်မလေးတွေလို့ခေါ်လိုက်တာကိုလေ"

"အော်...ဘာများလဲလို့ အစောရယ်"

"ခင်နော်.."

"ဟုတ်ပါပြီရှင် မပြောတော့ပါဘူး"

"..."

"လာ လာနေမြင့်နေပြီ ကားပေါ်တက်ကြမယ်"

ကားပေါ်သို့ရောက်သောအခါ...

"ကဲ မမခင်ဘယ်သွားကြဦးမလဲ"

"မင်းကွန်းကြီးငါးကြီးကအခုသွားရင်မှီနိုင်ဦးမလား"

"မမှီလောက်တော့ဘူး အပြန်နောက်ကျလိမ့်မယ် မမတို့ကအကြာကြီးလုပ်နေတာကိုးဗျ"

"အဲ့တာဆိုလည်း မ‌နက်ဖြန်မှသွားကြပေါ့နော့်"

"အင်း နွယ်လည်းပင်ပန်းနေပြီ"

"ဟုတ်လား နွယ်ကလည်းအစကတည်းကမပြောဘူး"

"အဟင်းး နည်းနည်းလေးပင်ပန်းရုံပါပဲခင်ရယ်"

ပန်းခက်နွယ်ဆိုတဲ့သူမကိုကျွန်မဘယ်လိုအကြောင်းကြောင့်ချစ်ခဲ့မိမှန်းမသိဘူး။ဒါပေမဲ့ယောကျ်ားချင်းချစ်ကြိုက်တဲ့သူ မိန်းမချင်းချစ်ကြိုက်တဲ့သူတွေဟာ ကမ္ဘာဦးကာလ လူ့သက်တမ်းငါးရာရှည်စဥ်တုန်းက တည်းကစတင်ပေါ်ပေါက်ခဲ့တယ်လို့ဘုရားရှင်က ပါထိကဝဂ်ဂပါဠိတော် အဂ်ဂညသုတ်မှာ
ဟောကြားခဲ့တယ်။အဲ့တာကြောင့် မိန်းကလေးတစ်ယောက်ကမိန်းကလေးတစ်ယောက်ကိုသဘောကျပိုင်ခွင့်မရှိဘူးဆိုတဲ့စကားကိုကျွန်မငြင်းပယ်တယ်။

သို့ပေမဲ့လည်း...

"ငါတစ်ချိန်ချိန်မှာယော်ကျားတစ်ယောက်ကိုလည်းချစ်မိသွားနိုင်တာပဲ"‌ဆိုသောစကားကိုတိုးတိုးတိတ်တိတ်ရေရွတ်မိသည်။

ပန်းပန်လျက်(Complete)Where stories live. Discover now