အပိုင်း(၁၃)

2.7K 251 7
                                    

ထမင်းစားခန်းထဲသို့ရောက်သောအခါ...

"မေမေ ဘာဟင်းချက်လဲ"

"ပုစွန်ဆီပြန်လေးနဲ့ဗူးသီးဟင်းခါးလေးချက်ပါသတဲ့ရှင်"

"ငါးပိရည်တို့စရာမပါဘူးလားဟင်"

"အမလေး ပါတာပေါ့ရှင် ရုံးပတေသီးနဲ့တို့စရာအစုံလည်းပါပါသတဲ့ရှင်"

"ဒါနဲ့ မောင်ငယ်ရောမလာဘူးလား မေမေ"

"ဟုတ်သား မေမေလည်းသားငယ်လေးကိုဒီနေ့အရိပ်တောင်မတွေ့မိဘူးရော်"

"ဟုတ်လား"

မောင်ငယ်မလာဘူးဆို၍တစ်စက္ကန့်မျှမျက်နှာပျက်သွားသောအစောရဲ့မျက်နှာလေးကိုတစ်စွန်းတစ်စမြင်လိုက်ပါရဲ့လေ။

သူမသည်လည်းချစ်နေသည်ကိုမချစ်ပါဘူးဟုလိမ်ညာသောစကားကိုဆို၍မုသာဝါဒကံကိုကျူးလွန်လေသည်။

"အစော လာထိုင်တော့လေ"

"အော် အင်း အင်း"

အချစ်ရဲ့ဆန့်ကျင်ဘက်အရပ်မှာရပ်နေရတာပင်ပန်းလှချည်ရဲ့။သည်လိုဆိုတော့လည်း အချစ်တစ်ခုမှာအလိုအပ်ဆုံး‌အရာကသတ္တိလို့ထင်မိပြန်ရော။
~~~~~~~~~~~~~~~~~~~~~
"မေမေ နွယ့်ကိုတွေ့မိသေးလားဟင်"

"ခြံထဲမှာရှိမယ်ထင်တယ် သမီးငယ်"

"ဟုတ်ကဲ့ မေမေ အဲ့တာဆိုသမီးခြံထဲခဏဆင်းလိုက်ဦးမယ်နော်"

"အေး အေး"

ခင်တို့သားအမိနှစ်ယောက်နေထိုင်သောခြံလေးဟာပန်းပင်များစွာဖူးပွင့်နေသောကြောင့်စိတ်ကြည်နူးဖွယ်အတိဖြစ်‌နေလေသည်။ယခုလည်း ခြံထဲတွင်ပန်းပင်ရေလောင်းနေဟန်ရှိသော ပန်းခက်နွယ် ဟူသာမိန်းမငယ်လေးအားရှာပုံတော်ဖွင့်ရပါ‌ဦးမည်။

ဟော...တွေ့ပါပြီ ခန့်မှန်းမိသည့်အတိုင်းပင်သူမနှင့်အသွင်တူညီသောပန်းပင်လေးများအားရေလောင်းပေါင်းသင်နေသောကျွန်မရဲ့မြတ်နိုးဖွယ်ရာအမျိုးသမီးငယ်ပါလေ။

"ဟိတ် နွယ်"

"အမလေး လန့်လိုက်တာခင်ရယ်"

"မလန့်ပါနဲ့ နွယ်ရယ်"

"ရေတွေစိုသွားသလားခင်"

"နည်းနည်းလေးပါ နွယ်ရယ် ဘာမှမဖြစ်ပါဘူး"

ပန်းပန်လျက်(Complete)Where stories live. Discover now